ဈေးကွက်အတွင်း ရောင်းချနေသည့် နှုတ်ခမ်းဆိုးဆေး (၄)မျိုးတွင် တားမြစ်ဓါတုပစ္စည်းများပါဝင်နေကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကြေညာထားသည်။
အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူးရောင်းချသူများနှင့် လက်လီလက်ကားရောင်းချသူများအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် အလှကုန်ပစ္စည်းများကို ကျင့်ဝတ်အရ ရောင်းချခြင်းမပြုကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ်(၃)(ဃ)အရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ထုတ်လုပ်သည့်နိုင်ငံ ဖော်ပြမထားသည့် Romantic May Matte Lipstick၊ Romantic May Lipstick New Color Waterproof၊ Seduce Hanbeili Natural Lipstick နှင့် တရုတ်နိုင်ငံထုတ် TAILAMEI Black Rose Lipstick တို့တွင် ကင်ဆာဖြစ်စေနိုင်သည့် Rhodamine B ဓာတုပစ္စည်းပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူးရောင်းချသူများနှင့် လက်လီလက်ကားရောင်းချသူများအနဖြေင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် အလှကုန်ပစ္စည်းများကို ကျင့်ဝတ်အရ ရောင်းချခြင်းမပြုကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ်(၃)(ဃ)အရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency