တရုတ်နိုင်ငံတွင် ကားလမ်းပေါ်ဖြတ်သွားသည့် (၉)ပေနီးပါးအရှည်ရှိသည့် အဆိပ်ပြင်းမြွေဟောက်တစ်ကောင် ကားအင်ဂျင်အတွင်း ဝင်ရောက်နေသဖြင့် ရဲတပ်ဖွဲ့အကူအညီဖြင့် ဖယ်ထုတ်ခဲ့ရကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အင်ဂျင်အတွင်း ဝင်နေသည့် မြွေကြီးအပြင်ထုတ်ရန် ဟင်းချက်ဆီများလောင်းထည့်ကာ ဆွဲထုတ်ခဲ့ရပြီး မြွေကို တောတွင်းပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
Tachileik News Agency
Ref:CCTV
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့က အမျိုးသမီးတစ်ဦးက မိသားစုနှင့်အတူ ကားမောင်းပြန်လာစဉ် လမ်းမပေါ်၌ မြွေတစ်ကောင်ဖြတ်သွားနေသဖြင့် ကားရပ်ပေးထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် အိမ်ပြန်ရောက်လာပြီး နောက်တစ်နေ့တွင် ကားအတွင်း မြွေဝင်နေသည်ကို သတိထားမိသဖြင့် ရဲတပ်ဖွဲ့ထံ ဖုန်းဆက်အကူအညီတောင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အင်ဂျင်အတွင်း ဝင်နေသည့် မြွကြေီးအပြင်ထုတ်ရန် ဟင်းချက်ဆီများလောင်းထည့်ကာ ဆွဲထုတ်ခဲ့ရပြီး မြွေကို တောတွင်းပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြွေဟောက်အမျိုးအစားမှာ ဆင်များပင် သေစေနိုင်သည်အထိ အဆိပ်ပြင်းသည့် မြွေအမျိုးအစားဖြစ်ကြောင်း သိရသည်။
Tachileik News Agency
Ref:CCTV