ထုိင္းႏိုင္ငံ ကာကြယ္ေတာမ်ားတြင္ မူလေဒသခံမ်ားအား ဆက္လက္ေနထုိင္ခြင့္ႏွင့္ ျပည့္ၿဖိဳးၿမဲ သစ္ေတာထြက္ပစၥည္းမ်ား အသံုးျပဳခြင့္ေပးသည့္ ဥပေဒသစ္ျပဌာန္း

ထုိင္းႏိုင္ငံ ကာကြယ္ေတာမ်ားတြင္ မူလေဒသခံမ်ားအား ဆက္လက္ေနထုိင္ခြင့္ႏွင့္ ျပည့္ၿဖိဳးၿမဲ သစ္ေတာထြက္ပစၥည္းမ်ား အသံုးျပဳခြင့္ေပးသည့္ ဥပေဒသစ္ျပဌာန္း
ဇွန် 5, 2019
By 🌸
ထုိင္းနိုင္ငံတြင္ ကာကြယ္ေတာမ်ားအျဖစ္ သတ္မွတ္လုိက္သည့္ သစ္ေတာဧရိယာအတြင္းမွ မူလေဒသခံမ်ားကို ဆက္လက္ေနထုိင္ခြင့္နွင့္ ျပန္လည္ျပည့္ၿဖိဳးႏုိင္သည့္ သစ္ေတာထြက္ပစၥည္းမ်ားကို အသံုးျပဳခြင့္ေပးသည့္ ကာကြယ္ေတာမ်ားႏွင့္ပတ္သက္သည့္ ဥပေဒသစ္ကို ျပဌာန္းေပးလုိက္ၿပီျဖစ္ေၾကာင္း The Nation သတင္းတြင္ ေဖၚျပထားသည္။

အဆိုပါဥပေဒမွာ ကာကြယ္ေတာမ်ားအျဖစ္ မသတ္မွတ္မီကတည္းက အဆိုပါသစ္ေတာမ်ားတြင္ ဘိုးစဥ္ေဘာင္ဆက္ေနထုိင္လာသည့္ ေဒသခံမ်ား၏ လူမႈဘဝအခက္အခဲမျဖစ္ေစရန္ႏွင့္ သစ္ေတာမ်ား ဆက္လက္ထိန္းသိမ္းႏုိင္ေရးအတြက္ ကတ္ဘိနက္က အတည္ျပဳေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ဥပေဒသစ္အရ ခြင့္ျပဳေပးလုိက္ေသာ္လည္း ေဒသခံမ်ားက ဥပေဒပါ သစ္ေတာထြက္ပစၥည္းမ်ားအား ရယူအသံုးျပဳျခင္းႏွင့္ပတ္သက္၍ ျပင္းထန္သည့္ျပစ္ဒဏ္မ်ားႏွင့္ ရင္ဆုိင္ရမည္ကို စိုးရိမ္ေနၾကဆဲျဖစ္ေၾကာင္း သိရသည္။

အမ်ိဳးသားသစ္ေတာဧရိယာအျဖစ္ မသတ္မွတ္မီကတည္းက အဆုိပါသစ္ေတာမ်ားကို အမွီျပဳေနထုိင္ခဲ့ၾကသည့္ ေဒသခံမ်ားမွာ မိရိုးဖလာအလုပ္အကိုင္ျဖစ္သည့္ မိႈကဲ့သို႔ ျပန္လည္ျပည့္ၿဖိဳးျမဲ သစ္ေတာထြက္ပစၥည္းမ်ား ရွာေဖြေရာင္းခ်ခြင့္ရၾကမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔အတည္မျပဳမီ အမ်ိဳးသားသစ္ေတာဧရိယာအတြင္း ကြင္းဆင္းသုေတသနလုပ္ငန္းကို ေဆာင္ရြက္ခဲ့ၿပီး သစ္ေတာမ်ားအတြင္း ေဂဟစနစ္မပ်က္ယြင္းေစဘဲ ေဒသခံမ်ားကို အသံုးျပဳခြင့္ေပးႏုိင္သည့္ သဘာဝေတာထြက္ပစၥည္းမ်ားရိွေၾကာင္းကို ေလ့လာေတြ႔ရိွခ်က္အရ အတည္ျပဳေပးျခင္းျဖစ္သည္ဟု သိရသည္။

