တာခ်ီလိတ္ၿမိဳ႕နယ္အေကာက္ခြန္ဦးစီးဌာနရံုးေရွ႕ရွိ ဌာနပိုင္ ဆိုင္ခန္းမ်ားအား ဖယ္ရွားေပးရန္ ၂၀၁၄ခုႏွစ္ကတည္းက အသိေပးခဲ့ၿပီးေနာက္ (၅)ႏွစ္၀န္းက်င္အၾကာတြင္ အၿပီးသတ္ဖယ္ရွား

တာခ်ီလိတ္ၿမိဳ႕နယ္အေကာက္ခြန္ဦးစီးဌာနရံုးေရွ႕ရွိ ဌာနပိုင္ ဆိုင္ခန္းမ်ားအား ဖယ္ရွားေပးရန္ ၂၀၁၄ခုႏွစ္ကတည္းက အသိေပးခဲ့ၿပီးေနာက္ (၅)ႏွစ္၀န္းက်င္အၾကာတြင္ အၿပီးသတ္ဖယ္ရွား
ဇွန် 1, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘး ၿမိဳ႕နယ္အေကာက္ခြန္ဦးစီးဌာနရံုးေရွ႕ရွိ ဌာနပိုင္ ဆိုင္ခန္းမ်ားအား ဖယ္ရွားေပးရန္ ၂၀၁၄ခုႏွစ္ကတည္းက  အသိေပးခဲ့ၿပီးမွ (၅)ႏွစ္၀န္းက်င္အၾကာမွ ဖယ္ရွားႏုိုင္ခဲ့ေၾကာင္း ႏွင့္ ဖယ္ရွားေပးရန္ အသိေပးခဲ့ၿပီးကတည္းက ဆိုင္ခန္းခမ်ားကို ေကာက္ခံျခင္း မျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

"အေကာက္ခြန္ဦးစီးဌာနေျမေပၚမွာရိွတဲ့ဆိုင္ခန္းေတြ ပိတ္သိမ္းဖို႔အတြက္ ၂၀၁၄ ႏို၀င္ဘာကတည္းက ေဆာင္ရြက္ခဲ့ပါတယ္။ ႏို၀င္ဘာကစၿပီး ဆိုင္ခန္းခေတြေကာက္ခံမႈမရိွခဲ့ဘူး။ ဒီဇင္ဘာလ (၃၁) ရက္ေန႔မွာ ေနာက္ဆံုးထားပိတ္ေပးဖို႔ ညိႇႏိႈင္းခဲ့ပါတယ္။ ဆိုင္ခန္းရွင္ေတြက မပိတ္ေပးတဲ့အတြက္ လုပ္ထံုးလုပ္နည္းအရ ဆက္လက္ေဆာင္ရြက္ခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္ (၂) လပိုင္းမွာ ၁၉၅၅ အစိုးရအိမ္ဥပစာ(ႏွင္ထုတ္ျခင္း) အက္ဥပေဒအရ ဆက္လက္ေဆာင္ရြက္ဖို႔ ေဆာက္လုပ္ေရး၀န္ႀကီးဌာနက အေကာက္ခြန္ဦးစီးဌာနမွာရိွတဲ့ ဒုတိယညႊန္ၾကားေရးမွဴး ဦးျမ၀င္းကို အခြင့္ရအာဏာပိုင္အျဖစ္အပ္ႏွင္းခဲ့ပါတယ္။ ႏို႔တစ္စာခ်ခဲ့ပါတယ္။ ခ်ခဲ့တဲ့အေပၚမွာ ဆိုင္ခန္းရွင္ (၁၂) ဦးက အယူခံ၀င္ခဲ့ပါတယ္။ အယူခံအဖြဲ႕က ပလပ္လိုက္တယ္ဆိုၿပီးေတာ့ အမိန္႔ခ်မွတ္ခဲ့ပါတယ္။ ဆိုင္ခန္းရွင္ေတြကို အယူခံက ပလပ္လိုက္တဲ့စာေတြကို လက္ေရာက္ေပးအပ္ခဲ့ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အေကာက္ခြန္ဦးစီးဌာနမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးခင္ေမာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အေကာက္ခြန္ဦးစီးဌာနရံုးေရွ႕ရွိ ဌာနပိုင္ ဆိုင္ခန္မ်ားအား ၂၀၁၉ ခုႏွစ္ ဇြန္ (၁) ရက္ေန႔ နံနက္(၉)နာရီခြဲက စတင္ကာ ဖယ္ရွားခဲ့ၾကျခင္း ျဖစ္သည္။

