ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း သင်္ကြန်ကာလ အထူးအစီအစဉ်အနေဖြင့် ဧပြီလ (၄) ရက်နေ့က ညပိုင်းက ပြုလုပ်ခဲ့ပြီး ၀ယ်ယူသူများ အပါအ၀င် လာရောက်ကြည့်ရှုသည့်ပရိတ်သတ်များနှင့် ဂိမ်းကစားပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
Tachileik News Agency
"ဖုန်း Power Bank ရယ်၊ နားကြပ်ရယ်၊ ရေစိုခံအိတ်တွေရယ်၊ ရေဘူးတွေကို ပေးခဲ့ပါတယ်။ ဂိမ်းဆော့ပြီး ဆုရတဲ့သူတွေပေးခဲ့တာပေါ့"ဟု vivo မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါပွဲတွင် BBOY အကကို Mizzima Crew အဖွဲ့က ဖျော်ဖြေခဲ့ပြီး Tachileik Talent Show မှ အဆို ဝါသနာရှင် လူငယ်များမှလည်း ပါဝင်သီခဲ့ပြီး မော်ဒယ်များမှလည်း ကုန်ပစ္စည်းများကို ပြသကြော်ငြာကာ ပရိတ်သတ်များကို ကံစမ်းမဲဖောက်ပေးသည့် အစီအစဉ်နှင့် ပရိတ်သက်များကိုယ်တိုင်ပါဝင်နိုင်သည့် ဂိမ်းအစီအစဉ်များလည်း ထည့်သွင်းကစားခဲ့ကြောင်း သိရသည်။
VIVO Y53 နှင့် Y81i ဝယ်ယူတဲ့သူတွေအတွက် ရေစိုခံအိတ်၊ Y91 နှင့် Y95 ဝယ်ယူသူများအတွက် Giftbox အသေး၊ Y91c ဝယ်ယူသူများအတွက် ရေဗူး၊ Y91i ဝယ်ယူသူများအတွက် Selfie Stick၊ V15 ဝယ်ယူသူများအတွက် Luggage၊ V15Pro ဝယ်ယူသူများအတွက် Vivo Gift Box၊ Y93 ဝယ်ယူသူများအတွက် Power Bank လက်ဆောင်များကို vivo မှ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း