မြန်မာ - ထိုင်း - လာအိုနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ၂၀၁၉ တာချီလိတ်သင်္ကြန်ဖွင့်ပွဲအား ၂၀၁၉ခုနှစ် ဧပြီလ(၁၃)ရက်နေ့ဖြစ်သည့် သင်္ကြန်ကြိုနေ့ ညနေ(၃)နာရီက ကျင်းပပြုလုပ်ရာ ထိုင်းနိုင်ငံ နှင့် လာအိုနိုင်ငံတို့လာရောက်ဆင်နွှဲကြောင်း သိရသည်။
တာချီလိတ်သင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲသို့ ထိုင်းနိုင်ငံဘက်က နှစ်စဉ်လာရောက်ဆင်နွှဲလေ့ရှိပြီး လာအိုနိုင်ငံအနေဖြင့် ယခုလို လာရောက်ဆင်နွှဲသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်သင်္ကြန်ဗဟိုမဏ္ဍပ်အား တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ တည်ဆောက်ထားရှိပြီး ပြိုင်ပွဲဝင် သင်္ကြန်ယိမ်းအဖွဲ့များအနေဖြင့် ဧပြီလ(၁၃)ရက်နေ့ သင်္ကြန်အကြိုနေ့ ညတွင် ပါဆပ်နှင့်ဆေခမ်းရပ်ကွက် ကိုယ်စားပြု ယိမ်းအဖွဲ့၊ စစ်ဗျူဟာ(အခြေချ)တာချီလိတ် ကိုယ်စားပြု ယိမ်းအဖွဲ့၊ ၀မ်လုံးနှင့်မိုင်းဟဲကျေးရွာအုပ်စု ကိုယ်စားပြု ယိမ်းအဖွဲ့၊ ၀ိန်းကျောက်နှင့်လွယ်တော်ခမ်းကျေးရွာအုပ်စု ကိုယ်စားပြု ယိမ်းအဖွဲ့၊ ဖန်မင်+ မိုင်းကိုး ကိုယ်စားပြု ယိမ်းအဖွဲ့ နှင့်တာလေမြို့ ကိုယ်စားပြု ယိမ်းအဖွဲတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။
သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ(၁၄)ရက်နေ့ ညတွင် မြန်မာနိုင်ငံသဘင်အစည်းအရုံး ကိုယ်စားပြု ယိမ်းအဖွဲ့၊ ၀မ်ကောင်းနှင့်မကာဟိုခမ်းရပ်ကွက် ကိုယ်စားပြု ယိမ်းအဖွဲ့၊ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့၊(၁)၊ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့၊(၂)၊ အမှတ်(၅၂၆)ခြေမြန်တပ်ရင်းကိုယ်စားပြု ယိမ်းအဖွဲ့၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားပြု ယိမ်းအဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
Tachileik News Agency
သင်္ကြန်ဖွင့်ပွဲ အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က မင်္ဂလာနှုတ်ခွန်းဆက် စကာပြောကြားပြီးနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး နှင့် မြို့မိမြို့ဖ ဦးကြည်မြင့်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပိုင် နိုင်ဆွန်စပ်ကနခမ်း နှင့် လာအိုနိုင်ငံ ဘော်ကျောက်ခရိုင်မှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး မစ္စတာဂွန်စီလထနာဖန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ဖွင့်ပွဲအခမ်းနားအပြီးတွင် သင်္ကြန်ယိမ်းအကအဖွဲ့များမှ ကပြ ဖျော်ဖြေခဲ့ကြသည်။
တာချီလိတ်သင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲသို့ ထိုင်းနိုင်ငံဘက်က နှစ်စဉ်လာရောက်ဆင်နွှဲလေ့ရှိပြီး လာအိုနိုင်ငံအနဖြေင့် ယခုလို လာရောက်ဆင်နွှဲသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်သင်္ကြန်ဗဟိုမဏ္ဍပ်အား တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ တည်ဆောက်ထားရှိပြီး ပြိုင်ပွဲဝင် သင်္ကြန်ယိမ်းအဖွဲ့များအနဖြေင့် ဧပြီလ(၁၃)ရက်နေ့ သင်္ကြန်အကြိုနေ့ ညတွင် ပါဆပ်နှင့်ဆေခမ်းရပ်ကွက် ကိုယ်စားပြု ယိမ်းအဖွဲ့၊ စစ်ဗျူဟာ(အခြေချ)တာချီလိတ် ကိုယ်စားပြု ယိမ်းအဖွဲ့၊ ဝမ်လုံးနှင့်မိုင်းဟဲကျေးရွာအုပ်စု ကိုယ်စားပြု ယိမ်းအဖွဲ့၊ ဝိန်းကျောက်နှင့်လွယ်တော်ခမ်းကျေးရွာအုပ်စု ကိုယ်စားပြု ယိမ်းအဖွဲ့၊ ဖန်မင်+ မိုင်းကိုး ကိုယ်စားပြု ယိမ်းအဖွဲ့ နှင့်တာလမြေို့ ကိုယ်စားပြု ယိမ်းအဖွဲတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။
သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ(၁၄)ရက်နေ့ ညတွင် မြန်မာနိုင်ငံသဘင်အစည်းအရုံး ကိုယ်စားပြု ယိမ်းအဖွဲ့၊ ဝမ်ကောင်းနှင့်မကာဟိုခမ်းရပ်ကွက် ကိုယ်စားပြု ယိမ်းအဖွဲ့၊ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့၊(၁)၊ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့၊(၂)၊ အမှတ်(၅၂၆)ခြမြေန်တပ်ရင်းကိုယ်စားပြု ယိမ်းအဖွဲ့၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားပြု ယိမ်းအဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ဆက်လက်၍ ပြိုင်ပွဲ၏ နောက်ဆုံးညဖြစ်သည့် သင်္ကြန်အကြတ်နေ့ ညတွင် မိုင်းဖုန်း(က+ခ)ကျေးရွာအုပ်စု ကိုယ်စားပြု ယိမ်းအဖွဲ့၊ မယ်ခေါင်နှင့်ရန်အောင်မြေရပ်ကွက် ကိုယ်စားပြု ယိမ်းအဖွဲ့၊ 1G1 7Hotel ကိုယ်စားပြု ယိမ်းအဖွဲ့၊ ပုန်းထွန်ရပ်ကွက်နှင့်တာလော့ရပ်ကွက် ကိုယ်စားပြု ယိမ်းအဖွဲ့ အပြင် ဆန်ဆိုင်း(က+ခ) ကိုယ်စားပြု ယိမ်းအဖွဲ့တို့မှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ သင်္ကြန်ယိမ်းအဖွဲ့ စုစုပေါင်း (၁၇)ဖွဲ့ရှိကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများ၏ ဆုပေးပွဲအား သင်္ကြန်အတက်နေ့တွင် သင်္ကြန်ပိတ်ပွဲနှင့်အတူ ဆုပေးပွဲအား ကျင်းပပြုလုပ်ကာ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း နှင့် ၂၀၁၉အတွက် သင်္ကြန်မယ်ဆုလည်း ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း