ထိုင်းနိုင်ငံတွင် အသုံးပြုနေသည့် ဆေးဝါးအမျိုးအစားပေါင်း (၃၀၁၃၀)ရှိသည့်အနက် အရေးပေါ်ကုသမှုများတွင် အသုံးပြုသည့်ဆေးများအပါအဝင် အသုံးများသည့်ဆေးဝါးများကိုသာ ဈေးနှုန်းဖေါ်ပြထားစေခြင်းဖြစ်ကြောင်း သိရသည်။
ဆေးဝါးဈေးနှုန်းများကို ဆေးရုံ၏ ဝက်ဘ်ဆိုဒ်သို့မဟုတ် QR Code များကို ဖေါ်ပြထားရမည်ဖြစ်ကာ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဘတ်တစ်သောင်းထက်မပိုသော ဒဏ်ကြေးနှင့် တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်နိုင်မည်ဖြစ်ကြောင်း သိရပြီး အရေးပေါ်လူနာအပြင် အခြားလူနာအားလုံးထံ ဆေးဝါးဈေးနှုန်းများကို ပေးထားရမည်ဖြစ်ကြောင်း သိရသည်။
ဆေးရုံများအနေဖြင့် ဆေးဈေးနှုန်းမြှင့်လိုပါက ပြည်တွင်းကုန်သွယ်ရေးဌာနထံ တင်ပြအတည်ပြုပြီးမှ ပြောင်းလဲခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
Ref: Bangkok Post
************
ထိုင်းနိုင်ငံမှ ပုဂ္ဂလိကဆးရုံများတွင် ဆေးအမျိုးအစား (၃၀၀၀)၏ စျေးနှုန်းများကို ဖေါ်ပြထားရတော့မည်ဖြစ်ပြီး လူနာများအနေဖြင့် ဆေးရုံမှဆေးဆိုင်အပြင် အခြားဆေးဆိုင်များတွင်လည်း ရွေးချယ်ဝယ်ယူခွင့်ရရန် ဆောင်ရွက်ပေးရတော့မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အသုံးပြုနေသည့် ဆေးဝါးအမျိုးအစားပေါင်း (၃၀၁၃၀)ရှိသည့်အနက် အရေးပေါ်ကုသမှုများတွင် အသုံးပြုသည့်ဆေးများအပါအဝင် အသုံးများသည့်ဆေးဝါးများကိုသာ စျေးနှုန်းဖေါ်ပြထားစေခြင်းဖြစ်ကြောင်း သိရသည်။
ဆေးဝါးစျေးနှုန်းများကို ဆေးရုံ၏ ဝက်ဘ်ဆိုဒ်သို့မဟုတ် QR Code များကို ဖေါ်ပြထားရမည်ဖြစ်ကာ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဘတ်တစ်သောင်းထက်မပိုသော ဒဏ်ကြေးနှင့် တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်နို်င်မည်ဖြစ်ကြောင်း သိရပြီး အရေးပေါ်လူနာအပြင် အခြားလူနာအားလုံးထံ ဆေးဝါးစျေးနှုန်းများကို ပေးထားရမည်ဖြစ်ကြောင်း သိရသည်။
ဆေးဝါးအမည်အပြည့်အစုံနှင့် အများအခေါ်အမည်နှစ်ခုလုံးတွဲ၍ ဖေါ်ပြရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထောင်ဒဏ် (၅)နှစ်နှင့် ငွေဒဏ် ဘတ်တစ်သိန်းသော်လည်းကောင်း၊ ထောင်ဒဏ် (၅)နှစ်သော်လည်းကောင်း ချမှတ်ခံရနိုင်ကြောင်း သိရသည်။
ဆေးရုံများအနေဖြင့် ဆေးစျေးနှုန်းမြှင့်လိုပါက ပြည်တွင်းကုန်သွယ်ရေးဌာနထံ တင်ပြအတည်ပြုပြီးမှ ပြောင်းလဲခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
Ref: Bangkok Post