ထုိင္းႏုိင္ငံသားဧည့္လမ္းညြန္အျဖစ္ ဟန္ေဆာင္ထားသည့္ တရုတ္ႏုိင္ငံသားကို ေလဆိပ္တြင္ ဖမ္းမိ

ထုိင္းႏုိင္ငံသားဧည့္လမ္းညြန္အျဖစ္ ဟန္ေဆာင္ထားသည့္ တရုတ္ႏုိင္ငံသားကို ေလဆိပ္တြင္ ဖမ္းမိ
မေ 25, 2019
By 🌸
ထုိင္းႏိုင္ငံသား ဧည့္လမ္းညႊန္အျဖစ္လိမ္ညာထားသည့္ တရုတ္ႏုိင္ငံသားတစ္ဦးကို ထုိင္းႏုိင္ငံ သုဝဏၰဘူမိေလဆိပ္တြင္ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

တရုတ္ခရီးသြားအဖြဲ႕ကို စမြတ္ပရာကန္ရိွ ဘုရားသို႔သြားေရာက္လည္ပတ္ရန္ ပို႔ေဆာင္ေပးခဲ့သည့္ တရုတ္ႏုိင္ငံသား အသက္ (၃၇)ႏွစ္အရြယ္ လီခ်န္းကို ရဲတပ္ဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ေမလ (၂၃)ရက္ေန႔တြင္ စစ္ေဆးရာ ၎မွာ ထုိင္းႏုိင္ငံသားတစ္ဦး၏ သက္ေသခံကဒ္ျပားကိုခိုးယူကာ ဧည့္လမ္းညႊန္လိုင္စင္အျပင္ ယာဥ္ေမာင္းလုိင္စင္ႏွင့္ ႏုိင္ငံကူးလက္မွတ္မ်ားကိုပါ လုပ္ေဆာင္ထားသည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

လီခ်န္းက ထုိင္းနုိင္ငံသားတစ္ဦး၏ သက္ေသခံကဒ္ကို ၂၀၁၅ ခုႏွစ္ကတည္းက ရယူသံုးစြဲေနခဲ့ျခင္းျဖစ္ေၾကာင္း သိရၿပီး ေဖေဖၚဝါရီလအတြင္းကလည္း သုဝဏၰဘူမိေလဆိပ္ လံုၿခံဳေရးဝန္ထမ္းတစ္ဦးကို ေနွာင့္ယွက္မႈျဖင့္ ဒဏ္ေၾကးေပးေဆာင္ခဲ့ရဖူးသူျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံသားဧည့်လမ်းညွန်အဖြစ် ဟန်ဆောင်ထားသည့် တရုတ်နိုင်ငံသားကို လေဆိပ်တွင် ဖမ်းမိ
*************
ထိုင်းနိုင်ငံသား ဧည့်လမ်းညွှန်အဖြစ်လိမ်ညာထားသည့် တရုတ်နိုင်ငံသားတစ်ဦးကို ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင် ဖမ်းဆီးရမိထားကြောင်း သိရသည်။

တရုတ်ခရီးသွားအဖွဲ့ကို စမွတ်ပရာကန်ရှိ ဘုရားသို့သွားရောက်လည်ပတ်ရန် ပို့ဆောင်ပေးခဲ့သည့် တရုတ်နိုင်ငံသား အသက် (၃၇)နှစ်အရွယ် လီချန်းကို ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ မေလ (၂၃)ရက်နေ့တွင် စစ်ဆေးရာ ၎င်းမှာ ထိုင်းနိုင်ငံသားတစ်ဦး၏ သက်သေခံကဒ်ပြားကိုခိုးယူကာ ဧည့်လမ်းညွှန်လိုင်စင်အပြင် ယာဉ်မောင်းလိုင်စင်နှင့် နိုင်ငံကူးလက်မှတ်များကိုပါ လုပ်ဆောင်ထားသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

လီချန်းက ထိုင်းနိုင်ငံသားတစ်ဦး၏ သက်သေခံကဒ်ကို ၂၀၁၅ ခုနှစ်ကတည်းက ရယူသုံးစွဲနေခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဖေဖေါ်ဝါရီလအတွင်းကလည်း သုဝဏ္ဏဘူမိလေဆိပ် လုံခြုံရေးဝန်ထမ်းတစ်ဦးကို နှောင့်ယှက်မှုဖြင့် ဒဏ်ကြေးပေးဆောင်ခဲ့ရဖူးသူဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net