ဆိုင္ခန္းရွင္မ်ားအေနျဖင့္ ဖယ္ရွားေပးႏုိင္ရန္အတြက္ ႏို႔တစ္စာ (၂)ႀကိမ္ႏွင့္အတူ အေၾကာင္းၾကားစာမ်ား ေပးပို႔ေသာ္လည္း ထူးျခားမႈမရွိခဲ့၍ ယခုလို ဖယ္ရွားရွင္းလင္းရျခင္းျဖစ္ေၾကာင္း သိရသည္။

"၂၀၁၇ ခုႏွစ္ ေအာက္တိုဘာ၊ ႏို၀င္ဘာေလာက္မွာ ႏို႔တစ္စာတစ္ႀကိမ္ ေပးအပ္ခဲ့ပါတယ္။ ၂၀၁၈ ေမလမွာ ႏိုတစ္စာ (၁) ႀကိမ္၊ စုစုေပါင္းႏွစ္ႀကိမ္ေပးအပ္ခဲ့ပါတယ္။ ဆိုင္ခန္းရွင္ေတြက လိုက္နာမႈမရိွခဲ့ဘူး။ ကၽြန္ေတာ္အခြင့္အာဏာပိုင္ျဖစ္တဲ့အခ်ိန္မွာ ႏိုတစ္စာ (၂) ႀကိမ္ ခ်အပ္ခဲ့တယ္။ (၂) ႀကိမ္ျပည့္ၿပီးသြားတဲ့အတြက္ လူမႈေရးအရ အေၾကာင္းၾကားစာ ေမလဆန္းတုန္းက (၁) ႀကိမ္ေပးခဲ့ပါတယ္။ ေမလ (၁၈) ရက္ေန႔ေနာက္ဆံုးထားထြက္ေပးဖို႔ အသိေပးအေၾကာင္းၾကားစာေပးခဲ့တယ္။ ဆိုင္ခန္းရွင္ေတြဘက္က ဘာမွလႈပ္ရွားမႈမရိွခဲ့ဘူး။ ေမလ (၂၉) ရက္ေန႔က အသိေပးအေၾကာင္းၾကားခဲ့ေပမယ့္ ဘာမွလႈပ္ရွားမႈမရိွလို႔ ဒီေန႔ လံုၿခံဳေရးအင္အားေတြယူၿပီးေတာ့ ဖယ္ရွားရွင္းလင္းခဲ့ရတာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အေကာက္ခြန္ဦးစီးဌာနမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးခင္ေမာင္လင္းက ဇြန္လ(၁)ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။     

တာခ်ီလိတ္ၿမိဳ႕နယ္အေကာက္ခြန္ဦးစီးဌာနပိုင္ ေျမေပၚရိွ ဆိုင္ခန္း (၁၂) ခန္းကို အစိုးရအိမ္ဥပစာ(ႏွင္ထုတ္ျခင္း) အက္ဥပေဒ ၃(၂) အရ အေရးယူေဆာင္ရြက္ႏိုင္ရန္ ဖယ္ရွားရွင္းလင္းေရးအဖြဲ႕၊ ပစၥည္းသယ္ယူေရႊ႕ေျပာင္းေရးအဖြဲ႕၊ ပစၥည္းမ်ား မွတ္တမ္းတင္ေရးအဖြဲ႕၊ ပို႔ေဆာင္ေရးအဖြဲ႕၊ ဌာနပိုင္ေျမေပၚရိွသက္သာဆိုင္ခန္းမ်ားသိမ္းဆည္းခ်ိတ္ပိတ္ေရးအဖြဲ႕၊ ဓာတ္ပံု၊ ဗီဒီယိုမွတ္တမ္းတင္ေရးအဖြဲ႔ႏွင့္ လံုၿခံဳေရးႏွင့္ ပိတ္ဆို႔ေရးအဖြဲ႕တို႔ကို ၿမို႕နယ္အေကာက္ခြန္ဦးစီးဌာနမွဴးရံုး၏ ရံုးတြင္းအမိန္႔ (၁/၂၀၁၉) ျဖင့္ဖြဲ႕စည္းခဲ့ၿပီး ဖယ္ရွားရွင္းလင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
         

