၂၀၁၉ တာချီလိတ်သင်္ကြန် ဗဟိုမဏ္ဍပ်အား ယခင်နှစ်ထက် တိုးချဲ့ဆောက်လုပ်ထားပြီး လုံခြုံရေးအတွက် CCTVများ တပ်ဆင်ထားမည့်အပြင် wifi အခမဲ့ပါ လွှင့်ပေးထားမည်

၂၀၁၉ တာချီလိတ်သင်္ကြန် ဗဟိုမဏ္ဍပ်အား ယခင်နှစ်ထက် တိုးချဲ့ဆောက်လုပ်ထားပြီး လုံခြုံရေးအတွက် CCTVများ တပ်ဆင်ထားမည့်အပြင် wifi အခမဲ့ပါ လွှင့်ပေးထားမည်
ဧပွီ 9, 2019
By Tachileik News Agency



ဗဟိုမဏ္ဍပ်အား တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် တည်ဆောက်နေလျက်ရှိပြီး ဗဟိုမဏ္ဍပ်အပါအ၀င် ကျန်မဏ္ဍပ်များအနေဖြင့် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ မဏ္ဍပ်၊ ဆန်ဆိုင်း(က+ခ)မဏ္ဍပ်၊ ၀ိန်းကျောက်+ပါဆတ်+ဆေခမ်း မဏ္ဍပ်၊ မယ်ခေါင်+ရန်အောင်မြေ မဏ္ဍပ်၊ ပုန်းထွန်+တာလော့+၀မ်ကောင်း+မကာဟိုခမ်း မဏ္ဍပ် နှင့် ရေပေးဝေရေး+ IM-Net ကုမ္ပဏီ မဏ္ဍပ် စုစုပေါင်း မဏ္ဍပ်(၇)ခု ပါဝင်မည်ဖြစ်သည်။

ဗဟိုမဏ္ဍပ်တွင် ပြိုင်ပွဲဝင် သင်္ကြန်ယိမ်းအဖွဲ့များအနေဖြင့် ဧပြီလ(၁၃)ရက်နေ့ သင်္ကြန်အကြိုနေ့ ညတွင် ပါဆပ်နှင့်ဆေခမ်းရပ်ကွက် ကိုယ်စားပြု ယိမ်းအဖွဲ့၊ စစ်ဗျူဟာ(အခြေချ)တာချီလိတ်  ကိုယ်စားပြု ယိမ်းအဖွဲ့၊ ၀မ်လုံးနှင့်မိုင်းဟဲကျေးရွာအုပ်စု  ကိုယ်စားပြု ယိမ်းအဖွဲ့၊ ၀ိန်းကျောက်နှင့်လွယ်တော်ခမ်းကျေးရွာအုပ်စု ကိုယ်စားပြု ယိမ်းအဖွဲ့၊ တာလေမြို့  ကိုယ်စားပြု ယိမ်းအဖွဲတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ(၁၄)ရက်နေ့ ညတွင်  မြန်မာနိုင်ငံသဘင်အစည်းအရုံး ကိုယ်စားပြု ယိမ်းအဖွဲ့၊ ၀မ်ကောင်းနှင့်မကာဟိုခမ်းရပ်ကွက် ကိုယ်စားပြု ယိမ်းအဖွဲ့၊ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့၊(၁)၊  ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့၊(၂)၊ အမှတ်(၅၂၆)ခြေမြန်တပ်ရင်းကိုယ်စားပြု ယိမ်းအဖွဲ့၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားပြု ယိမ်းအဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ တာချီလိတ်မြို့၏ ၂၀၁၉ သင်္ကြန်ဗဟိုမဏ္ဍပ်အား ယခင်နှစ်ထက် တိုးချဲ့ပြင်ဆင်ထားကာ လာရောက်သူများ၏ လုံခြုံရေးအတွက် CCTV များတပ်ဆင်ပေးသွားပြီး wifi အခမဲ့ အသုံးပြုနိုင်ရန်အတွက်လည်း စီစဉ်ထားရှိကြောင်း သိရသည်။

၂၀၁၉ တာချီလိတ်ခရိုင်သင်္ကြန် ဗဟိုမဏ္ဍပ်အား ယခင်နှစ်ထက် မဏ္ဍပ်အကျယ်အား (၁၃၂)ပေအထိ တိုးချဲ့တည်ဆောက်နေသည်ကို တွေ့ရသည်။

