အဆိုပါဝက္မ်ားကို တရုတ္ႏုိင္ငံေတာင္ပိုင္း ဂြမ္ေဒါင္းျပည္နယ္ႏွင့္ တရုတ္ျပည္မႀကီးမွ တင္သြင္းျခင္းျဖစ္ေၾကာင္း ၂၀၁၉ ခုႏွစ္ ေမလ (၃၁)ရက္ေန႔တြင္ ေဟာင္ေကာင္ FDA အတြင္းေရးမွဴး ဆိုဖီရာခ်န္းက ေျပာၾကားသည္။
အာဖရိကဝက္အျပင္းဖ်ားေရာဂါေတြ႕ရသည့္ သားသတ္ရံုမွာ အစိုးရပိုင္လုပ္ငန္းတစ္ခုျဖစ္ၿပီး လက္ရိွတြင္ ေရာဂါပိုးပ်ံ႕ပြားျခင္းမရိွေစရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။
တရုတ္ႏုိင္ငံမွ ဧၿပီလအတြင္းက တင္ပို႔သည့္ ဝက္မ်ားတြင္လည္း ဗိုင္းရပ္စ္ပါလာသျဖင့္ အေကာင္ေရ (၆၀၀၀)ကို ရွင္းလင္းခဲ့ရသျဖင့္ တရုတ္ႏုိင္ငံမွ ဝက္တင္သြင္းမႈအားလံုးကို ရပ္ဆုိင္းလုိက္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ႏွစ္အတြင္း တရုတ္ႏုိင္ငံ၏ ထက္ဝက္ခန္႔တြင္ အာဖရိကဝက္အျပင္းဖ်ားေရာဂါ ပ်ံ႕ႏွံ႕ခဲ့သျဖင့္ တရုတ္ႏုိင္ငံမွ ဝက္တင္သြင္းျခင္းကို ႏုိင္ငံအသီးသီးက ပိတ္ပင္ထားခဲ့ျခင္းျဖစ္သည္။
ဝက္သားစားသံုးမႈျမင့္သည့္ ေဟာင္ေကာင္အေနျဖင့္ အဆိုပါ ဝက္အျပင္းဖ်ားေရာဂါမွာ အထူးသတိထားရန္လိုအပ္ေနၿပီး ၂၀၀၃ ခုႏွစ္က ဝက္ေရာဂါမ်ားျဖစ္ပြားခဲ့စဥ္က လူေပါင္း (၃၀၀) ခန္႔ ေသဆံုးခဲ့ရျခင္းျဖစ္သည္။
အာဖရိက ၀က္အျပင္းဖ်ားေရာဂါသည္ တရုတ္ႏိုင္ငံတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လကတည္းက စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး မြန္ဂိုးလီးယား၊ ဗီယက္နမ္ႏိုင္ငံမ်ားအထိ ပ်ံ႕ႏွံ႕ေနသျဖင့္ ဝက္သား၊ ေအးခဲဝက္သား၊ ဝက္ေပါင္ေျခာက္၊ ဝက္အူေခ်ာင္းႏွင့္ ဝက္သားျဖင့္ထုတ္လုပ္သည့္ပစၥည္းမ်ားကို ျမန္မာႏိုင္ငံတြင္းသို႔ နယ္စပ္ဝင္ေပါက္၊ ေလဆိပ္၊ ေရဆိပ္မ်ားမွ တင္သြင္းျခင္းအား ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၂) ရက္ေန႔ကတည္းက ပိတ္ပင္ထားကာ ႏုိင္ငံတြင္းမွ ဝက္ေမြးျမဴေရးလုပ္ငန္းမ်ား ဇီဝလံုၿခံဳေရးျမႇင့္တင္ေရးကိုလည္း သက္ဆုိင္ရာဌာနမ်ားႏွင့္ ေမြးျမဴေရးလုပ္ငန္းရွင္မ်ား ပူးေပါင္းလုပ္ေဆာင္ၾကရန္ တုိက္တြန္းထားျခင္းျဖစ္သည္။
Tachileik News Agency
Ref: The Nation
*************
ဟောင်ကောင်တွင် တရုတ်နယ်စပ်ရှိသားသတ်ရုံတစ်ခုတွင် အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားသည့် ဝက်တစ်ကောင်ကိုတွေ့ရသဖြင့် ဝက်ကောင်ရေ (၄၇၀၀)ကို ကန့်သတ်ထားပြီး တရုတ်နိုင်ငံမှ ဝက်တင်သွင်းခြင်းကိုလည်း ပိတ်ပင်လိုက်ကြောင်း သိရသည်။
အဆိုပါဝက်များကို တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်နှင့် တရုတ်ပြည်မကြီးမှ တင်သွင်းခြင်းဖြစ်ကြောင်း ၂၀၁၉ ခုနှစ် မေလ (၃၁)ရက်နေ့တွင် ဟောင်ကောင် FDA အတွင်းရေးမှူး ဆိုဖီရာချန်းက ပြောကြားသည်။
အာဖရိကဝက်အပြင်းဖျားရောဂါတွေ့ရသည့် သားသတ်ရုံမှာ အစိုးရပိုင်လုပ်ငန်းတစ်ခုဖြစ်ပြီး လက်ရှိတွင် ရောဂါပိုးပျံ့ပွားခြင်းမရှိစေရန် ဆောင်ရွက်နေကြောင်း သိရသည်။
တရုတ်နိုင်ငံမှ ဧပြီလအတွင်းက တင်ပို့သည့် ဝက်များတွင်လည်း ဗိုင်းရပ်စ်ပါလာသဖြင့် အကောင်ရေ (၆၀၀၀)ကို ရှင်းလင်းခဲ့ရသဖြင့် တရုတ်နိုင်ငံမှ ဝက်တင်သွင်းမှုအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံ၏ ထက်ဝက်ခန့်တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ပျံ့နှံ့ခဲ့သဖြင့် တရုတ်နိုင်ငံမှ ဝက်တင်သွင်းခြင်းကို နိုင်ငံအသီးသီးက ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။
ဝက်သားစားသုံးမှုမြင့်သည့် ဟောင်ကောင်အနေဖြင့် အဆိုပါ ဝက်အပြင်းဖျားရောဂါမှာ အထူးသတိထားရန်လိုအပ်နေပြီး ၂၀၀၃ ခုနှစ်က ဝက်ရောဂါများဖြစ်ပွားခဲ့စဉ်က လူပေါင်း (၃၀၀) ခန့် သေဆုံးခဲ့ရခြင်းဖြစ်သည်။
အာဖရိက ၀က်အပြင်းဖျားရောဂါသည် တရုတ်နိုင်ငံတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွန်ဂိုးလီးယား၊ ဗီယက်နမ်နိုင်ငံများအထိ ပျံ့နှံ့နေသဖြင့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် ဝက်သားဖြင့်ထုတ်လုပ်သည့်ပစ္စည်းများကို မြန်မာနိုင်ငံတွင်းသို့ နယ်စပ်ဝင်ပေါက်၊ လေဆိပ်၊ ရေဆိပ်များမှ တင်သွင်းခြင်းအား ၂၀၁၉ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့ကတည်းက ပိတ်ပင်ထားကာ နိုင်ငံတွင်းမှ ဝက်မွေးမြူရေးလုပ်ငန်းများ ဇီဝလုံခြုံရေးမြှင့်တင်ရေးကိုလည်း သက်ဆိုင်ရာဌာနများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ ပူးပေါင်းလုပ်ဆောင်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။
Tachileik News Agency
Ref: The Nation