Tachileik News Agency
Ref: The Nation

[ဓါတ္ပံု - သစ္ေတာမ်ားအတြင္း ေဒသအသီးသီးမွ မိႈလာရွာသူမ်ားျဖစ္ၿပီး ယင္းကဲ့သို႔လုပ္ေဆာင္ျခင္းမ်ားကို (၆)လအၾကာတြင္ သက္ဝင္မည့္ ဥပေဒသစ္တြင္ တားျမစ္ခံရမည္ျဖစ္သည္]

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံ ကာကွယ်တောများတွင် မူလဒေသခံများအား ဆက်လက်နေထိုင်ခွင့်နှင့် ပြည့်ဖြိုးမြဲ သစ်တောထွက်ပစ္စည်းများ အသုံးပြုခွင့်ပေးသည့် ဥပဒေသစ်ပြဌာန်း
**********
ထိုင်းနိုင်ငံတွင် ကာကွယ်တောများအဖြစ် သတ်မှတ်လိုက်သည့် သစ်တောဧရိယာအတွင်းမှ မူလဒေသခံများကို ဆက်လက်နေထိုင်ခွင့်နှင့် ပြန်လည်ပြည့်ဖြိုးနိုင်သည့် သစ်တောထွက်ပစ္စည်းများကို အသုံးပြုခွင့်ပေးသည့် ကာကွယ်တောများနှင့်ပတ်သက်သည့် ဥပဒေသစ်ကို ပြဌာန်းပေးလိုက်ပြီဖြစ်ကြောင်း The Nation သတင်းတွင် ဖေါ်ပြထားသည်။

အဆိုပါဥပဒေမှာ ကာကွယ်တောများအဖြစ် မသတ်မှတ်မီကတည်းက အဆိုပါသစ်တောများတွင် ဘိုးစဉ်ဘောင်ဆက်နေထိုင်လာသည့် ဒေသခံများ၏ လူမှုဘဝအခက်အခဲမဖြစ်စေရန်နှင့် သစ်တောများ ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် ကတ်ဘိနက်က အတည်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဥပဒေသစ်အရ ခွင့်ပြုပေးလိုက်သော်လည်း ဒေသခံများက ဥပဒေပါ သစ်တောထွက်ပစ္စည်းများအား ရယူအသုံးပြုခြင်းနှင့်ပတ်သက်၍ ပြင်းထန်သည့်ပြစ်ဒဏ်များနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေကြဆဲဖြစ်ကြောင်း သိရသည်။

အမျိုးသားသစ်တောဧရိယာအဖြစ် မသတ်မှတ်မီကတည်းက အဆိုပါသစ်တောများကို အမှီပြုနေထိုင်ခဲ့ကြသည့် ဒေသခံများမှာ မိရိုးဖလာအလုပ်အကိုင်ဖြစ်သည့် မှိုကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲ သစ်တောထွက်ပစ္စည်းများ ရှာဖွေရောင်းချခွင့်ရကြမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့အတည်မပြုမီ အမျိုးသားသစ်တောဧရိယာအတွင်း ကွင်းဆင်းသုတေသနလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး သစ်တောများအတွင်း ဂေဟစနစ်မပျက်ယွင်းစေဘဲ ဒေသခံများကို အသုံးပြုခွင့်ပေးနိုင်သည့် သဘာဝတောထွက်ပစ္စည်းများရှိကြောင်းကို လေ့လာတွေ့ရှိချက်အရ အတည်ပြုပေးခြင်းဖြစ်သည်ဟု သိရသည်။

Tachileik News Agency
Ref: The Nation

[ဓါတ်ပုံ - သစ်တောများအတွင်း ဒေသအသီးသီးမှ မှိုလာရှာသူများဖြစ်ပြီး ယင်းကဲ့သို့လုပ်ဆောင်ခြင်းများကို (၆)လအကြာတွင် သက်ဝင်မည့် ဥပဒေသစ်တွင် တားမြစ်ခံရမည်ဖြစ်သည်]

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net