"သင်္ကြန်ကာလအတွင်းမှာ Wifi အခမဲ့ ပေးထားမယ်။ သင်္ကြန်ကာလ (၄) ရက်လုံးပေါ့။ CCTV က (၆) လုံးတပ်သွားမယ်။ Wifi က IM-Net ကပေးသွားမှာပါ"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၉)ရက်နေ့တွင် ပြောသည်။

ဗဟိုမဏ္ဍပ်အား တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် တည်ဆောက်နေလျက်ရှိပြီး ဗဟိုမဏ္ဍပ်အပါအဝင် ကျန်မဏ္ဍပ်များအနဖြေင့် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ မဏ္ဍပ်၊ ဆန်ဆိုင်း(က+ခ)မဏ္ဍပ်၊ ဝိန်းကျောက်+ပါဆတ်+ဆေခမ်း မဏ္ဍပ်၊ မယ်ခေါင်+ရန်အောင်မြေ မဏ္ဍပ်၊ ပုန်းထွန်+တာလော့+ဝမ်ကောင်း+မကာဟိုခမ်း မဏ္ဍပ် နှင့် ရေပေးေဝရေး+ IM-Net ကုမ္ပဏီ မဏ္ဍပ် စုစုပေါင်း မဏ္ဍပ်(၇)ခု ပါဝင်မည်ဖြစ်သည်။

ဗဟိုမဏ္ဍပ်တွင် ပြိုင်ပွဲဝင် သင်္ကြန်ယိမ်းအဖွဲ့များအနဖြေင့် ဧပြီလ(၁၃)ရက်နေ့ သင်္ကြန်အကြိုနေ့ ညတွင် ပါဆပ်နှင့်ဆေခမ်းရပ်ကွက် ကိုယ်စားပြု ယိမ်းအဖွဲ့၊ စစ်ဗျူဟာ(အခြေချ)တာချီလိတ် ကိုယ်စားပြု ယိမ်းအဖွဲ့၊ ဝမ်လုံးနှင့်မိုင်းဟဲကျေးရွာအုပ်စု ကိုယ်စားပြု ယိမ်းအဖွဲ့၊ ဝိန်းကျောက်နှင့်လွယ်တော်ခမ်းကျေးရွာအုပ်စု ကိုယ်စားပြု ယိမ်းအဖွဲ့၊ တာလမြေို့ ကိုယ်စားပြု ယိမ်းအဖွဲတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ(၁၄)ရက်နေ့ ညတွင် မြန်မာနိုင်ငံသဘင်အစည်းအရုံး ကိုယ်စားပြု ယိမ်းအဖွဲ့၊ ဝမ်ကောင်းနှင့်မကာဟိုခမ်းရပ်ကွက် ကိုယ်စားပြု ယိမ်းအဖွဲ့၊ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့၊(၁)၊ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့၊(၂)၊ အမှတ်(၅၂၆)ခြမြေန်တပ်ရင်းကိုယ်စားပြု ယိမ်းအဖွဲ့၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားပြု ယိမ်းအဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဆက်လက်၍ ပြိုင်ပွဲ၏ နောက်ဆုံးညဖြစ်သည့် သင်္ကြန်အကြတ်နေ့ ညတွင် မိုင်းဖုန်း(က+ခ)ကျေးရွာအုပ်စု ကိုယ်စားပြု ယိမ်းအဖွဲ့၊ မယ်ခေါင်နှင့်ရန်အောင်မြေရပ်ကွက် ကိုယ်စားပြု ယိမ်းအဖွဲ့၊ ပုန်းထွန်ရပ်ကွက်နှင့်တာလော့ရပ်ကွက် ကိုယ်စားပြု ယိမ်းအဖွဲ့ အပြင် ဆန်ဆိုင်း(က+ခ) ကိုယ်စားပြု ယိမ်းအဖွဲ့တို့မှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ သင်္ကြန်ယိမ်းအဖွဲ့ စုစုပေါင်း (၁၇)ဖွဲ့ရှိကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများ၏ ဆုပေးပွဲအား သင်္ကြန်အတက်နေ့တွင် သင်္ကြန်ပိတ်ပွဲနှင့်အတူ ဆုပေးပွဲအား ကျင်းပပြုလုပ်ကာ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net