နီေပါဘက္မွ ဧဝရက္ေတာင္ထိပ္တက္သြားသည့္ အေမရိကန္ေရွ႕ေနတစ္ဦးျဖစ္သည့္ အသက္(၆၂)ႏွစ္အရြယ္ ခရစၥတိုဖာဂၽြန္ကူးလစ္ရွ္သည္ ေတာင္ထိပ္တြင္ ၂၀၁၉ ခုႏွစ္ ေမလ (၂၇)ရက္ေန႔က ေသဆံုးသြားခဲ့ေၾကာင္း နီေပါခရီးသြားလုပ္ငန္းဌာနမွ ညြန္ၾကားေရးမွဴးက CNN သို႔ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ခရစၥတိုဖာကူးလစ္ရွ္သည္ အျမင့္ေပ (၂၅၉၁၈)သို႔ ေအာင္ျမင္စြာေရာက္သြားခဲ့ၿပီး က်န္းမာေရးအေျခအေနေကာင္းမြန္ေနရာမွ ေမလ (၂၇)ရက္ေန႔ ညေနပိုင္းက ေသဆံုးသြားေၾကာင္း သိရသည္။
ဧဝရက္ေတာင္တက္သူမ်ားမွ ၾသစတီးယားႏို္င္ငံမွ အသက္ (၆၄)ႏွစ္အရြယ္ အားနက္စ္လင္းဂရက္ဖ္မွာလည္း ေမလ (၂၃)ရက္ေန႔က ေသဆံုးခဲ့ေၾကာင္း သိရသည္။
ယခုႏွစ္ ေတာင္တက္ရာသီအတြင္း ဧဝရက္ေတာင္၏ အျမင့္ေပ (၂၆၂၄၇)တြင္ ေမလ (၂၀)ရက္ေန႔မွစ၍ ေတာင္ထိပ္တက္မည့္သူမ်ား တန္းစီေနရၿပီး ေတာင္တက္လမ္းတေလွ်ာက္ လူတန္းရွည္ကို ေစာင့္ဆုိင္းရျခင္းက အထူးသျဖင့္ ကၽြမ္းက်င္မႈမရိွသူမ်ားအတြက္ အႏၱရာယ္မ်ားေၾကာင္း ကၽြမ္းက်င္သူမ်ားက မွတ္ခ်က္ျပဳသည္။
ဧဝရက္ေတာင္၏ အျမင့္ဆံုးေတာင္ထိပ္အျမင့္ေပ (၂၉၀၂၉)ေပသို႔ တက္သူမ်ားသည္ ေအာက္ဆီဂ်င္ဗူးမပါဘဲ မိနစ္အနည္းငယ္သာ ေနႏုိင္ျခင္းျဖစ္ရာ လူတန္းရွည္ေစာင့္ဆိုင္းေနရျခင္းက အႏၱရာယ္ရိွဇုန္ျဖစ္ေနေၾကာင္း သံုးသပ္ၾကသည္။
ဧဝရက္ေတာင္တြင္ ေတာင္တက္သူမ်ားျပားေနသျဖင့္ အခ်ိဳ႕ေသာ ေတာင္တက္မည့္သူမ်ားက အခ်ိန္ေရႊ႕ဆုိင္းမႈမ်ားလည္း ရိွေနေၾကာင္း သိရသည္။
ကမၻာ့အျမင့္ဆံုးေတာင္ထိပ္ျဖစ္သည့္ ဧဝရက္ေတာင္ထိပ္သို႔ နီေပါႏုိင္ငံဘက္ျခမ္းရိွ ေတာင္ေျခမွစ၍ တက္ေရာက္ၾကၿပီး ကမၻာတလႊားရိွ ေတာင္တက္သမားအမ်ားအျပား နီေပါသို႔ ႏွစ္စဥ္လာေရာက္ၾကျခင္းျဖစ္သည္။
Tachileik News Agency
Ref: CNN
************
ဧဝရက်တောင်ထိပ်တက်ရန် တန်းစီစောင့်ဆို်င်းနေရသည်အထိ တောင်တက်သူများပြားသည့် ၂၀၁၉ ခုနှစ်အတွင်း တောင်ထိပ်တွင်သေဆုံးသူ (၁၁)ဦးအထိရှိလာနေပြီဖြစ်ကြောင်း သိရသည်။
