Tachileik News Agency
Ref:Japan Today
Photo: Kyodo
******
ဂျပန်နိုင်ငံတွင် Yokohama Seaside Line Co ကုမ္ပဏီမှ ပြေးဆွဲသည့် မောင်းသူမဲ့ရထားမှာ လမ်းကြောင်းမှားပြီး နောက်ပြန်သွားသဖြင့် ခရီးသည် (၂၀)ဦး ဒဏ်ရာရသွားကြောင်း ဂျပန်တူဒေးသတင်းတွင် ဖေါ်ပြထားသည်။
ယင်းတို့အနက် (၁၅)ဦးကို ဆေးရုံပို့ဆောင်ထားရာ (၃)ဦးမှာ ဒဏ်ရာပြင်းထန်သော်လည်း အသက်အန္တရာယ်စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။
အဆိုပါရထားမှာ ယိုကိုဟားမားရှိ ကန်နဇဝါဟက်ကိုင်းနှင့် ရှင်ဆုဂတကြား (၁၁) ကီလိုမီတာကို အလိုလျောက်မောင်းနှင်သည့်စနစ်ဖြင့် ပြေးဆွဲနေပေးနေခြင်းဖြစ်ကြောင်းသိရသည်။
ရထားသည် ဘူတာမှ စတင်ထွက်ခွာပြီးနောက် ရုတ်တရက်ရပ်တန့်သွားကာ နောက်ပြန်မောင်းနှင်သွားသဖြင့် စီးနင်းသူများမှာ ထိုင်နေသည့်နေရာမှ လွင့်သွားကာ ဒဏ်ရာများရသွားခြင်းဖြစ်ကြောင်း သိရသည်။
ရထားမှာ ရုတ်တရက်လမ်းကြောင်းပြောင်းပြန်မောင်းသွားချိန်တွင် ခရီးသွားများမှာ ထိတ်လန့်သွားကြကာ ကလေးများမှာ အော်ဟစ်ငိုနေခဲ့ကြသည်ဟု ခရီးသွားအမျိုးသားတစ်ဦးက ပြောကြားကြောင်း သိရသည်။
Tachileik News Agency
Ref:Japan Today
Photo: Kyodo