ထိုင္းနုိင္ငံတြင္ ဆစ္ဖလစ္ေရာဂါကူးစက္မႈျမင့္တက္ေနၿပီး ယခုႏွစ္အတြင္း မိခင္ထံမွ ေရာဂါကူးစက္ခံထားရသည့္ ေမြးကင္းစကေလး ၂၄၉ ဦးအထိရိွလာ

ထိုင္းနုိင္ငံတြင္ ဆစ္ဖလစ္ေရာဂါကူးစက္မႈျမင့္တက္ေနၿပီး ယခုႏွစ္အတြင္း မိခင္ထံမွ ေရာဂါကူးစက္ခံထားရသည့္ ေမြးကင္းစကေလး ၂၄၉ ဦးအထိရိွလာ
မေ 21, 2019
By 🌸
ထုိင္းႏုိင္ငံတြင္ ဆစ္ဖလစ္ေရာဂါျဖစ္ပြားမႈ ျမင့္တက္လာေနၿပီး ၂၀၁၉ ခုႏွစ္အတြင္း ေမြးကင္းစကေလးငယ္မ်ားအနက္ (၂၄၉)ဦးမွာ မိခင္ထံမွ ဆစ္ဖလစ္ေရာဂါ ကူးစက္ခံထားရေၾကာင္း ထုိင္းျပည္သူ႔က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

“ဆစ္ဖလစ္ေရာဂါကူးစက္ခံရတဲ့မိခင္ေတြကေန ေမြးလာတဲ့ကေလးေတြကို ကူးစက္တာပါ”ဟု က်န္းမာေရးဝန္ႀကီးဌာန၏ အျမဲတမ္းအတြင္းဝန္ ေဒါက္တာ ဆူခြန္ကန္ခ်နာပီမုိင္က ေျပာသည္။
ဆစ္ဖလစ္ေရာဂါသည္ လိင္မွတစ္ဆင့္ကူးစက္သည့္အျပင္ ေသြးမွလည္း ကူးစက္ႏုိင္ၿပီး ေရာဂါခံစားရသည္ကို မသိၾကသျဖင့္ အခ်ိန္မီကုသမႈခံယူျခင္းမျပဳလုပ္ႏုိင္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းနုိင္ငံတြင္ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ (၁)ရက္ေန႔မွ ေမလ (၁၃)ရက္ေန႔အတြင္း ဆစ္ဖလစ္ေရာဂါ ကုသသူ  (၃၀၈၀)အနက္ (၄၀.၄၂)ရာခုိင္ႏႈန္းမွာ အသက္(၁၅)ႏွစ္ႏွင့္ (၂၄)ၾကားလူငယ္မ်ားျဖစ္ၿပီး (၂၄.၄၈)ရာခုိင္ႏႈန္းမွာ အသက္ (၂၅)ႏွစ္မွ (၃၄)ႏွစ္ၾကားအရြယ္မ်ားျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံအတြင္း ဆစ္ဖလစ္ကူးစက္ခံရမႈအေရအတြက္ျမင့္လာေနသျဖင့္ ေဒသအလုိက္ ေရာဂါပ်ံ႕ပြားမႈကို ထိန္းခ်ဳပ္ႏုိင္ေရး ေဆာင္ရြက္ၾကရန္ ျပည္သူ႔က်န္းမာေရးဌာနတာဝန္ရိွသူမ်ားအား ညႊန္ၾကားထားၿပီး လိင္ဆက္ဆံရာတြင္ ကြန္ဒံုးအသံုးျပဳၾကရန္၊ လိင္ဆက္ဆံေဖာ္အမ်ားအျပားထားျခင္းကို ေရွာင္ရွားရန္ႏွင့္ ေသြးစစ္ျခင္းကို ပံုမွန္ျပဳလုပ္ၾကရန္ အသိပညာေပးရန္ တုိက္တြန္းထားေၾကာင္း သိရသည္။

အထူးသျဖင့္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားအေနျဖင့္ ၎တို႔ကိုယ္တုိင္အျပင္ ခင္ပြန္းျဖစ္သူကိုလည္း ေသြးစစ္ျခင္းကို ျပဳလုပ္သင့္သည္ဟု တုိက္တြန္းထားသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် ဆစ်ဖလစ်ရောဂါကူးစက်မှုမြင့်တက်နေပြီး ယခုနှစ်အတွင်း မိခင်ထံမှ ရောဂါကူးစက်ခံထားရသည့် မွေးကင်းစကလေး ၂၄၉ ဦးအထိရှိလာ
*************
ထိုင်းနိုင်ငံတွင် ဆစ်ဖလစ်ရောဂါဖြစ်ပွားမှု မြင့်တက်လာနေပြီး ၂၀၁၉ ခုနှစ်အတွင်း မွေးကင်းစကလေးငယ်များအနက် (၂၄၉)ဦးမှာ မိခင်ထံမှ ဆစ်ဖလစ်ရောဂါ ကူးစက်ခံထားရကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

“ဆစ်ဖလစ်ရောဂါကူးစက်ခံရတဲ့မိခင်တွေကနေ မွေးလာတဲ့ကလေးတွေကို ကူးစက်တာပါ”ဟု ကျန်းမာရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဆူခွန်ကန်ချနာပီမိုင်က ပြောသည်။
ဆစ်ဖလစ်ရောဂါသည် လိင်မှတစ်ဆင့်ကူးစက်သည့်အပြင် သွေးမှလည်း ကူးစက်နိုင်ပြီး ရောဂါခံစားရသည်ကို မသိကြသဖြင့် အချိန်မီကုသမှုခံယူခြင်းမပြုလုပ်နိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ မေလ (၁၃)ရက်နေ့အတွင်း ဆစ်ဖလစ်ရောဂါ ကုသသူ  (၃၀၈၀)အနက် (၄၀.၄၂)ရာခိုင်နှုန်းမှာ အသက်(၁၅)နှစ်နှင့် (၂၄)ကြားလူငယ်များဖြစ်ပြီး (၂၄.၄၈)ရာခိုင်နှုန်းမှာ အသက် (၂၅)နှစ်မှ (၃၄)နှစ်ကြားအရွယ်များဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ဆစ်ဖလစ်ကူးစက်ခံရမှုအရေအတွက်မြင့်လာနေသဖြင့် ဒေသအလိုက် ရောဂါပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ကြရန် ပြည်သူ့ကျန်းမာရေးဌာနတာဝန်ရှိသူများအား ညွှန်ကြားထားပြီး လိင်ဆက်ဆံရာတွင် ကွန်ဒုံးအသုံးပြုကြရန်၊ လိင်ဆက်ဆံဖော်အများအပြားထားခြင်းကို ရှောင်ရှားရန်နှင့် သွေးစစ်ခြင်းကို ပုံမှန်ပြုလုပ်ကြရန် အသိပညာပေးရန် တိုက်တွန်းထားကြောင်း သိရသည်။

အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ၎င်းတို့ကိုယ်တိုင်အပြင် ခင်ပွန်းဖြစ်သူကိုလည်း သွေးစစ်ခြင်းကို ပြုလုပ်သင့်သည်ဟု တိုက်တွန်းထားသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net