ကေမၻာဒီးယားႏွင့္ ထုိင္းႏွစ္ႏုိင္ငံ နယ္စပ္ျဖတ္ေက်ာ္ရထားခရီးစဥ္ ဇူလိုင္လဆန္းတြင္ စတင္ေျပးဆြဲေတာ့မည္

ကေမၻာဒီးယားႏွင့္ ထုိင္းႏွစ္ႏုိင္ငံ နယ္စပ္ျဖတ္ေက်ာ္ရထားခရီးစဥ္ ဇူလိုင္လဆန္းတြင္ စတင္ေျပးဆြဲေတာ့မည္
ဇွန် 26, 2019
By 🌸
ကေမၻာဒီးယားနုိင္ငံ၏ ျပည္တြင္းစစ္ေၾကာင့္ (၄၅)ႏွစ္ၾကာ ရပ္ဆုိင္းထားခဲ့ရသည့္ ကေမၻာဒီးယား - ထုိင္း ႏွစ္ႏုိင္ငံနယ္စပ္ျဖတ္ေက်ာ္ ရထားခရီးစဥ္ကို ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၁)ရက္ေန႔တြင္ စတင္ေျပးဆြဲမည္ျဖစ္ေၾကာင္း သိရသည္။

ဘန္ေကာက္ႏွင့္ ဘန္ခေလာင္းလခ္ၾကားေျပးဆြဲမည့္ ရထားခရီးစဥ္ကို ေန႔စဥ္ ခရီးစဥ္ေလးေၾကာင္း ေျပးဆြဲေပးသြားမည္ျဖစ္ၿပီး ႏွစ္ႏုိင္ငံျဖတ္ေက်ာ္လည္ပတ္ၾကမည့္ ႏွစ္ႏုိင္ငံမွ ေဒသခံမ်ားအျပင္ ႏုိင္ငံျခားသားမ်ားလည္း ျဖတ္သန္းသြားလာႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

ရထားခရီးစဥ္ တစ္ေၾကာင္းလွ်င္ (၄၉)ဘတ္က်သင့္မည္ျဖစ္ေၾကာင္း သိရၿပီး  ဘန္ေကာက္မွ အေစာဆံုးထြက္ခြာမည့္ရထားမွာ နံနက္ (၅)နာရီ (၅၅)မိနစ္တြင္ ထြက္ခြာမည္ျဖစ္ၿပီး ဘန္ခေလာင္းလခ္သို႔ ေန႔လယ္ (၁၁)နာရီ (၁၇)မိနစ္တြင္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

ကေမၻာဒီးယားဘက္မွ အေစာဆံုးထြက္ခြာမည့္ရထားမွာ နံနက္ (၆)နာရီ (၅၈)မိနစ္တြင္ စတင္ထြက္ခြာမည္ျဖစ္ၿပီး ရထားလက္မွတ္မ်ားကို အြန္လုိင္းမွလည္း ေရာင္းခ်ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏိုင္ငံသည္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၁၈)ရက္ေန႔ကလည္း မေလးရွားနယ္စပ္ဂိတ္မွ ကုန္စည္မ်ား၊ကြန္တိန္နာသယ္ယာဥ္မ်ား (၂၄)နာရီ ျဖတ္သန္းသြားလာခြင့္ျပဳထားၿပီး အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သည့္ ျမန္မာ၊ ကေမၻာဒီးယား၊ လာအိုႏွင့္ ဗီယက္နမ္ႏုိင္ငံမ်ားသို႔ နယ္စပ္ျဖတ္ေက်ာ္ခရီးစဥ္မ်ား ေဖၚေဆာင္ႏုိင္ေရးအတြက္ ထုိင္းပို႔ေဆာင္ေရးဝန္ႀကီးဌာနက တုိက္တြန္းထားေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကမ္ဘောဒီးယားနှင့် ထိုင်းနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ရထားခရီးစဉ် ဇူလိုင်လဆန်းတွင် စတင်ပြေးဆွဲတော့မည်
******************
ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် (၄၅)နှစ်ကြာ ရပ်ဆိုင်းထားခဲ့ရသည့် ကမ္ဘောဒီးယား - ထိုင်း နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ရထားခရီးစဉ်ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ဘန်ကောက်နှင့် ဘန်ခလောင်းလခ်ကြားပြေးဆွဲမည့် ရထားခရီးစဉ်ကို နေ့စဉ် ခရီးစဉ်လေးကြောင်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး နှစ်နိုင်ငံဖြတ်ကျော်လည်ပတ်ကြမည့် နှစ်နိုင်ငံမှ ဒေသခံများအပြင် နိုင်ငံခြားသားများလည်း ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရထားခရီးစဉ် တစ်ကြောင်းလျှင် (၄၉)ဘတ်ကျသင့်မည်ဖြစ်ကြောင်း သိရပြီး  ဘန်ကောက်မှ အစောဆုံးထွက်ခွာမည့်ရထားမှာ နံနက် (၅)နာရီ (၅၅)မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး ဘန်ခလောင်းလခ်သို့ နေ့လယ် (၁၁)နာရီ (၁၇)မိနစ်တွင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားဘက်မှ အစောဆုံးထွက်ခွာမည့်ရထားမှာ နံနက် (၆)နာရီ (၅၈)မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ရထားလက်မှတ်များကို အွန်လိုင်းမှလည်း ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့ကလည်း မလေးရှားနယ်စပ်ဂိတ်မှ ကုန်စည်များ၊ကွန်တိန်နာသယ်ယာဉ်များ (၂၄)နာရီ ဖြတ်သန်းသွားလာခွင့်ပြုထားပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများသို့ နယ်စပ်ဖြတ်ကျော်ခရီးစဉ်များ ဖေါ်ဆောင်နိုင်ရေးအတွက် ထိုင်းပို့ဆောင်ရေးဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net