မေလးရွားသို႔ခိုးဝင္မည့္ ျမန္မာလုပ္သား (၁၅)ဦး ထုိင္းႏုိင္ငံအတြင္း ဖမ္းဆီးခံရ

မေလးရွားသို႔ခိုးဝင္မည့္ ျမန္မာလုပ္သား (၁၅)ဦး ထုိင္းႏုိင္ငံအတြင္း ဖမ္းဆီးခံရ
မေ 2, 2019
By 🌸
ထုိင္းႏုိင္ငံမွတစ္ဆင့္ မေလးရွားႏုိင္ငံသို႔ ခုိးဝင္ရန္ႀကိဳးစားသည့္ ျမန္မာလုပ္သား (၁၅)ဦးကို ဟတ္ရိုင္တြင္ ရဲတပ္ဖြဲ႕က ဖမ္းဆီးလုိက္ေၾကာင္း သိရသည္။

အာရွလမ္းမႀကီးအတုိင္း ထုိင္းႏိုင္ငံသားယာဥ္ေမာင္း ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးကို ဟတ္ရိုင္ရိွ စစ္ေဆးေရးဂိတ္တြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၁)ရက္ေန႔ နံနက္ (၅)နာရီအခ်ိန္က စစ္ေဆးရန္ရပ္တန္႔ခိုင္းစဥ္ ေမာ္ေတာ္ယာဥ္က ေနာက္ျပန္ေကြ႕ေမာင္းနွင္ရန္ႀကိဳးစားစဥ္ လမ္းေဘးေျမာင္းအတြင္း ကားဘီးကၽြံက်သြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေမာ္ေတာ္ယာဥ္၏ ေနာက္ခန္း မိုးကာစေအာက္၌ ျမန္မာ အမ်ိဳးသား (၁၄)ဦးႏွင့္ အမ်ိဳးသမီး (၁)ဦးတို႔ အိပ္၍လုိက္ပါလာသည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံသားယာဥ္ေမာင္းက အဆိုပါ ျမန္မာလုပ္သားမ်ားကို တစ္ဦးလွ်င္ ဘတ္ (၃၀၀၀)ႏႈန္းယူေဆာင္၍ မေလးရွားနယ္စပ္သို႔ ပို႔ေဆာင္ေပးရန္ တင္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္ေမာင္းကို တရားမဝင္လုပ္သားပို႔ေဆာင္မႈျဖင့္ ဖမ္းဆီးထားၿပီး ကားေပၚတြင္လုိက္ပါလာသည့္ ျမန္မာလုပ္သားမ်ားမွာလည္း တရားမဝင္ ဝင္ေရာက္မႈျဖင့္စစ္ေဆးခံေနရေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မလေးရှားသို့ခိုးဝင်မည့် မြန်မာလုပ်သား (၁၅)ဦး ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရ
************
ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ခိုးဝင်ရန်ကြိုးစားသည့် မြန်မာလုပ်သား (၁၅)ဦးကို ဟတ်ရိုင်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အာရှလမ်းမကြီးအတိုင်း ထိုင်းနိုင်ငံသားယာဉ်မောင်း မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးကို ဟတ်ရိုင်ရှိ စစ်ဆေးရေးဂိတ်တွင် ၂၀၁၉ ခုနှစ်၊ မေလ (၁)ရက်နေ့ နံနက် (၅)နာရီအချိန်က စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မော်တော်ယာဉ်က နောက်ပြန်ကွေ့မောင်းနှင်ရန်ကြိုးစားစဉ် လမ်းဘေးမြောင်းအတွင်း ကားဘီးကျွံကျသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ်၏ နောက်ခန်း မိုးကာစအောက်၌ မြန်မာ အမျိုးသား (၁၄)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ အိပ်၍လိုက်ပါလာသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသားယာဉ်မောင်းက အဆိုပါ မြန်မာလုပ်သားများကို တစ်ဦးလျှင် ဘတ် (၃၀၀၀)နှုန်းယူဆောင်၍ မလေးရှားနယ်စပ်သို့ ပို့ဆောင်ပေးရန် တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းကို တရားမဝင်လုပ်သားပို့ဆောင်မှုဖြင့် ဖမ်းဆီးထားပြီး ကားပေါ်တွင်လိုက်ပါလာသည့် မြန်မာလုပ်သားများမှာလည်း တရားမဝင် ဝင်ရောက်မှုဖြင့်စစ်ဆေးခံနေရကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net