"မွတ္ပံုတင္ ေပ်ာက္တာ၊ ပ်က္တာေတြလည္း လုပ္လို႔ရတယ္။ အဓိကကေတာ့ မွတ္ပံုတင္ေပါ့။ သူကတစ္ထိုင္တည္း တစ္ေနရာတည္းမွာလုပ္ေပးလို႔မရတဲ့အတြက္ အားနည္းခ်က္ေတာ့ရိွတာေပါ့။ တိုင္းရင္းသားေတာ္ေတာ္မ်ားမ်ားက မွတ္ပံုတင္ေပါ့။ ေပ်ာက္တာေတြ၊ ပ်က္တာေတြကို ျပန္လုပ္တာစိတ္ဝင္စားၾကတာ။ အဲဒီဝန္ေဆာင္မႈကို သက္ဆိုင္ရာ လဝက က မေပးႏိုင္ေသးဘူး။ ဒါကိုကြၽန္ေတာ္တို႔က ေမြးတိုးတို႔ ဖြားေသတို႔လုပ္ရင္းနဲ႔ ေလွ်ာက္လႊာေလွ်ာက္လို႔ရတာေပါ့။ ေလွ်ာက္လႊာေတြကို အုပ္ခ်ဳပ္ေရးမႉး႐ံုးမွာထိန္းထားၿပီးေတာ့ သီးျခားေပါ့။ လဝကတစ္ဖြဲ႕လံုးကြင္းဆင္းၿပီးေတာ့ လုပ္ေဆာင္ေပးမယ့္စီမံခ်က္ရိွတာေပါ့။ သူကလက္ေဗြႏိွပ္တာတို႔။ ဘိုးဘြားစဥ္ဆက္ဇယားတို႔ သြင္းရတာကိုး။ အဲဒီအခက္အခဲေလးေတြရိွေတာ့ ေလွ်ာက္လႊာေတြလက္ခံၿပီးေတာ့ ကြင္းဆင္းေဆာင္ရြက္ဖို႔ အစီအစဥ္ရိွပါတယ္"ဟု တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ဒုတိယအႀကိမ္ေျမာက္ ေရြ႕လ်ားဝန္ေဆာင္မႈအျဖစ္ ဝမ္ေကာင္းရပ္ကြက္အတြင္း ၂၀၁၉ ခုႏွစ္ ေမလ (၂၀)ရက္ေန႔က ေဆာင္ရြက္ေပးရာတြင္ လူမႈဝင္ႀကီးၾကပ္ေရးဦးစီးဌာနမွ (၁၀)ခု၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က (၇)ခု၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက (၁)ခု၊ စုစုေပါင္း (၁၈)ခု ေဆာင္ရြက္ေပးႏိုင္ခဲ့ေၾကာင္း ႏွင့္ ေမလ (၂၁)ရက္ေန႔တြင္ ပုန္းထြန္ရပ္ကြက္အတြင္း လူမႈဝင္ႀကီးၾကပ္ေရး ဦးစီးဌာနမွ (၂၅)ခု၊ က်န္းမာေရးဦးစီးဌာနမွ (၃)ခု၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက (၃)ခု၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က (၃)ခု စုစုေပါင္း (၃၄)ခု ေဆာင္ရြက္ေပးႏိုင္ခဲ့ေၾကာင္းအျပင္ ေမလ (၂၂) ရက္ေန႔တြင္ တာေလာ့ရပ္ကြက္အတြင္း လူမႈဝင္ႀကီးၾကပ္ေရး ဦးစီးဌာနမွ (၂) ခု၊ က်န္းမာေရးဦးစီးဌာနမွ (၁) ခု စုစုေပါင္း (၃) ခုေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။
One Stop Shop(OSS) အဖြဲ႕တြင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕၊ ျပည္တြင္းအခြန္မ်ား ဦးစီးဌာန၊ ေၾကးတိုင္ႏွင့္ေျမစာရင္းဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္ သာယာေရး ေကာ္မတီ၊ ျပန္/ထူ၊ လွ်ပ္စစ္၀န္ႀကီးဌာန၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဦးစီးဌာနႏွင့္ က်န္းမာေရး၀န္ႀကီးဌာနတို႔ ပါ၀င္ကာ အဆိုပါ ဌာနမ်ားနွင့္ သက္ဆုိင္သည့္ ကိစၥရပ္မ်ားကို ခ်က္ခ်င္း ေဆာင္ရြက္ေပးျခင္းျဖစ္ၿပီး ခ်က္ခ်င္းေဆာင္ရြက္၍ မျဖစ္ႏုိင္သည့္လုပ္ငန္းမ်ားကို သက္ဆိုင္ရာ ဌာနမ်ားမွ ေလွ်ာက္လႊာမ်ားလက္ခံရယူၿပီး ရံုးတြင္ ျပဳလုပ္ေပးေၾကာင္း သိရသည္။
သတင္း - #ဟန္စိုးထိုက္
