အေမရိကန္ျပည္ဝင္ခြင့္ဗီဇာေလွ်ာက္ထားသူမ်ား လူမႈကြန္ယက္အသံုးျပဳေနသည့္အမည္မ်ားကိုပါ တင္ျပရမည္

အေမရိကန္ျပည္ဝင္ခြင့္ဗီဇာေလွ်ာက္ထားသူမ်ား လူမႈကြန္ယက္အသံုးျပဳေနသည့္အမည္မ်ားကိုပါ တင္ျပရမည္
ဇွန် 2, 2019
By 🌸
အေမရိကန္ျပည္ဝင္ခြင့္ေလွ်ာက္ထားသူမ်ားအေနျဖင့္ (၅)ႏွစ္အတြင္း မိမိတုိ႔အသံုးျပဳသည့္ လူမႈကြန္ယက္မ်ားအားလံုးတြင္ အသံုးျပဳေနသည့္အမည္မ်ား၊ အီးေမးလိပ္စာမ်ားႏွင့္ ဖုန္းနံပါတ္မ်ားကိုပါ တင္ျပရေတာ့မည္ျဖစ္သည္။

လူမႈကြန္ယက္မ်ားျဖစ္သည့္ Facebook၊ Twitter၊ Instagram၊ YouTubeႏွင့္ အျခားလူမႈကြန္ယက္မ်ားအားလံုး၏ အသံုးျပဳသူအမည္မ်ားကို တင္ျပရမည္ျဖစ္ေၾကာငး္ သိရသည္။
အေမရိကန္ဗီဇာေလွ်ာက္ထားျခင္းႏွင့္ပတ္သက္၍ သမၼတေဒၚနယ္ထရမ့္၏ ၂၀၁၇ ခုႏွစ္ကတည္းက စတင္ခဲ့သည့္ ေျပာင္းလဲမႈမ်ားမွ လူမႈကြန္ယက္စာမ်က္ႏွာအေကာင့္ကိုပါ ပူးတြဲတင္ျပရန္ ၂၀၁၈ ခုႏွစ္က ေၾကျငာခဲ့ျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ဇြန္လတြင္ စတင္သက္ဝင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအေျပာင္းအလဲမွာ အေမရိကန္ျပည္ေထာင္စုသို႔ ႏွစ္စဥ္လာေရာက္ေနသည့္ ခရီးသြား (၁၅)သန္းဝန္းက်င္ကို သက္ေရာက္ေစမည္ျဖစ္သည္။

ႏိုင္ငံေတာ္လံုၿခံဳေရးအတြက္ တင္းက်ပ္လုိက္သည့္အတြက္ ျပည္ဝင္ခြင့္၊ ေနထို္င္ခြင့္ေလွ်ာက္ထားသူမ်ားအားလံုးသည္ ခရီးသြားလာမႈမွတ္တမ္း၊ မိသားစုအခ်က္အလက္မ်ားႏွင့္ ယခင္ေနထုိင္ခဲ့သည့္ လိပ္စာမ်ားပါ တင္ျပရန္လိုအပ္လာေၾကာင္း သိရသည္။

ယင္းကဲ့သို႔ တင္းက်ပ္လိုက္သည့္စစ္ေဆးမႈမ်ားေၾကာင့္ ပုဂၢိဳလ္ေရးဆုိင္ရာအခ်က္အလက္မ်ား စုေဆာင္းျခင္းႏွင့္ ခြဲျခားဆက္ဆံသည့္အေျခအေနမ်ားျဖစ္လာဖြယ္ရိွႏုိင္သည္ဟု အေမရိကန္ႏိုင္ငံသားမ်ားလြတ္လပ္ေရးသမဂၢက ေဝဖန္ထားသည္။

Tachileik News Agency
Ref: Independent

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အမေရိကန်ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသူများ လူမှုကွန်ယက်အသုံးပြုနေသည့်အမည်များကိုပါ တင်ပြရမည်
****************
အမေရိကန်ပြည်ဝင်ခွင့်လျှောက်ထားသူများအနေဖြင့် (၅)နှစ်အတွင်း မိမိတို့အသုံးပြုသည့် လူမှုကွန်ယက်များအားလုံးတွင် အသုံးပြုနေသည့်အမည်များ၊ အီးမေးလိပ်စာများနှင့် ဖုန်းနံပါတ်များကိုပါ တင်ပြရတော့မည်ဖြစ်သည်။

လူမှုကွန်ယက်များဖြစ်သည့် Facebook၊ Twitter၊ Instagram၊ YouTubeနှင့် အခြားလူမှုကွန်ယက်များအားလုံး၏ အသုံးပြုသူအမည်များကို တင်ပြရမည်ဖြစ်ကြောငး် သိရသည်။
အမေရိကန်ဗီဇာလျှောက်ထားခြင်းနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရမ့်၏ ၂၀၁၇ ခုနှစ်ကတည်းက စတင်ခဲ့သည့် ပြောင်းလဲမှုများမှ လူမှုကွန်ယက်စာမျက်နှာအကောင့်ကိုပါ ပူးတွဲတင်ပြရန် ၂၀၁၈ ခုနှစ်က ကြေငြာခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင် စတင်သက်ဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအပြောင်းအလဲမှာ အမေရိကန်ပြည်ထောင်စုသို့ နှစ်စဉ်လာရောက်နေသည့် ခရီးသွား (၁၅)သန်းဝန်းကျင်ကို သက်ရောက်စေမည်ဖြစ်သည်။

နိုင်ငံတော်လုံခြုံရေးအတွက် တင်းကျပ်လိုက်သည့်အတွက် ပြည်ဝင်ခွင့်၊ နေထို်င်ခွင့်လျှောက်ထားသူများအားလုံးသည် ခရီးသွားလာမှုမှတ်တမ်း၊ မိသားစုအချက်အလက်များနှင့် ယခင်နေထိုင်ခဲ့သည့် လိပ်စာများပါ တင်ပြရန်လိုအပ်လာကြောင်း သိရသည်။

ယင်းကဲ့သို့ တင်းကျပ်လိုက်သည့်စစ်ဆေးမှုများကြောင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ စုဆောင်းခြင်းနှင့် ခွဲခြားဆက်ဆံသည့်အခြေအနေများဖြစ်လာဖွယ်ရှိနိုင်သည်ဟု အမေရိကန်နိုင်ငံသားများလွတ်လပ်ရေးသမဂ္ဂက ဝေဖန်ထားသည်။

Tachileik News Agency
Ref: Independent

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net