ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕သႀကၤန္ကာလအတြက္ ဗဟိုမ႑ပ္ကို ရွမ္းရိုးမကြင္းအတြင္း တည္ေဆာက္ေနရာ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၁)ရက္ေန႔က ျပင္ဆင္ေနသည့္ ျမင္ကြင္းျဖစ္ပါသည္။
ယခုႏွစ္၏ ဗဟိုသႀကၤန္မ႑ပ္ကို ယခင္ႏွစ္ထက္တိုးခ်ဲ႕ျပင္ဆင္ထားကာ မ႑ပ္အက်ယ္အား (၁၃၂)ေပအထိတိုးခ်ဲ႔ထားသည့္အျပင္ လံုၿခံဳေရးအတြက္ CCTV မ်ား တပ္ဆင္ေပးထားၿပီး wifi အခမဲ့ အသံုးျပဳႏိုင္ရန္အတြက္လည္း စီစဥ္ထားရွိေၾကာင္း သိရသည္။
ဗဟိုမ႑ပ္အား တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းရိုးမကြင္းတြင္ တည္ေဆာက္ေနသည့္အျပင္ ဗမာတုိင္းရင္းသားယဥ္ေက်းမႈအဖြဲ႔ မ႑ပ္၊ ဆန္ဆိုင္း(က+ခ)မ႑ပ္၊ ၀ိန္းေက်ာက္၊ ပါဆတ္ႏွင့္ေဆခမ္း (၃)ရပ္ကြက္မ႑ပ္၊ မယ္ေခါင္ႏွင့္ ရန္ေအာင္ေျမ ႏွစ္ရပ္ကြက္ေပါင္းမ႑ပ္၊ ပုန္းထြန္၊ တာေလာ့၊ ၀မ္ေကာင္းႏွင့္ မကာဟိုခမ္း မ႑ပ္ႏွင့္ ေရေပးေ၀ေရးႏွင့္ IM-Net ကုမၸဏီ မ႑ပ္တို႔လည္းရိွရာ တာခ်ီလိတ္သႀကၤန္တြင္ စုစုေပါင္း မ႑ပ္ (၇)ခုရိွမည္ျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း
မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့သင်္ကြန်ကာလအတွက် ဗဟိုမဏ္ဍပ်ကို ရှမ်းရိုးမကွင်းအတွင်း တည်ဆောက်နေရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၁)ရက်နေ့က ပြင်ဆင်နေသည့် မြင်ကွင်းဖြစ်ပါသည်။
ယခုနှစ်၏ ဗဟိုသင်္ကြန်မဏ္ဍပ်ကို ယခင်နှစ်ထက်တိုးချဲ့ပြင်ဆင်ထားကာ မဏ္ဍပ်အကျယ်အား (၁၃၂)ပေအထိတိုးချဲ့ထားသည့်အပြင် လုံခြုံရေးအတွက် CCTV များ တပ်ဆင်ပေးထားပြီး wifi အခမဲ့ အသုံးပြုနိုင်ရန်အတွက်လည်း စီစဉ်ထားရှိကြောင်း သိရသည်။
ဗဟိုမဏ္ဍပ်အား တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် တည်ဆောက်နေသည့်အပြင် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ မဏ္ဍပ်၊ ဆန်ဆိုင်း(က+ခ)မဏ္ဍပ်၊ ဝိန်းကျောက်၊ ပါဆတ်နှင့်ဆေခမ်း (၃)ရပ်ကွက်မဏ္ဍပ်၊ မယ်ခေါင်နှင့် ရန်အောင်မြေ နှစ်ရပ်ကွက်ပေါင်းမဏ္ဍပ်၊ ပုန်းထွန်၊ တာလော့၊ ဝမ်ကောင်းနှင့် မကာဟိုခမ်း မဏ္ဍပ်နှင့် ရေပေးေဝရေးနှင့် IM-Net ကုမ္ပဏီ မဏ္ဍပ်တို့လည်းရှိရာ တာချီလိတ်သင်္ကြန်တွင် စုစုပေါင်း မဏ္ဍပ် (၇)ခုရှိမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း