သီရိလကၤာႏုိင္ငံရိွ ထိပ္တန္းဟိုတယ္မ်ားႏွင့္ ဘုရားေက်ာင္းမ်ား စုစုေပါင္း (၈)ေနရာတြင္ အီစတာပြဲေတာ္ကာလျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၁)ရက္ေန႔က ေပါက္ကြဲမႈမ်ားျဖစ္ပြားခဲ့သျဖင့္ ႏုိင္ငံျခားသား (၃၅)ဦးအပါအဝင္ လူေပါင္း (၂၀၇)ဦးေသဆံုးခဲ့ကာ လူေပါင္း (၄၅၀)ခန္႔ ဒဏ္ရာရသြားခဲ့ျခင္းျဖစ္သည္။
အၾကမ္းဖက္တုိက္ခုိက္မႈမ်ားႏွင့္ပတ္သက္၍ ဝါဒျဖန္႔မႈႏွင့္ သတင္းမွားျဖန္႔ခ်ိမႈမ်ားကို ထိန္းခ်ဳပ္ရန္ ယာယီပိတ္ထားျခင္းျဖစ္ေၾကာင္း သီရိလကၤာအစိုးရ ေျပာၾကားထားသည္။
Facebook ႏွင့္ Instagram မ်ားကို ပိတ္လုိက္ေၾကာင္း အစိုးရက တရားဝင္ေၾကျငာထားေသာ္လည္း Youtube၊ Snapchat၊ WhatsApp ႏွင့္အျခား မက္ေဆ့ပို႔ႏိုင္သည့္ Application မ်ားကိုပါ ပိတ္ထားျခင္းျဖစ္သည္ဟု အင္တာနက္ေစာင့္ၾကည့္ေရးအဖြဲ႕ျဖစ္သည့္ NetBlocks က ဆိုသည္။
သီရိလကၤာတြင္ အသံုးျပဳသူနည္းသည့္အတြက္ Twitter ကို ပိတ္ထားျခင္းမရိွေၾကာင္း သိရသည္။
Facebook ကုမၸဏီေျပာေရးဆိုခြင့္ရိွသူက ၎တို႔အေနျဖင့္ သီရိလကၤာႏုိင္ငံ၏ တရားဥပေဒစိုးမိုးေရး လုပ္ေဆာင္ခ်က္ကို အေထာက္အကူေပးမည္ျဖစ္ၿပီး ၎တို႔၏ဆိုရွယ္မီဒီယာမ်ား၏ ခ်မွတ္ထားသည့္စံႏႈန္းမ်ားကို ခ်ိဳးေဖါက္ျခင္းမ်ားကို ေဖၚထုတ္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားထားသည္။
Tachileik News Agency
Ref: CNN
***********
သီရိလင်္ကာနိုင်ငံတွင် လူပေါင်း (၂၀၀)ကျော်သေဆုံးခဲ့ရသည့် ပေါက်ကွဲမှု(၈)ခုဖြစ်ပွားပြီးနောက် အခင်းဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းမှားများပြန့်နှံ့မှုမရှိစေရန် လူမှုကွန်ယက်ဝက်ဘ်ဆိုဒ်များကို ပိတ်လိုက်ကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံရှိ ထိပ်တန်းဟိုတယ်များနှင့် ဘုရားကျောင်းများ စုစုပေါင်း (၈)နေရာတွင် အီစတာပွဲတော်ကာလဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့က ပေါက်ကွဲမှုများဖြစ်ပွားခဲ့သဖြင့် နိုင်ငံခြားသား (၃၅)ဦးအပါအဝင် လူပေါင်း (၂၀၇)ဦးသေဆုံးခဲ့ကာ လူပေါင်း (၄၅၀)ခန့် ဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဝါဒဖြန့်မှုနှင့် သတင်းမှားဖြန့်ချိမှုများကို ထိန်းချုပ်ရန် ယာယီပိတ်ထားခြင်းဖြစ်ကြောင်း သီရိလင်္ကာအစိုးရ ပြောကြားထားသည်။
Facebook နှင့် Instagram များကို ပိတ်လိုက်ကြောင်း အစိုးရက တရားဝင်ကြေငြာထားသော်လည်း Youtube၊ Snapchat၊ WhatsApp နှင့်အခြား မက်ဆေ့ပို့နိုင်သည့် Application များကိုပါ ပိတ်ထားခြင်းဖြစ်သည်ဟု အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် NetBlocks က ဆိုသည်။
သီရိလင်္ကာတွင် အသုံးပြုသူနည်းသည့်အတွက် Twitter ကို ပိတ်ထားခြင်းမရှိကြောင်း သိရသည်။
Facebook ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ၎င်းတို့အနေဖြင့် သီရိလင်္ကာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်ကို အထောက်အကူပေးမည်ဖြစ်ပြီး ၎င်းတို့၏ဆိုရှယ်မီဒီယာများ၏ ချမှတ်ထားသည့်စံနှုန်းများကို ချိုးဖေါက်ခြင်းများကို ဖေါ်ထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
Tachileik News Agency
Ref: CNN