Tachileik News Agency
****************
ထိုင်းနိုင်ငံတွင် မြန်မာလူကုန်ကူးသူတစ်ဦးကို ဆန်ခလရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ မေလ (၂၂)ရက်နေ့က ဖမ်းဆီးရမိလိုက်ပြီးနောက် လူကုန်ကူးခံရသည့် မြန်မာ (၁၄)ဦးကို ကယ်တင်ထားနိုင်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အသက်(၂၉)နှစ်အရွယ်မြန်မာအမျိုးသားကို အာရှအဝေးပြေးလမ်းမဘေး ခလမ်ရွာတွင်ငှားရမ်းထားသည့် နေအိမ်တွင် ဖမ်းမိပြီးနောက် အဆိုပါနေအိမ်တွင် အခန်းတွင်းပိတ်လှောင်ထားခံရသည့် မြန်မာ (၁၄)ဦးကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
လူကုန်ကူးခံရသူများတွင် အမျိုးသား (၉)ဦးနှင့် အမျိုးသမီး (၅)ဦးပါဝင်ကြောင်းသိရပြီး ၎င်းတို့အား မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်ရန် ထိုင်းနိုင်ငံတွင်း တရားမဝင်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ (၁၄)ဦးကို အိမ်ခန်းအတွင်း သော့ပိတ်ထားပြီး အစားအသောက်ဗူးများကိုသာ ကျွေးထားသဖြင့် ရဲတပ်ဖွဲ့က တွေ့ရှိချိန်တွင် အားအင်ချည့်နဲ့နေကြသည်ကိုတွေ့ရကြောင်း သိရသည်။
Tachileik News Agency
Ref: The Nation