ထိုင္းႏုိင္ငံေဆးဝါးကုမၸဏီအမည္ကို အသံုးျပဳထားသည့္ Add Plus ေဆးဝါးအတုမွာ ေသာက္သံုးရန္မသင့္ေၾကာင္း FDA ေၾကညာ

ထိုင္းႏုိင္ငံေဆးဝါးကုမၸဏီအမည္ကို အသံုးျပဳထားသည့္ Add Plus ေဆးဝါးအတုမွာ ေသာက္သံုးရန္မသင့္ေၾကာင္း FDA ေၾကညာ
မေ 9, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံ၏ ေဆးဝါးကုမၸဏီ B.L.HUA & C.,Ltd, Thailand ၏ ထုတ္္ကုန္အျဖစ္ အြန္လုိင္းတြင္ ေၾကာ္ျငာေရာင္းခ်ေနသည့္ Add Plus အမည္ျဖင့္ေဆးမွာ ေဆးဝါးအတုျဖစ္ၿပီး အဆိုပါကုမၸဏီမွ ထုတ္လုပ္ထားျခင္းမရိွေၾကာင္း အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက ေမလ (၉)ရက္ေန႔တြင္ ေၾကညာသည္။

Add Plus ေဆးဝါးတြင္ ၎တို႔ကုမၸဏီအမည္ကိုအသံုးျပဳထားသည္ကိုေတြ႔ရၿပီး အဆိုပါေဆးအမ်ိဳးအစားကို ထုတ္လုပ္ထားျခင္း မရိွေၾကာင္း B.L.HUA & C.,Ltd, Thailand က ျမန္မာ FDA သို႔ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၀)ရက္ေန႔က သတင္းေပးပို႔အေၾကာင္းၾကားထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာ FDA က အဆိုပါ ေဆးဝါးမ်ားကို Online Page မွ ဝယ္ယူစစ္ေဆးရာ ထုတ္လုပ္သူေနရာတြင္ B.L.HUA & C.,Ltd, Thailand ဟုေဖၚျပထားၿပီး ထုတ္လုပ္ရက္စြဲႏွင့္ သက္တမ္းကုန္ရက္စြဲမ်ားကိုလည္း စတစ္ကာျဖင့္ ကပ္၍ ေဖၚျပထားသည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

Add Plus ေဆးဝါးတုကို မည္သည့္ႏုိင္ငံတြင္မွ မွတ္ပံုတင္ထားျခင္းမရိွဘဲ ေဆးဝါးထုတ္လုပ္သည့္ကုမၸဏီအမည္ကို အတုျပဳလုပ္ေရာင္းခ်ေနသျဖင့္ ေဆးဝါး၏ေဘးအႏၱရာယ္ကင္းရွင္းေရးကို အာမ မခံႏုိင္သည့္အတြက္ ေသာက္သံုးရန္မသင့္သည့္ေဆးအျဖစ္ ျမန္မာ FDA က ၂၀၁၉ ခုႏွစ္၊ ေမလ (၉)ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာလုိက္သည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ၏ ဆေးဝါးကုမ္ပဏီ B.L.HUA & C.,Ltd, Thailand၏ ထုတ်ကုန်အဖြစ် အွန်လိုင်းတွင် ကြော်ငြာရောင်းချနေသည့် Add Plus အမည်ဖြင့်ဆေးမှာ ဆေးဝါးအတုဖြစ်ပြီး အဆိုပါကုမ္ပဏီမှ ထုတ်လုပ်ထားခြင်းမရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက မေလ (၉)ရက်နေ့တွင် ကြေညာသည်။

Add Plus ဆေးဝါးတွင်၎င်းတို့ကုမ္ပဏီအမည်ကိုအသုံးပြုထားသည်ကိုတွေ့ရပြီး အဆိုပါဆေးအမျိုးအစားကို ထုတ်လုပ်ထားခြင်း မရှိကြောင်း B.L.HUA & C.,Ltd, Thailand က မြန်မာ FDA သို့ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့က သတင်းပေးပို့အကြောင်းကြားထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ FDA က အဆိုပါ ဆေးဝါးများကို Online Page မှ ဝယ်ယူစစ်ဆေးရာ ထုတ်လုပ်သူနေရာတွင် B.L.HUA & C.,Ltd, Thailand ဟုဖော်ပြထားပြီး ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ရက်စွဲများကိုလည်း စတစ်ကာဖြင့် ကပ်၍ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

Add Plus ဆေးဝါးတုကို မည်သည့်နိုင်ငံတွင်မှ မှတ်ပုံတင်ထားခြင်းမရှိဘဲ ဆေးဝါးထုတ်လုပ်သည့်ကုမ္ပဏီအမည်ကို အတုပြုလုပ်ရောင်းချနေသဖြင့် ဆေးဝါး၏ဘေးအန္တရာယ်ကင်းရှင်းရေးကို အာမ မခံနိုင်သည့်အတွက် သောက်သုံးရန်မသင့်သည့်ဆေးအဖြစ် မြန်မာ FDA က ၂၀၁၉ ခုနှစ်၊ မေလ (၉)ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net