တီဘီလူနာကွင်းဆင်းရှာဖွေကုသခြင်းအဖြစ် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ကစ၍ နေ့အလိုက် သတ်မှတ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ပေးမှု စတင်

တီဘီလူနာကွင်းဆင်းရှာဖွေကုသခြင်းအဖြစ် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ကစ၍ နေ့အလိုက် သတ်မှတ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ပေးမှု စတင်
မေ 27, 2019
By Tachileik News Agency


ရပ်ကွက်နေသူများ၊ ရွေ့ပြောင်းလုပ်သားများအနေဖြင့် အဆိုပါနေ့ရက်များတွင် နံနက် (၉)နာရီမှစ၍ ညနေပိုင်းအထိ အခမဲ့လာရောက်စစ်ဆေးခံနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီ ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ (၃၀)တွင် ပါဝင်နေဆဲဖြစ်ကာ တီဘီရောဂါဖြစ်ပွားသူများ၏ (၇၃) ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြောင်း၂၀၁၇ - ၂၀၁၈ နိုင်ငံတစ်ဝန်း တီဘီရောဂါဖြစ်ပွားမှုစစ်တမ်းအရ သိရသည်။

Tachileik News Agency
ဓါတ်ပုံ - NKA


~~~~~~~~⊰❂ Unicode Version ~~~~~~~~

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဌာနက ရွေ့လျားဓာတ်မှန်စက်ဖြင့် တီဘီလူနာကွင်းဆင်းရှာဖွေကုသခြင်းကို ၂၀၁၉ ခုနှစ် မေလ (၂၇)ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိ ပြုလုပ်ပေးနေကြောင်း သိရသည်။

တီဘီလူနာရှာဖွေကုသခြင်းကို မေလ (၂၇)ရက်နေ့တွင် တာချီလိတ်မြို့ပေါ် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မေလ (၂၈)ရက်နေ့တွင် ဆန်ဆိုင်း (ခ)အတွင်းရှိ ဝမ်မိုင်ရွာ၊ မေလ (၂၉)ရက်နေ့တွင် မကာဟိုခမ်းရပ်ကွက်၊ မေလ (၃၀)ရက်နှင့် မေလ (၃၁)ရက်နေ့များတွင် ဝမ်ကောင်းရက်ကွက် (ကချင်ရွာ)တို့တွင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ရပ်ကွက်နေသူများ၊ ရွေ့ပြောင်းလုပ်သားများအနဖြေင့် အဆိုပါနေ့ရက်များတွင် နံနက် (၉)နာရီမှစ၍ ညနေပိုင်းအထိ အခမဲ့လာရောက်စစ်ဆေးခံနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကမာ္ဘ့တီဘီ ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ (၃၀)တွင် ပါဝင်နေဆဲဖြစ်ကာ တီဘီရောဂါဖြစ်ပွားသူများ၏ (၇၃) ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြောင်း၂၀၁၇ - ၂၀၁၈ နိုင်ငံတစ်ဝန်း တီဘီရောဂါဖြစ်ပွားမှုစစ်တမ်းအရ သိရသည်။

Tachileik News Agency
ဓာတ်ပုံ - NKA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net