တာချီလိတ်ခရိုင်အတွင်းရှိ သစ်တောစိုက်ခင်းများနှင့် သတ္တုလုပ်ကွက်များကို ပြည်ထောင်စုဝန်ကြီးသွား ရောက်စစ်ဆေး

တာချီလိတ်ခရိုင်အတွင်းရှိ သစ်တောစိုက်ခင်းများနှင့် သတ္တုလုပ်ကွက်များကို ပြည်ထောင်စုဝန်ကြီးသွား ရောက်စစ်ဆေး
ဧပွီ 7, 2019
By Tachileik News Agency



ဆက်လက်၍ တာလေမြို့ရှိ မေဖလားဝါးကုမ္ပဏီ၏ ရွှေတူးဖော်ရေးလုပ်ကွက်နှင့် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ စိုင်းလောင်ဟိန်းသတ္တုတူးဖော်ရေးကုမ္ပဏီ၏ မဂ္ဂနီဒိုင်အောက်ဆိုဒ်များ သိုလှောင်ထားရှိမှုနှင့် စက်မှုဇုန်ရှိ Mayflower Mining Enterprise ၏ သတ္တုသုံးမီးသွေးပြုပြင်ရေးစက်ရုံသို့လည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နှင့် အဖွဲ့သည် ၂၀၁၉ခုနှစ် ဧပြီလ(၆)ရက်နေ့က တာချီလိတ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဧပြီလ(၇)ရက်နေ့က လေထုအခြေအနေနှင့် ပတ်သက်၍ ရှမ်းရိုးမကွင်းအတွင်း မီးခိုးငွေ့ကင်းစင်နေရာကို ကြည့်ရှုခြင်း နှင့် လေထုတိုင်းတာသည့်နေရာများကို ကြည့်ရှုစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ ဌာနပိုင်ကျွန်းစိုက်ခင်းများနှင့် ပုဂ္ဂလိကပိုင် စီးပွားဖြစ် ကျွန်းစိုက်ခင်းများ အပါအဝင် တာချီလိတ်နှင့်တာလေအတွင်းရှိ သတ္တုလုပ်ကွက်အချို့အား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နှင့်အဖွဲ့က ၂၀၁၉ခုနှစ် ဧပြီလ (၇) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်အတွင်း နမ့်လုံတောင်ကြိုးပြင် ကာကွယ်တောရှိ ဌာနပိုင်ကျွန်းစိုက်ခင်းများနှင့် ဦးတင်မြင့်စိုက်ပျိုး ထားသည့် စီးပွားဖြစ် ကျွန်းစိုက်ခင်း ဧက (၁၅၀) ကို သွားရောက်ကြည့်ရှုခဲ့ပြီး သစ်တောစိုက်ခင်းအတွင်း သီးနှံများ ထည့်သွင်းစိုက်ပျိုးရန် လမ်းညွှန်မှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တာလမြေို့ရှိ မေဖလားဝါးကုမ္ပဏီ၏ ရွှေတူးဖော်ရေးလုပ်ကွက်နှင့် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ စိုင်းလောင်ဟိန်းသတ္တုတူးဖော်ရေးကုမ္ပဏီ၏ မဂ္ဂနီဒိုင်အောက်ဆိုဒ်များ သိုလှောင်ထားရှိမှုနှင့် စက်မှုဇုန်ရှိ Mayflower Mining Enterprise၏ သတ္တုသုံးမီးသွေးပြုပြင်ရေးစက်ရုံသို့လည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နှင့် အဖွဲ့သည် ၂၀၁၉ခုနှစ် ဧပြီလ(၆)ရက်နေ့က တာချီလိ်တ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဧပြီလ(၇)ရက်နေ့က လေထုအခြေအနေနှင့် ပတ်သက်၍ ရှမ်းရိုးမကွင်းအတွင်း မီးခိုးငွေ့ကင်းစင်နေရာကို ကြည့်ရှုခြင်း နှင့် လေထုတိုင်းတာသည့်နေရာများကို ကြည့်ရှုစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net