အေကာက္ခြန္ဦးစီးဌာနပိုင္ေျမေပၚတြင္ ဆိုင္ခန္း အဆင့္ျမႇင့္တင္ ေဆာက္လုပ္ထားသည့္ ကုန္က်မႈမ်ားေၾကာင့္ ဆက္လက္၍ ေစ်းေရာင္းခ်ႏိုင္ရန္မ်ားႏွင့္ ပတ္သက္၍ ဆိုင္ခန္းရွင္မ်ားက အယူခံလႊာတင္ျပခဲ့ေသာ္လည္း ပယ္ခ်ခံရၿပီးေနာက္ ယခုကဲ့သို႔ ဖယ္ရွားရွင္းလင္းခဲ့ျခင္းျဖစ္ၿပီး ဆိုင္ခန္းပိုင္ရွင္မ်ား၏ ပစၥည္းမ်ားသယ္ယူႏိုင္ရန္အတြက္ ေမာ္ေတာ္ယာဥ္ (၃) စီးႏွင့္ အလုပ္သမားမ်ားစီစဥ္ေပးခဲ့ကာ တာခ်ီလိတ္ၿမိဳ႕တြင္းလိုက္ပါပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးရှေ့ရှိ ဌာနပိုင် ဆိုင်ခန်းများအား ဖယ်ရှားပေးရန် ၂၀၁၄ခုနှစ်ကတည်းက အသိပေးခဲ့ပြီးမှ (၅)နှစ်ဝန်းကျင်အကြာမှ ဖယ်ရှားနိုင်ခဲ့ကြောင်း နှင့် ဖယ်ရှားပေးရန် အသိပေးခဲ့ပြီးကတည်းက ဆိုင်ခန်းခများကို ကောက်ခံခြင်း မပြုလုပ်ခဲ့ကြောင်း သိရသည်။

"အကောက်ခွန်ဦးစီးဌာနမြေပေါ်မှာရှိတဲ့ဆိုင်ခန်းတွေ ပိတ်သိမ်းဖို့အတွက် ၂၀၁၄ နိုဝင်ဘာကတည်းက ဆောင်ရွက်ခဲ့ပါတယ်။ နိုဝင်ဘာကစပြီး ဆိုင်ခန်းခတွေကောက်ခံမှုမရှိခဲ့ဘူး။ ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ နောက်ဆုံးထားပိတ်ပေးဖို့ ညှိနှိုင်းခဲ့ပါတယ်။ ဆိုင်ခန်းရှင်တွေက မပိတ်ပေးတဲ့အတွက် လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် (၂) လပိုင်းမှာ ၁၉၅၅ အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒေအရ ဆက်လက်ဆောင်ရွက်ဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောက်ခွန်ဦးစီးဌာနမှာရှိတဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးမြဝင်းကို အခွင့်ရအာဏာပိုင်အဖြစ်အပ်နှင်းခဲ့ပါတယ်။ နို့တစ်စာချခဲ့ပါတယ်။ ချခဲ့တဲ့အပေါ်မှာ ဆိုင်ခန်းရှင် (၁၂) ဦးက အယူခံဝင်ခဲ့ပါတယ်။ အယူခံအဖွဲ့က ပလပ်လိုက်တယ်ဆိုပြီးတော့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဆိုင်ခန်းရှင်တွေကို အယူခံက ပလပ်လိုက်တဲ့စာတွေကို လက်ရောက်ပေးအပ်ခဲ့ပါတယ်"ဟု တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးရှေ့ရှိ ဌာနပိုင် ဆိုင်ခန်များအား ၂၀၁၉ ခုနှစ် ဇွန် (၁) ရက်နေ့ နံနက်(၉)နာရီခွဲက စတင်ကာ ဖယ်ရှားခဲ့ကြခြင်း ဖြစ်သည်။

