
ဇှနျ 1, 2019
By 🌸



Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံမှ TESCO LOTUS က တစ်ခါသုံး ဖော့ဗူးများအသုံးပြုမှုကို ဇူလိုင် (၁)ရက်မှစ၍ ရပ်ဆိုင်းမည်
**************
ထိုင်းနိုင်ငံတွင် နေရာပေါင်းများစွာဖွင့်လှစ်ထားသည့် TESCO LOTUS က အစားအသောက်ထည့်သည့် ဖော့ဗူးများအသုံးပြုခြင်းကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှစ၍ လုံးဝရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သိရသည်။

တစ်ခါသုံးပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲနိုင်မှုမရှိခြင်းအပါအဝင် စွန့်ပစ်ပစ္စည်းများကြောင့် အခက်အခဲဖြစ်နေရမှုကို ဖြေရှင်းနိုင်ရန်အတွက် ပူးပေါင်းပါဝင်ခြင်းဖြစ်ကြောင်း TESCO LOTUS လုပ်ငန်းရေးရာဒါရိုက်တာ ဆလင်လာဆီရတ်ဖန်းက ပြောကြားသည်။

ဖော့ဘူး၊ ဖော့ခွက်များသည် polystyrene ဓါတုပစ္စည်းဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး စွန့်ပစ်ပြီးနောက် ဆွေးမြေ့သွားခြင်းမရှိသဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဖြစ်စေသဖြင့် တစ်ခါသုံး ဖော့ဘူး၊ဖော့ခွက်များ လျှော့ချနိုင်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net