ထိုင္းႏိုင္ငံ လိပ္ကြ်န္းလူသတ္မႈမွ ေသဒဏ္ခ်မွတ္ခံထားရသည့္ ဝင္းႏွင့္ေဇာ္၏ ေနာက္ဆံုးအယူခံကို ၾသဂုတ္လ(၂၉)ရက္ေန႔တြင္ အမိန္႔ခ်မည္

ထိုင္းႏိုင္ငံ လိပ္ကြ်န္းလူသတ္မႈမွ ေသဒဏ္ခ်မွတ္ခံထားရသည့္ ဝင္းႏွင့္ေဇာ္၏ ေနာက္ဆံုးအယူခံကို ၾသဂုတ္လ(၂၉)ရက္ေန႔တြင္ အမိန္႔ခ်မည္
သြဂုတ် 28, 2019
By Tachileik News Agency
ထုိင္းႏိုင္ငံ၊ လိပ္ကြၽန္း(ခိုေတာင္ကၽြန္း) လူသတ္မႈျဖင့္ ေသဒဏ္ခ်မွတ္ခံထားရသည့္ ျမန္မာႏုိင္ငံသား ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းတုိ႔၏ ေနာက္ဆံုးအယူခံကို ထိုင္းႏိုင္ငံ တရားလႊတ္ေတာ္ခ်ဳပ္က ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၉)ရက္ေန႔ ထုိင္းစံေတာ္ခ်ိန္ နံနက္ (၁၀)နာရီတြင္ အမိန္႔ခ်မွတ္မည္ျဖစ္ေၾကာင္း သိရသည္။

တရားစီရင္မႈ၏ ေနာက္ဆံုးအဆင့္ျဖစ္သည့္ အယူခံကို ႏြန္ထဘူရီခ႐ိုင္တရားရံုးက အမိန္႔ဖတ္ၾကားမည္ျဖစ္ၿပီး ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းတုိ႔အေနျဖင့္ ဘာသာျပန္ျဖင့္ နားေထာင္ရမည္ျဖစ္ေၾကာင္း ၎တို႔၏ေ႐ွ႕ေနျဖစ္သည့္ ထိုင္းေ႐ွ႕ေနမ်ားေကာင္စီဝင္ေ႐ွ႕ေနက MWRN သုိ႔ ေျပာၾကားလာေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံေတာင္ပိုင္း ဆူရတ္ဌာနီခရိုင္အတြင္းရိွ ခိုေတာင္ကၽြန္း (လိပ္ကၽြန္း)တြင္ ၂၀၁၄ ခုႏွစ္ကုန္ပိုင္းက ၿဗိတိန္ႏိုင္ငံသား (၂) ဦး အသတ္ခံရမႈႏွင့္ ပတ္သက္ၿပီး ျမန္မာႏုိင္ငံသားႏွစ္ဦးျဖစ္သည့္ ေဇာ္လင္းႏွင့္ ဝင္းေဇာ္ထြန္းတို႔အား ေကာ္စမြီခ႐ုိင္တရား႐ုံးက ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာလ (၂၄) ရက္ေန႔တြင္ ေသဒဏ္ စီရင္ခ်က္ခ်ခဲ့ျခင္းခံရသျဖင့္ ထိုင္းေရွ႕ေနမ်ား ပူးေပါင္း၍ ထိုင္းအယူခံ တရားရံုးတြင္ ႏွစ္ႀကိမ္တိုင္တိုင္ အယူခံတင္ခဲ့ၿပီးျဖစ္သည္။