ဆိုင်ခန်းရှင်များအနဖြေင့် ဖယ်ရှားပေးနိုင်ရန်အတွက် နို့တစ်စာ (၂)ကြိမ်နှင့်အတူ အကြောင်းကြားစာများ ပေးပို့သော်လည်း ထူးခြားမှုမရှိခဲ့၍ ယခုလို ဖယ်ရှားရှင်းလင်းရခြင်းဖြစ်ကြောင်း သိရသည်။

"၂၀၁၇ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာလောက်မှာ နို့တစ်စာတစ်ကြိမ် ပေးအပ်ခဲ့ပါတယ်။ ၂၀၁၈ မေလမှာ နိုတစ်စာ (၁) ကြိမ်၊ စုစုပေါင်းနှစ်ကြိမ်ပေးအပ်ခဲ့ပါတယ်။ ဆိုင်ခန်းရှင်တွေက လိုက်နာမှုမရှိခဲ့ဘူး။ ကျွန်တော်အခွင့်အာဏာပိုင်ဖြစ်တဲ့အချိန်မှာ နိုတစ်စာ (၂) ကြိမ် ချအပ်ခဲ့တယ်။ (၂) ကြိမ်ပြည့်ပြီးသွားတဲ့အတွက် လူမှုရေးအရ အကြောင်းကြားစာ မေလဆန်းတုန်းက (၁) ကြိမ်ပေးခဲ့ပါတယ်။ မေလ (၁၈) ရက်နေ့နောက်ဆုံးထားထွက်ပေးဖို့ အသိပေးအကြောင်းကြားစာပေးခဲ့တယ်။ ဆိုင်ခန်းရှင်တွေဘက်က ဘာမှလှုပ်ရှားမှုမရှိခဲ့ဘူး။ မေလ (၂၉) ရက်နေ့က အသိပေးအကြောင်းကြားခဲ့ပေမယ့် ဘာမှလှုပ်ရှားမှုမရှိလို့ ဒီနေ့ လုံခြုံရေးအင်အားတွေယူပြီးတော့ ဖယ်ရှားရှင်းလင်းခဲ့ရတာပါ"ဟု တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်လင်းက ဇွန်လ(၁)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာနပိုင် မြေပေါ်ရှိ ဆိုင်ခန်း (၁၂) ခန်းကို အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒေ ၃(၂) အရ အရေးယူဆောင်ရွက်နိုင်ရန် ဖယ်ရှားရှင်းလင်းရေးအဖွဲ့၊ ပစ္စည်းသယ်ယူရွှေ့ပြောင်းရေးအဖွဲ့၊ ပစ္စည်းများ မှတ်တမ်းတင်ရေးအဖွဲ့၊ ပို့ဆောင်ရေးအဖွဲ့၊ ဌာနပိုင်မြေပေါ်ရှိသက်သာဆိုင်ခန်းများသိမ်းဆည်းချိတ်ပိတ်ရေးအဖွဲ့၊ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတင်ရေးအဖွဲ့နှင့် လုံခြုံရေးနှင့် ပိတ်ဆို့ရေးအဖွဲ့တို့ကို မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံး၏ ရုံးတွင်းအမိန့် (၁/၂၀၁၉) ဖြင့်ဖွဲ့စည်းခဲ့ပြီး ဖယ်ရှားရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကောက်ခွန်ဦးစီးဌာနပိုင်မြေပေါ်တွင် ဆိုင်ခန်း အဆင့်မြှင့်တင် ဆောက်လုပ်ထားသည့် ကုန်ကျမှုများကြောင့် ဆက်လက်၍ ဈေးရောင်းချနိုင်ရန်များနှင့် ပတ်သက်၍ ဆိုင်ခန်းရှင်များက အယူခံလွှာတင်ပြခဲ့သော်လည်း ပယ်ချခံရပြီးနောက် ယခုကဲ့သို့ ဖယ်ရှားရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်းပိုင်ရှင်များ၏ ပစ္စည်းများသယ်ယူနိုင်ရန်အတွက် မော်တော်ယာဉ် (၃) စီးနှင့် အလုပ်သမားများစီစဉ်ပေးခဲ့ကာ တာချီလိတ်မြို့တွင်းလိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net