ဘန္ေကာက္တြင္ မ်က္ႏွာႏွင့္ ခႏၶာကိုယ္သြင္ျပင္ ျပဳျပင္သည့္ ပစၥည္းအတု စုစုေပါင္း ဘတ္သန္း (၈၀)ဖိုး ဖမ္းဆီးရမိ

ဘန္ေကာက္တြင္ မ်က္ႏွာႏွင့္ ခႏၶာကိုယ္သြင္ျပင္ ျပဳျပင္သည့္ ပစၥည္းအတု စုစုေပါင္း ဘတ္သန္း (၈၀)ဖိုး ဖမ္းဆီးရမိ
ဇွန် 14, 2019
By 🌸
ထုိင္းနုိင္ငံ၊ ဘန္ေကာက္ရိွ အလွျပင္ဆုိင္ (၁၂)ဆုိင္ႏွင့္ ကုန္သိုေလွာင္ရံုမ်ားတြင္ ဘိုေတာက္စ္ေဆးအပါအဝင္ ခႏၶာကိုယ္သြင္ျပင္ျပဳျပင္ရာ၌ အသံုးျပဳသည့္ ပစၥည္းအတု စုစုေပါင္း ဘတ္သန္း(၈၀)ဖိုးကို  အထူးစံုစမ္းေရးအဖြဲ႕ႏွင့္ FDA တို႔က သိမ္းဆည္းလုိက္ေၾကာင္း သိရသည္။

အထူးစံုစမ္းေရးအဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၁၂)ရက္ေန႔တြင္ ဘန္ေကာက္ၿမိဳ႕ရိွ နယ္ေျမ(၉)ခု၌ ဝင္ေရာက္စစ္ေဆးရာ ခႏၶာကိုယ္သြင္ျပင္ျပဳျပင္ရန္ အသံုးျပဳသည့္ပစၥည္းအတုအေရအတြက္ စုစုေပါင္း (၄)သိန္းကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကုန္ပစၥည္းအတုမ်ား စစ္ေဆးေတြ႔ရိွရသည့္ အလွျပဳျပင္ေရးဆိုင္မ်ားႏွင့္ ကုန္သိုေလွာင္ရံုမ်ားမွ ေငြေၾကးအလႊဲအေျပာင္း စုစုေပါင္းဘတ္သန္းေပါင္း (၈၀၀)ရိွသည္ကို စစ္ေဆးေတြ႔ရိွထားေၾကာင္း သိရသည္။

တရားမဝင္တင္သြင္းထားသည့္ အဆိုပါကုန္ပစၥည္းအတုမ်ားကို အင္စတာဂရမ္ႏွင့္ Line ကဲ့သို႔ လူမႈကြန္ယက္မ်ားကို အသံုးျပဳ၍ ေၾကာ္ျငာၾကၿပီး အလွျပဳျပင္ေရးဆုိင္မ်ားသာမက ကိုယ္တုိင္သံုးစြဲသူမ်ားအတြက္ပါ ျဖန္႔ျဖဴးေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

မ်က္ႏွာအပါအဝင္ ခႏၶာကိုယ္ျပဳျပင္ရာတြင္ အသံုးျပဳသည့္ေဆးဝါးမ်ားမွာ အထူးကၽြမ္းက်င္သည့္ ဆရာဝန္မ်ားကသာ အသံုးျပဳရမည္ျဖစ္ၿပီး ကၽြမ္းက်င္ပညာရွင္မ်ား၏ အကူအညီမပါဘဲ အသံုးျပဳပါက ျပင္းထန္သည့္ အသက္ရႈလမ္းေၾကာင္းဆုိင္ရာ ေရာဂါမ်ား၊ မ်က္မျမင္ျဖစ္ျခင္း၊ ေယာင္ယမ္းျခင္းအျပင္ အသက္ဆံုးရံႈးသည္အထိ ျဖစ္ပြားႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဘန်ကောက်တွင် မျက်နှာနှင့် ခန္ဓာကိုယ်သွင်ပြင် ပြုပြင်သည့် ပစ္စည်းအတု စုစုပေါင်း ဘတ်သန်း (၈၀)ဖိုး ဖမ်းဆီးရမိ
*************
ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ အလှပြင်ဆိုင် (၁၂)ဆိုင်နှင့် ကုန်သိုလှောင်ရုံများတွင် ဘိုတောက်စ်ဆေးအပါအဝင် ခန္ဓာကိုယ်သွင်ပြင်ပြုပြင်ရာ၌ အသုံးပြုသည့် ပစ္စည်းအတု စုစုပေါင်း ဘတ်သန်း(၈၀)ဖိုးကို  အထူးစုံစမ်းရေးအဖွဲ့နှင့် FDA တို့က သိမ်းဆည်းလိုက်ကြောင်း သိရသည်။

အထူးစုံစမ်းရေးအဖွဲ့က ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့တွင် ဘန်ကောက်မြို့ရှိ နယ်မြေ(၉)ခု၌ ဝင်ရောက်စစ်ဆေးရာ ခန္ဓာကိုယ်သွင်ပြင်ပြုပြင်ရန် အသုံးပြုသည့်ပစ္စည်းအတုအရေအတွက် စုစုပေါင်း (၄)သိန်းကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်ပစ္စည်းအတုများ စစ်ဆေးတွေ့ရှိရသည့် အလှပြုပြင်ရေးဆိုင်များနှင့် ကုန်သိုလှောင်ရုံများမှ ငွေကြေးအလွှဲအပြောင်း စုစုပေါင်းဘတ်သန်းပေါင်း (၈၀၀)ရှိသည်ကို စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

တရားမဝင်တင်သွင်းထားသည့် အဆိုပါကုန်ပစ္စည်းအတုများကို အင်စတာဂရမ်နှင့် Line ကဲ့သို့ လူမှုကွန်ယက်များကို အသုံးပြု၍ ကြော်ငြာကြပြီး အလှပြုပြင်ရေးဆိုင်များသာမက ကိုယ်တိုင်သုံးစွဲသူများအတွက်ပါ ဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း သိရသည်။

မျက်နှာအပါအဝင် ခန္ဓာကိုယ်ပြုပြင်ရာတွင် အသုံးပြုသည့်ဆေးဝါးများမှာ အထူးကျွမ်းကျင်သည့် ဆရာဝန်များကသာ အသုံးပြုရမည်ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များ၏ အကူအညီမပါဘဲ အသုံးပြုပါက ပြင်းထန်သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ မျက်မမြင်ဖြစ်ခြင်း၊ ယောင်ယမ်းခြင်းအပြင် အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net