ၿမိဳ႕ေတာ္ရဲတပ္ဖြဲ႕၊ မူးယစ္ႏွိမ္ႏွင္းေရးတပ္ဖြဲ႕တုိ႔ ပူးေပါင္းပါဝင္သည့္အဖြဲ႕ျဖင့္ ၂၀၁၉ ခုႏွစ္ ေမလ (၂၉)ရက္ေန႔ နံနက္အေစာပိုင္းက ဝင္စစ္ရာတြင္ေတြ႔ရသည့္ လူေပါင္း (၂၀၀)ဝန္းက်င္တြင္ ေက်ာင္းဝတ္စံုဝတ္ထားသူအမ်ားစု ပါဝင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
စစ္ေဆးမႈအတြင္း အက္တစီ၊ ကတ္တမင္းအထုပ္ငယ္ႏွင့္ e-cigarette မ်ားကိုလည္း ေတြ႔ရိွရၿပီး လြန္ခဲ့သည့္ႏွစ္လခန္႔ကတည္းက ဖြင့္လွစ္ထားသည့္ အဆိုပါဆုိင္တြင္ မူးယစ္ေဆးေရာင္းဝယ္မႈမ်ားရိွေၾကာင္း သတင္းအရ ဝင္ေရာက္ဖမ္းဆီးျခင္းျဖစ္သည္ဟု သိရသည္။
အဆုိပါဆိုင္တြင္ေတြ႔ရသည့္ လူ(၂၀၀)ကို ဆီးစစ္ေဆးသည့္အနက္ အမ်ိဳးသား (၇၀)ႏွင့္ အမ်ိဳးသမီး (၅၀)မွာ မူးယစ္ေဆးသံုးထားသည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရိွတြင္ အဆုိပါဆုိင္ကို တရားမဝင္ဖြင့္လွစ္လုပ္ကိုင္မႈ၊ သတ္မွတ္ခ်ိန္ထက္ ေက်ာ္လြန္ဖြင့္လွစ္မႈႏွင့္ တရားမဝင္ အရက္ေရာင္းခ်မႈတို႔ျဖင့္ ဆုိင္မန္ေနဂ်ာကို ကနဦးအမႈဖြင့္ထားေၾကာင္း သိရသည္။
Tachileik News Agency
Ref: Bangkok Post
**************
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Space Pub ကို ရဲတပ်ဖွဲ့က နံနက် (၃)နာရီဝန်းကျင်တွင် ဝင်စစ်ရာ လူပေါင်း (၁၂၀)မှာ မူးယစ်ဆေးသုံးထားသည်ကို တွေ့ရသဖြင့် ဆိုင်ဖွင့်ခွင့်ကို (၅)နှစ်ပိတ်သိမ်းလိုက်ကြောင်း သိရသည်။
မြို့တော်ရဲတပ်ဖွဲ့၊ မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် ၂၀၁၉ ခုနှစ် မေလ (၂၉)ရက်နေ့ နံနက်အစောပိုင်းက ဝင်စစ်ရာတွင်တွေ့ရသည့် လူပေါင်း (၂၀၀)ဝန်းကျင်တွင် ကျောင်းဝတ်စုံဝတ်ထားသူအများစု ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးမှုအတွင်း အက်တစီ၊ ကတ်တမင်းအထုပ်ငယ်နှင့် e-cigarette များကိုလည်း တွေ့ရှိရပြီး လွန်ခဲ့သည့်နှစ်လခန့်ကတည်းက ဖွင့်လှစ်ထားသည့် အဆိုပါဆိုင်တွင် မူးယစ်ဆေးရောင်းဝယ်မှုများရှိကြောင်း သတင်းအရ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါဆိုင်တွင်တွေ့ရသည့် လူ(၂၀၀)ကို ဆီးစစ်ဆေးသည့်အနက် အမျိုးသား (၇၀)နှင့် အမျိုးသမီး (၅၀)မှာ မူးယစ်ဆေးသုံးထားသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါဆိုင်ကို တရားမဝင်ဖွင့်လှစ်လုပ်ကိုင်မှု၊ သတ်မှတ်ချိန်ထက် ကျော်လွန်ဖွင့်လှစ်မှုနှင့် တရားမဝင် အရက်ရောင်းချမှုတို့ဖြင့် ဆိုင်မန်နေဂျာကို ကနဦးအမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency
Ref: Bangkok Post