ျမန္မာ - ထိုင္းႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမွႈအရ မယ္ဆိုင္ေခ်ာင္းတစ္ေလွ်ာက္ သန္႔ရွင္းသာယာလွပေရးအတြက္ တာခ်ီလိတ္ - မယ္ဆိုင္ ဌာနဆိုင္ရာမ်ားစုေပါင္းကာ အမႈိက္ေကာက္သန္႔ရွင္းေရးအျဖစ္ ခ်စ္ၾကည္ေရးတံတား(၁)ေအာက္တြင္ ၂၀၁၉ခုႏွစ္ ဧၿပီလ(၁၁)ရက္ေန႔ နံနက္က ျပဳလုပ္ရာ ယခုလို ျပဳလုပ္သည္မွာ ပထမဆံုးအႀကိမ္အျဖစ္ေၾကာင္း သိရသည္။
ခ်စ္ၾကည္ေရး(၁)တံတားတြင္ စုေပါင္းအမႈိက္ေကာက္ရာ တာခ်ီလိတ္ဘက္မွ ခ်စ္ၾကည္ေရးတံတား(၁)တြင္ တာ၀န္ထမ္းေဆာင္ေနသည့္ လဝကဌာနခြဲ(၆) တာခ်ီလိတ္ ႏွင့္ ခရိုင္/ၿမိဳ႕နယ္လ၀က၊ အေကာက္ခြန္ ႏွင့္ ရဲတပ္ဖြဲ႔ တို႔ ပါ၀င္သည့္ အင္အား(၃၀)၀န္းက်င္ ႏွင့္ ထိုင္းႏိုင္ငံဘက္မွ ခ်င္းရိုင္းခရိုင္လ၀ကဌာနမွ ရဲမွဴးႀကီး ႏိုင္ခ်က္ခ်ဳိင္စမ္းေန႔ယ၊ မယ္ဆိုင္ရဲစခန္းမွ ရဲမွဴးႀကီး ႏိုင္ခုမ္းဆန္႔စအပ္လံု၊ မယ္ဆိုင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ႏိုင္စုမ္ဇတ္ခနာခမ္း ႏွင့္ မယ္ဆိုင္ အေကာက္ခြန္ညႊန္ၾကားေရးမွဴး ႏိုင္၀ိလို႔ယိုင္ဗို၀ါ့ေထ့ တို႔ ပါ၀င္သည့္ အင္အား(၅၀)၀န္းက်င္တို႔က အမႈိက္ေကာက္သန္႔ရွင္းေရးျပဳလုပ္ၾကျခင္းျဖစ္သည္။
အမႈိက္ေကာက္ရာတြင္ မယ္ဆိုင္ဘက္အျခမ္း၌ မယ္ဆိုင္အဖြဲ႔က အမႈိက္ေကာက္ၿပီး တာခ်ီလိတ္ဘက္ တံတားေအာက္တြင္ ျမန္မာအဖြဲ႔က အမႈိက္ေကာက္ရာ ထိုင္းအဖြဲ႔ကလည္း လာေရာက္ကူညီေဆာင္ရြက္ေပးေၾကာင္း သိရသည္။
ခုလို ခ်စ္ၾကည္ေရးတံတား(၁)တြင္ ႏွစ္ဖက္ပူးေပါင္း၍ အမႈိက္ေကာက္သန္႔ရွင္းေရးျပဳလုပ္သည္မွာ ပထမဆံုးျဖစ္ၿပီး မယ္ဆိုင္ - တာခ်ီလိတ္ ခ်စ္ၾကည္ရင္းႏွီးမႈအရေဆာင္ရြက္ၾကျခင္း ျဖစ္သည္။
Tachileik News Agency
ချစ်ကြည်ရေး(၁)တံတားတွင် စုပေါင်းအမှိုက်ကောက်ရာ တာချီလိတ်ဘက်မှ ချစ်ကြည်ရေးတံတား(၁)တွင် တာဝန်ထမ်းဆောင်နေသည့် လဝကဌာနခွဲ(၆) တာချီလိတ် နှင့် ခရိုင်/မြို့နယ်လဝက၊ အကောက်ခွန် နှင့် ရဲတပ်ဖွဲ့ တို့ ပါဝင်သည့် အင်အား(၃၀)ဝန်းကျင် နှင့် ထိုင်းနိုင်ငံဘက်မှ ချင်းရိုင်းခရိုင်လဝကဌာနမှ ရဲမှူးကြီး နိုင်ချက်ချိုင်စမ်းနေ့ယ၊ မယ်ဆိုင်ရဲစခန်းမှ ရဲမှူးကြီး နိုင်ခုမ်းဆန့်စအပ်လုံ၊ မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်စုမ်ဇတ်ခနာခမ်း နှင့် မယ်ဆိုင် အကောက်ခွန်ညွှန်ကြားရေးမှူး နိုင်ဝိလို့ယိုင်ဗိုဝါ့ထေ့ တို့ ပါဝင်သည့် အင်အား(၅၀)ဝန်းကျင်တို့က အမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်ကြခြင်းဖြစ်သည်။
အမှိုက်ကောက်ရာတွင် မယ်ဆိုင်ဘက်အခြမ်း၌ မယ်ဆိုင်အဖွဲ့က အမှိုက်ကောက်ပြီး တာချီလိတ်ဘက် တံတားအောက်တွင် မြန်မာအဖွဲ့က အမှိုက်ကောက်ရာ ထိုင်းအဖွဲ့ကလည်း လာရောက်ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
ခုလို ချစ်ကြည်ရေးတံတား(၁)တွင် နှစ်ဖက်ပူးပေါင်း၍ အမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်သည်မှာ ပထမဆုံးဖြစ်ပြီး မယ်ဆိုင် - တာချီလိတ် ချစ်ကြည်ရင်းနှီးမှုအရဆောင်ရွက်ကြခြင်း ဖြစ်သည်။
Tachileik News Agency