တီဘီရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံ (၃၀)တွင် မြန်မာပါဝင်နေပြီး နှစ်စဉ်တိုးလာသည့် လူနာသစ် (၅၀,၀၀၀)ခန့်မှာ ကုသမှုမရရှိဟု ခန့်မှန်းထားတီဘီရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံ (၃၀)တွင် မြန်မာပါဝင်နေပြီး နှစ်စဉ်တိုးလာသည့် လူနာသစ် (၅၀,၀၀၀)ခန့်မှာ ကုသမှုမရရှိဟု ခန့်မှန်းထား

တီဘီရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံ (၃၀)တွင် မြန်မာပါဝင်နေပြီး နှစ်စဉ်တိုးလာသည့် လူနာသစ် (၅၀,၀၀၀)ခန့်မှာ ကုသမှုမရရှိဟု ခန့်မှန်းထားတီဘီရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံ (၃၀)တွင် မြန်မာပါဝင်နေပြီး နှစ်စဉ်တိုးလာသည့် လူနာသစ် (၅၀,၀၀၀)ခန့်မှာ ကုသမှုမရရှိဟု ခန့်မှန်းထား
ဧပြီ 1, 2019
By Tachileik News Agency
ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံ (၃၀)တွင် မြန်မာနိုင်ငံပါဝင်နေပြီး နှစ်စဉ် ခန့်မှန်းခြေ လူနာသစ် (၁၉၀,၀၀၀)ခန့် တိုးပွားနိုင်သည့်အနက် (၁၄၀,၀၀၀)ခန့်ကိုသာ ရောဂါရှာဖွေကုသမှု ပေးနေနိုင်ကြောင်း သိရသည်။

တီဘီရောဂါလူနာများ အနေဖြင့် ဆေးမှန်မှန်မသောက်ပါက ကုသရန်အချိန်ပိုကြာပြီး ကုန်ကျစရိတ် အဆ(၃၀)မှ (၁၀၀)အထိမြင့်တက်နိုင်သည့် ဆေးယဉ်ပါးတီဘီဖြစ်ပွားနိုင်သည့်အပြင် ယင်းအဆင့်တွင် စနစ်တကျ ကုသမှု မခံယူပါက အလွန်ကုသရန်ခက်ခဲသည့် ဆေးပေါင်းစုံယဉ်ပါး တီဘီရောဂါဖြစ်ပွားနိုင်သဖြင့် တီဘီရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများတွင် အခမဲ့စစ်ဆေးကုသမှုခံယူနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေး တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ်အတွင်း လူဦးရေတစ်သိန်းတွင် (၃၅၈) ဦးမှာ တီဘီရောဂါဖြစ်ပွားနေကြောင်း Global TB Report (2018) ခန့်မှန်းချက်တွင် ဖေါ်ပြထားပြီး ၂၀၁၈ ခုနှစ် တီဘီ/ အိပ်ခ်ျအိုင်ဗွီစစ်တမ်းအရ တီဘီလူနာသစ်များ၏ (၉.၃) ရာခိုင်နှုန်းသည် အိပ်ခ်ျအိုင်ဗွီကူးစက်နေကာ ဆေးယဉ်ပါးတီဘီစစ်တမ်းအရ တီဘီလူနာသစ်များ၏ (၅) ရာခိုင်နှုန်းတွင် ဆေးယဉ်ပါးတီဘီ ဖြစ်ပွားနေသည်ကို တွေ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး (၅)နှစ်မဟာဗျူဟာစီမံကိန်းကို ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ရေးဆွဲအကောင်အထည်ဖေါ်နေခြင်းဖြစ်ရာ၂၀၁၈ ခုနှစ်အတွင်း တီဘီလူနာ (၁၄၀,၀၀၀) နီးပါးကို အခမဲ့ ရှာဖွေကုသပေးနိုင်ခဲ့ကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ကမာ္ဘ့တီဘီရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံ (၃၀)တွင် မြန်မာနိုင်ငံပါဝင်နပြေီး နှစ်စဉ် ခန့်မှန်းခြေ လူနာသစ် (၁၉၀,ဝဝဝ)ခန့် တိုးပွားနိုင်သည့်အနက် (၁၄၀,ဝဝဝ)ခန့်ကိုသာ ရောဂါရှာဖွေကုသမှု ပေးနေနိုင်ကြောင်း သိရသည်။

တီဘီရောဂါလူနာများ အနဖြေင့် ဆေးမှန်မှန်မသောက်ပါက ကုသရန်အချိန်ပိုကြာပြီး ကုန်ကျစရိတ် အဆ(၃၀)မှ (၁၀၀)အထိမြင့်တက်နိုင်သည့် ဆေးယဉ်ပါးတီဘီဖြစ်ပွားနိုင်သည့်အပြင် ယင်းအဆင့်တွင် စနစ်တကျ ကုသမှု မခံယူပါက အလွန်ကုသရန်ခက်ခဲသည့် ဆေးပေါင်းစုံယဉ်ပါး တီဘီရောဂါဖြစ်ပွားနိုင်သဖြင့် တီဘီရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများတွင် အခမဲ့စစ်ဆေးကုသမှုခံယူနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေး တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ်အတွင်း လူဦးရေတစ်သိန်းတွင် (၃၅၈) ဦးမှာ တီဘီရောဂါဖြစ်ပွားနေကြောင်း Global TB Report (2018) ခန့်မှန်းချက်တွင် ဖော်ပြထားပြီး ၂၀၁၈ ခုနှစ် တီဘီ/ အိပ်ချ်အိုင်ဗွီစစ်တမ်းအရ တီဘီလူနာသစ်များ၏ (၉.၃) ရာခိုင်နှုန်းသည် အိပ်ချ်အိုင်ဗွီကူးစက်နေကာ ဆေးယဉ်ပါးတီဘီစစ်တမ်းအရ တီဘီလူနာသစ်များ၏ (၅) ရာခိုင်နှုန်းတွင် ဆေးယဉ်ပါးတီဘီ ဖြစ်ပွားနေသည်ကို တွေ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး (၅)နှစ်မဟာဗျူဟာစီမံကိန်းကို ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ရေးဆွဲအကောင်အထည်ဖော်နခြေင်းဖြစ်ရာ၂၀၁၈ ခုနှစ်အတွင်း တီဘီလူနာ (၁၄၀,ဝဝဝ) နီးပါးကို အခမဲ့ ရှာဖွေကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

တီဘီရောဂါတိုက်ဖျက်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်း (၃၀)ခန့်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပြင်ပ အထွေထွေရောဂါကုဆရာဝန် စုစုပေါင်း(၂,၄၀၀)ခန့်က ပါဝင်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net