ဓါတ္ပံု - #ေက်ာ္ဇင္ဟိန္း
"မှတ်ပုံတင် ပျောက်တာ၊ ပျက်တာတွေလည်း လုပ်လို့ရတယ်။ အဓိကကတော့ မှတ်ပုံတင်ပေါ့။ သူကတစ်ထိုင်တည်း တစ်နေရာတည်းမှာလုပ်ပေးလို့မရတဲ့အတွက် အားနည်းချက်တော့ရှိတာပေါ့။ တိုင်းရင်းသားတော်တော်များများက မှတ်ပုံတင်ပေါ့။ ပျောက်တာတွေ၊ ပျက်တာတွေကို ပြန်လုပ်တာစိတ်ဝင်စားကြတာ။ အဲဒီဝန်ဆောင်မှုကို သက်ဆိုင်ရာ လဝက က မပေးနိုင်သေးဘူး။ ဒါကိုကျွန်တော်တို့က မွေးတိုးတို့ ဖွားသေတို့လုပ်ရင်းနဲ့ လျှောက်လွှာလျှောက်လို့ရတာပေါ့။ လျှောက်လွှာတွေကို အုပ်ချုပ်ရေးမှူးရုံးမှာထိန်းထားပြီးတော့ သီးခြားပေါ့။ လဝကတစ်ဖွဲ့လုံးကွင်းဆင်းပြီးတော့ လုပ်ဆောင်ပေးမယ့်စီမံချက်ရှိတာပေါ့။ သူကလက်ဗွေနှိပ်တာတို့။ ဘိုးဘွားစဉ်ဆက်ဇယားတို့ သွင်းရတာကိုး။ အဲဒီအခက်အခဲလေးတွေရှိတော့ လျှောက်လွှာတွေလက်ခံပြီးတော့ ကွင်းဆင်းဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်"ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဒုတိယအကြိမ်မြောက် ရွေ့လျားဝန်ဆောင်မှုအဖြစ် ဝမ်ကောင်းရပ်ကွက်အတွင်း ၂၀၁၉ ခုနှစ် မေလ (၂၀)ရက်နေ့က ဆောင်ရွက်ပေးရာတွင် လူမှုဝင်ကြီးကြပ်ရေးဦးစီးဌာနမှ (၁၀)ခု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က (၇)ခု၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက (၁)ခု၊ စုစုပေါင်း (၁၈)ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း နှင့် မေလ (၂၁)ရက်နေ့တွင် ပုန်းထွန်ရပ်ကွက်အတွင်း လူမှုဝင်ကြီးကြပ်ရေး ဦးစီးဌာနမှ (၂၅)ခု၊ ကျန်းမာရေးဦးစီးဌာနမှ (၃)ခု၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက (၃)ခု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က (၃)ခု စုစုပေါင်း (၃၄)ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းအပြင် မေလ (၂၂) ရက်နေ့တွင် တာလော့ရပ်ကွက်အတွင်း လူမှုဝင်ကြီးကြပ်ရေး ဦးစီးဌာနမှ (၂) ခု၊ ကျန်းမာရေးဦးစီးဌာနမှ (၁) ခု စုစုပေါင်း (၃) ခုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
One Stop Shop(OSS) အဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီ၊ ပြန်/ထူ၊ လျှပ်စစ်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပါ၀င်ကာ အဆိုပါ ဌာနများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ချက်ချင်း ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ချက်ချင်းဆောင်ရွက်၍ မဖြစ်နိုင်သည့်လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများမှ လျှောက်လွှာများလက်ခံရယူပြီး ရုံးတွင် ပြုလုပ်ပေးကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း