ေကာ္လိုရာဒိုတြင္ Google map ၏ လမ္းညႊန္မႈမွားသြားၿပီး ရာဂဏန္းခန္႔ရိွသည့္ကားမ်ား ကြင္းျပင္ ရႊံ႕ထူလမ္းတြင္ ပိတ္မိ

ေကာ္လိုရာဒိုတြင္ Google map ၏ လမ္းညႊန္မႈမွားသြားၿပီး ရာဂဏန္းခန္႔ရိွသည့္ကားမ်ား ကြင္းျပင္ ရႊံ႕ထူလမ္းတြင္ ပိတ္မိ
ဇွန် 27, 2019
By 🌸
အေမရိကန္ျပည္ေထာင္စု၊ ေကာ္လိုရာဒိုတြင္ google map ကျပသည့္ျဖတ္လမ္းအတုိင္း ေမာင္းနွင္ရာမွ ကားစီးေရ (၁၀၀)ခန္႔မွာ ကြင္းျပင္တစ္ခုရိွ ရႊံ႕ထူထပ္ေသာလမ္းတြင္ ပိတ္မိသြားၾကေၾကာင္း သိရသည္။

 ယာဥ္ေၾကာပိတ္ဆို႔ေနသည့္ ပဲန္နာဘိုးလ္ဗတ္လမ္းမွ ဒင္ဗာအျပည္ျပည္ဆုိင္ရာေလဆိပ္ဘက္သို႔ သြားသည့္ျဖတ္လမ္းသို႔ ၂၀၁၉ ခုနွစ္၊ ဇြန္လ (၂၃)ရက္ေန႔က ေမာင္းႏွင္ၾကရာမွ ရႊံ႕ထူသည့္လမ္းဘက္ေရာက္သြားၾကျခင္းျဖစ္ကာ အခ်ိဳ႕ကားမ်ားမွာ ရႊံ႕ထဲနစ္ေနၾကကာ လမ္းပိတ္ဆို႔သြားေၾကာင္း သိရသည္။

ေလဆိပ္သို႔ သြားသည့္ကားမ်ားမွ ခရီးသည္မ်ားမွာ ေလယာဥ္အခ်ိန္မီေရးအတြက္ ဆက္လက္ေမာင္းနွင္ႏုိင္သည့္ ကားမ်ားျဖင့္ ခရီးလမ္းႀကံဳစုေပါင္းစီးနင္းခဲ့ၾကရေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္ေမာင္းမ်ားအတြက္ အေကာင္းဆံုးလမ္းညႊန္ႏုိင္ရန္ လုပ္ေဆာင္ထားျခင္းျဖစ္ေသာ္လည္း ရာသီဥတုကဲ့သို႔ ခန္႔မွန္းမရႏုိင္သည့္အေၾကာင္းအရာမ်ားေၾကာင့္ ျဖစ္ပြားရျခင္းျဖစ္ႏုိင္သည္ဟု google က သတင္းထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

Tachileik News Agency

Ref: CNN

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကော်လိုရာဒိုတွင် Google map ၏ လမ်းညွှန်မှုမှားသွားပြီး ရာဂဏန်းခန့်ရှိသည့်ကားများ ကွင်းပြင် ရွှံ့ထူလမ်းတွင် ပိတ်မိ
*****************
အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုတွင် google map ကပြသည့်ဖြတ်လမ်းအတိုင်း မောင်းနှင်ရာမှ ကားစီးရေ (၁၀၀)ခန့်မှာ ကွင်းပြင်တစ်ခုရှိ ရွှံ့ထူထပ်သောလမ်းတွင် ပိတ်မိသွားကြကြောင်း သိရသည်။

 ယာဉ်ကြောပိတ်ဆို့နေသည့် ပဲန်နာဘိုးလ်ဗတ်လမ်းမှ ဒင်ဗာအပြည်ပြည်ဆိုင်ရာလေဆိပ်ဘက်သို့ သွားသည့်ဖြတ်လမ်းသို့ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့က မောင်းနှင်ကြရာမှ ရွှံ့ထူသည့်လမ်းဘက်ရောက်သွားကြခြင်းဖြစ်ကာ အချို့ကားများမှာ ရွှံ့ထဲနစ်နေကြကာ လမ်းပိတ်ဆို့သွားကြောင်း သိရသည်။

လေဆိပ်သို့ သွားသည့်ကားများမှ ခရီးသည်များမှာ လေယာဉ်အချိန်မီရေးအတွက် ဆက်လက်မောင်းနှင်နိုင်သည့် ကားများဖြင့် ခရီးလမ်းကြုံစုပေါင်းစီးနင်းခဲ့ကြရကြောင်း သိရသည်။

မော်တော်ယာဉ်မောင်းများအတွက် အကောင်းဆုံးလမ်းညွှန်နိုင်ရန် လုပ်ဆောင်ထားခြင်းဖြစ်သော်လည်း ရာသီဥတုကဲ့သို့ ခန့်မှန်းမရနိုင်သည့်အကြောင်းအရာများကြောင့် ဖြစ်ပွားရခြင်းဖြစ်နိုင်သည်ဟု google က သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

Tachileik News Agency
Ref: CNN

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net