လက္ရိွတြင္ မူးယစ္ေဆးဝါးႏွင့္ပတ္သက္သည့္ ေငြေၾကးဆက္စပ္သူဟု သံသယရိွသူ (၄)ဦးကို ထိန္းသိမ္းထားၿပီျဖစ္ေၾကာင္း သိရၿပီး ယင္းတို႔အထဲတြင္ ေဒသတြင္းမွ ႏုိင္ငံေရးသမားတစ္ဦးလည္းပါဝင္သည္ဟု ရဲတပ္ဖြဲ႕က ဆိုသည္။
အဆိုပါ ႏုိင္ငံေရးသမားက ယခင္ကလည္း မူးယစ္ေဆးသယ္ေဆာင္သူမ်ားအတြက္ ေငြေၾကးစီစဥ္ေပးသည့္ အေထာက္အထားကို မူးယစ္တပ္ဖြဲ႕က ရရိွထားသျဖင့္ ထပ္မံစစ္ေဆးေနၿပီး မူးယစ္ေဆးႏွင့္ဆက္ႏႊယ္သူမ်ား၏ ပိုင္ဆုိင္မႈမ်ားကို ထိန္းသိမ္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ မူးယစ္ေဆးမ်ားကို ျမန္မာႏုိင္ငံ၊ တာခ်ီလိတ္မွေန၍ ထုိင္းႏုိင္ငံ ခ်င္းရိုင္းခရိုင္သို႔ သယ္ေဆာင္လာကာ ဆုန္ခလရိွ ဝယ္လက္မ်ားထံ ဘန္ေကာက္မွတစ္ဆင့္ပို႔ေဆာင္ရန္ႀကိဳးစားစဥ္ ဖမ္းမိခဲ့ျခင္းျဖစ္ၿပီး အဆိုပါ မူးယစ္ေဆးမ်ားအား သယ္ေဆာင္လာသူ (၃)ဦးကို သယ္ေဆာင္လာသည့္ အုိက္စ္မ်ားႏွင့္အတူ ဖမ္းမိျခင္းျဖစ္ၿပီး မူးယစ္ေဆးမ်ား လက္လႊဲလက္ခံယူရန္ ေစာင့္ဆိုင္းေနသူ (၂)ဦး စုစုေပါင္း (၅)ဦးကိုလည္း ဖမ္းမိထားခဲ့ျခင္းျဖစ္သည္။
Tachileik News Agency
Ref: Bangkok Post
****************
ဘန်ကောက်တွင် မကြာမီက ဖမ်းဆီးရမိထားသည့် တာချီလိတ်မှသယ်ဆောင်လာသည့် အိုက်စ် (၄၅၉) ကီလိုဂရမ်အမှုနှင့် ငွေကြေးဆက်စပ်သူများကို ရဲတပ်ဖွဲ့က စုံစမ်းဖေါ်ထုတ်နေကြောင်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့တွင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
လက်ရှိတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ငွေကြေးဆက်စပ်သူဟု သံသယရှိသူ (၄)ဦးကို ထိန်းသိမ်းထားပြီဖြစ်ကြောင်း သိရပြီး ယင်းတို့အထဲတွင် ဒေသတွင်းမှ နိုင်ငံရေးသမားတစ်ဦးလည်းပါဝင်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
အဆိုပါ နိုင်ငံရေးသမားက ယခင်ကလည်း မူးယစ်ဆေးသယ်ဆောင်သူများအတွက် ငွေကြေးစီစဉ်ပေးသည့် အထောက်အထားကို မူးယစ်တပ်ဖွဲ့က ရရှိထားသဖြင့် ထပ်မံစစ်ဆေးနေပြီး မူးယစ်ဆေးနှင့်ဆက်နွှယ်သူများ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးများကို မြန်မာနိုင်ငံ၊ တာချီလိတ်မှနေ၍ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်သို့ သယ်ဆောင်လာကာ ဆုန်ခလရှိ ဝယ်လက်များထံ ဘန်ကောက်မှတစ်ဆင့်ပို့ဆောင်ရန်ကြိုးစားစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အဆိုပါ မူးယစ်ဆေးများအား သယ်ဆောင်လာသူ (၃)ဦးကို သယ်ဆောင်လာသည့် အိုက်စ်များနှင့်အတူ ဖမ်းမိခြင်းဖြစ်ပြီး မူးယစ်ဆေးများ လက်လွှဲလက်ခံယူရန် စောင့်ဆိုင်းနေသူ (၂)ဦး စုစုပေါင်း (၅)ဦးကိုလည်း ဖမ်းမိထားခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
Ref: Bangkok Post