ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၃) ရက် ညနေပိုင်းက မိုးသက်လေပြင်းနှင့် မိုးသီးကျသည့်ဒဏ်ကြောင့် အဆောက်အဦပျက်စီးမှုများ ဖြစ်ပွားခဲ့သော်လည်း တာချီလိတ် ရွှေတိဂုံတွင် ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုမရှိဘဲ ဧပြီလ (၂၄)ရက်နေ့တွင် စုပေါင်းရှင်းလင်းထားပြီးဖြစ်ကြောင်း သိရသည်။
တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်အခြေချ စစ်ဗျူဟာမှ ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး အေးမင်းဦးတို့နှင့်အတူ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့၊ တပ်မတော်သားများပါဝင်သည့် စုပေါင်းအင်အားဖြင့် လေတိုက်၍လွင့်စင်ပျက်စီးသွားသည့် အမိုးအကာများကို ရှင်းလင်းထားခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
~~~~~~~~⊰❂ Unicode Version ❂⊱~~~~~~~~
တာချီလိတ် ရွှေတိဂုံတွင် မိုးသက်လေပြင်းနှင့်မိုးသီးဒဏ်ကြောင့် ပျက်စီးမှုများကို ဌာနဆိုင်ရာနှင့် နယ်မြေခံတပ်တို့ ပူးပေါင်းရှင်းလင်းထားပြီး ကြီးမားသည့်ပျက်စီးမှုမရှိ
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၃) ရက် ညနေပိုင်းက မိုးသက်လေပြင်းနှင့် မိုးသီးကျသည့်ဒဏ်ကြောင့် အဆောက်အဦပျက်စီးမှုများဖြစ်ပွားခဲ့သော်လည်း တာချီလိတ် ရွှေတိဂုံတွင် ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုမရှိဘဲ ဧပြီလ (၂၄)ရက်နေ့တွင် စုပေါင်းရှင်းလင်းထားပြီးဖြစ်ကြောင်း သိရသည်။