ဝင္းႏွင့္ေဇာ္အား ခ်မွတ္သည့္ျပစ္ဒဏ္ႏွင့္ပတ္သက္၍ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ (၂၁) ရက္ေန႔တြင္ ေကာ့စေမြ တရားရံုးမွ တစ္ဆင့္ အဆင့္ျမင့္ထုိင္းအယူခံတရားရံုးသို႔ ေနာက္ဆံုးအယူခံတင္ခဲ့ၿပီးေနာက္ ၂၀၁၈ ခုႏွစ္၊ မတ္လ (၂၃) ရက္ေန႔က ထိုင္းအဆင့္ျမင့္တရားရံုးသို႔ အယူခံ ခုခံေလွ်ာက္လဲခ်က္ တင္သြင္းထားခဲ့ကာ ထိုင္းအဆင့္ျမင့္တရားရံုးမွ အၿပီးသတ္အမိန္႔ခ်မွတ္ရန္ ေစာင့္ဆုိင္းေနၾကျခင္းျဖစ္သည္။

ဝင္းႏွင့္ေဇာ္က လူသတ္မွဳႏွင့္ ပတ္သက္၍ ဝန္ခံသည္ဟု ထိုင္းရဲအရာရွိမ်ားက အခင္းျဖစ္ပြားၿပီးေနာက္ ထုတ္ျပန္ေၾကညာခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ထိုင္းရဲမ်ား၏ ႏွိပ္စက္ဝန္ခံခိုင္းျခင္းေၾကာင့္ ဝန္ခံခဲ့ရၿပီး လူသတ္မွဳကို မက်ဴးလြန္ေၾကာင္း ထြက္ဆိုထားျခင္းျဖစ္သည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ၊ လိပ်ကျွန်း(ခိုတောင်ကျွန်း) လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ နောက်ဆုံးအယူခံကို ထိုင်းနိုင်ငံ တရားလွှတ်တော်ချုပ်က ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့ ထိုင်းစံတော်ချိန် နံနက် (၁၀)နာရီတွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

တရားစီရင်မှု၏ နောက်ဆုံးအဆင့်ဖြစ်သည့် အယူခံကို နွန်ထဘူရီခရိုင်တရားရုံးက အမိန့်ဖတ်ကြားမည်ဖြစ်ပြီး ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အနဖြေင့် ဘာသာပြန်ဖြင့် နားထောင်ရမည်ဖြစ်ကြောင်း၎င်းတို့၏ရှေ့နဖြေစ်သည့် ထိုင်းရှေ့နေများကောင်စီဝင်ရှေ့နေက MWRN သို့ ပြောကြားလာကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်အတွင်းရှိ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ၂၀၁၄ ခုနှစ်ကုန်ပိုင်းက ဗြိတိန်နိုင်ငံသား (၂) ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား ကော်စမွီခရိုင်တရားရုံးက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် သေဒဏ် စီရင်ချက်ချခဲ့ခြင်းခံရသဖြင့် ထိုင်းရှေ့နေများ ပူးပေါင်း၍ ထိုင်းအယူခံ တရားရုံးတွင် နှစ်ကြိမ်တိုင်တိုင် အယူခံတင်ခဲ့ပြီးဖြစ်သည်။

ဝင်းနှင့်ဇော်အား ချမှတ်သည့်ပြစ်ဒဏ်နှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့တွင် ကော့စမွေ တရားရုံးမှ တစ်ဆင့် အဆင့်မြင့်ထိုင်းအယူခံတရားရုံးသို့ နောက်ဆုံးအယူခံတင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့က ထိုင်းအဆင့်မြင့်တရားရုံးသို့ အယူခံ ခုခံလျှောက်လဲချက် တင်သွင်းထားခဲ့ကာ ထိုင်းအဆင့်မြင့်တရားရုံးမှ အပြီးသတ်အမိန့်ချမှတ်ရန် စောင့်ဆိုင်းနကြခြေင်းဖြစ်သည်။

ဝင်းနှင့်ဇော်က လူသတ်မှုနှင့် ပတ်သက်၍ ဝန်ခံသည်ဟု ထိုင်းရဲအရာရှိများက အခင်းဖြစ်ပွားပြီးနောက် ထုတ်ပြန်ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် ထိုင်းရဲများ၏ နှိပ်စက်ဝန်ခံခိုင်းခြင်းကြောင့် ဝန်ခံခဲ့ရပြီး လူသတ်မှုကို မကျူးလွန်ကြောင်း ထွက်ဆိုထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net