ကယားျပည္နယ္၊ လြိုင္ေကာ္ၿမိဳ႕၊ ေက်ာက္တိုင္ကြင္းတြင္ က်င္းပျပဳလုပ္သည့္ (၇၂) ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနား အၿပီး ကႏၵာေဟဝန္ပန္းၿခံအတြင္းရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ သို႔ ကယားျပည္နယ္ ၀န္ႀကီးခ်ဳပ္ ႏွင့္ ျပည္နယ္လႊတ္ေတာ္ ဥကၠဌတို႔ လာေရာက္ကာ အာဇာနည္ေန႔ အထိမ္းအမွတ္အျဖစ္ လြမ္းသူ႔ပန္းေခြခ် ဂါရ၀ျပဳေၾကာင္း သိရသည္။
ပုံမွန္အားျဖင့္ ကႏၵာေဟဝန္ပန္းျခံအား ဖြင့္လွစ္ထားျခင္းမ႐ွိဘဲ သံဆူးႀကိဳးအကာအရံမ်ားျဖင့္ ပိတ္ထားျခင္းျဖစ္ေသာ္လည္း (၇၂)ႏွစ္ေျမာက္ အာဇာနည္ေန႔ အထိမ္းအမွတ္အျဖစ္ ၎ပန္းျခံ႐ွိ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္အား ဇူလိုင္လ (၁၉)ရက္ေန႔ ေန႔လည္ပိုင္းအထိ ဖြင့္လွစ္ေပးထားၿပီး ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရိႈ ႏွင့္ ျပည္နယ္၀န္ႀကီးမ်ား၊ ကယားျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးလွေထြး တို႔မွ လာေရာက္ကာ လြမ္းသူ႔ပန္းေခြခ်ကာ ဂါရဝ ျပဳခဲ့ၾကၿပီးေနာက္ တကၠသိုလ္မွ ေက်ာင္းသားေက်ာင္းသူမ်ားပါ လာေရာက္ဂါဝရျပဳခဲ့ၾကေၾကာင္း သိရသည္။
(၇၂)ႏွစ္ေျမာက္ အာဇာနည္ ေန႔အခမ္းအနားအား ေက်ာက္တိုင္ကြင္းတြင္လည္း ကယားျပည္နယ္အစိုးရအဖြဲ႔မွ ဦးေဆာင္ကာ ႏိုင္ငံေတာ္အလံအား အေလးျပဳျခင္း၊ က်ဆံုးသြားခဲ့ေသာ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားအား အေလး ျပဳျခင္း၊ အာဇာနည္ေခါင္ေဆာင္မ်ား က်ဆုံးခဲ့ေသာ နံနက္ (၁၀)နာရီ (၃၇)မိနစ္အခ်ိန္တြင္ ဥၾသ ဆြဲ၍ (၂)မိနစ္ ျငိမ္သက္ျခင္း ႏွင့္ ျပည္နယ္အစိုးရအဖြဲ႔ႏွင့္ သက္ဆိုင္ရာ တတ္ေရာက္လာေသာ အဖြဲ႔အစည္းမ်ားမွ လြမ္းသူ႕ပန္းေခြခ် ဂါရဝျပဳျခင္းမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း
ပုံမှန်အားဖြင့် ကန္ဒါဟေဝန်ပန်းခြံအား ဖွင့်လှစ်ထားခြင်းမရှိဘဲ သံဆူးကြိုးအကာအရံများဖြင့် ပိတ်ထားခြင်းဖြစ်သော်လည်း (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်၎င်းပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်အား ဇူလိုင်လ (၁၉)ရက်နေ့ နေ့လည်ပိုင်းအထိ ဖွင့်လှစ်ပေးထားပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို နှင့် ပြည်နယ်ဝန်ကြီးများ၊ ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေး တို့မှ လာရောက်ကာ လွမ်းသူ့ပန်းခွေချကာ ဂါရဝ ပြုခဲ့ကြပြီးနောက် တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများပါ လာရောက်ဂါဝရပြုခဲ့ကြကြောင်း သိရသည်။
(၇၂)နှစ်မြောက် အာဇာနည် နေ့အခမ်းအနားအား ကျောက်တိုင်ကွင်းတွင်လည်း ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကာ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးသွားခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေး ပြုခြင်း၊ အာဇာနည်ခေါင်ဆောင်များ ကျဆုံးခဲ့သော နံနက် (၁၀)နာရီ (၃၇)မိနစ်အချိန်တွင် ဥသြ ဆွဲ၍ (၂)မိနစ် ငြိမ်သက်ခြင်း နှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တတ်ရောက်လာသော အဖွဲ့အစည်းများမှ လွမ်းသူ့ပန်းခွေချ ဂါရဝပြုခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း