နီပေါဘက်မှ ဧဝရက်တောင်ထိပ်တက်သွားသည့် အမေရိကန်ရှေ့နေတစ်ဦးဖြစ်သည့် အသက်(၆၂)နှစ်အရွယ် ခရစ္စတိုဖာဂျွန်ကူးလစ်ရှ်သည် တောင်ထိပ်တွင် ၂၀၁၉ ခုနှစ် မေလ (၂၇)ရက်နေ့က သေဆုံးသွားခဲ့ကြောင်း နီပေါခရီးသွားလုပ်ငန်းဌာနမှ ညွန်ကြားရေးမှူးက CNN သို့ ပြောကြားခဲ့ကြောင်း သိရသည်။
ခရစ္စတိုဖာကူးလစ်ရှ်သည် အမြင့်ပေ (၂၅၉၁၈)သို့ အောင်မြင်စွာရောက်သွားခဲ့ပြီး ကျန်းမာရေးအခြေအနေကောင်းမွန်နေရာမှ မေလ (၂၇)ရက်နေ့ ညနေပိုင်းက သေဆုံးသွားကြောင်း သိရသည်။
ဧဝရက်တောင်တက်သူများမှ သြစတီးယားနို်င်ငံမှ အသက် (၆၄)နှစ်အရွယ် အားနက်စ်လင်းဂရက်ဖ်မှာလည်း မေလ (၂၃)ရက်နေ့က သေဆုံးခဲ့ကြောင်း သိရသည်။
ယခုနှစ် တောင်တက်ရာသီအတွင်း ဧဝရက်တောင်၏ အမြင့်ပေ (၂၆၂၄၇)တွင် မေလ (၂၀)ရက်နေ့မှစ၍ တောင်ထိပ်တက်မည့်သူများ တန်းစီနေရပြီး တောင်တက်လမ်းတလျှောက် လူတန်းရှည်ကို စောင့်ဆိုင်းရခြင်းက အထူးသဖြင့် ကျွမ်းကျင်မှုမရှိသူများအတွက် အန္တရာယ်များကြောင်း ကျွမ်းကျင်သူများက မှတ်ချက်ပြုသည်။
ဧဝရက်တောင်၏ အမြင့်ဆုံးတောင်ထိပ်အမြင့်ပေ (၂၉၀၂၉)ပေသို့ တက်သူများသည် အောက်ဆီဂျင်ဗူးမပါဘဲ မိနစ်အနည်းငယ်သာ နေနိုင်ခြင်းဖြစ်ရာ လူတန်းရှည်စောင့်ဆိုင်းနေရခြင်းက အန္တရာယ်ရှိဇုန်ဖြစ်နေကြောင်း သုံးသပ်ကြသည်။
ဧဝရက်တောင်တွင် တောင်တက်သူများပြားနေသဖြင့် အချို့သော တောင်တက်မည့်သူများက အချိန်ရွှေ့ဆိုင်းမှုများလည်း ရှိနေကြောင်း သိရသည်။
ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် ဧဝရက်တောင်ထိပ်သို့ နီပေါနိုင်ငံဘက်ခြမ်းရှိ တောင်ခြေမှစ၍ တက်ရောက်ကြပြီး ကမ္ဘာတလွှားရှိ တောင်တက်သမားအများအပြား နီပေါသို့ နှစ်စဉ်လာရောက်ကြခြင်းဖြစ်သည်။
Tachileik News Agency
Ref: CNN