တာခ်ီလိတ္ၿမိဳ႕တြင္ သႀကၤန္အႀကိဳေန႔၌ မီးခိုးျမဴမ်ား ျပန္လည္ထူထပ္လာေန

တာခ်ီလိတ္ၿမိဳ႕တြင္ သႀကၤန္အႀကိဳေန႔၌ မီးခိုးျမဴမ်ား ျပန္လည္ထူထပ္လာေန
ဧပြီ 13, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၃)ရက္ေန႔မွစ၍ မီးခိုးျမဴထူထပ္မႈ ေလ်ာ့က်လာေနရာမွ ဧၿပီလ (၁၃)ရက္ေန႔ ေန႔လည္(၁၂)နာရီေက်ာ္အထိ မီးခိုးျမဴမ်ား ျပန္လည္ထူထပ္လာသည္ကို ေတြ႔ရသည္။

တာခ်ီလိတ္ၿမိဳ႕ႏွင့္ နယ္စပ္ တစ္ဖက္ႏုိင္ငံ မယ္ဆုိင္ၿမိဳ႕အပါအဝင္ ခ်င္းရိုင္းခရို္င္အတြင္း မီးခိုးျမဴထူထပ္စြာ ဖံုးလႊမ္းမႈ ကာလၾကာရွည္ျဖစ္ေပၚေနသျဖင့္ ေလထုအရည္အေသြးက်ဆင္းမႈ အဆိုးဆံုးအေျခအေနႏွင့္ ရင္ဆုိင္ေနရၿပီး ေျဖရွင္းနိုင္ျခင္းမရိွေသးဘဲျဖစ္ေနၿပီး တာခ်ီလိတ္ၿမိဳ႕တြင္လည္း ၂၀၁၉ ခုႏွစ္၊ မတ္လမွစ၍ မီးခိုးျမဴဖံုးလႊမ္းမႈကို ခံစားလာရျခင္းျဖစ္သည္။

မီးခိုးျမဴဖံုးလႊမ္းမႈေၾကာင့္ တာခ်ီလိတ္ၿမိဳ႕တြင္ မတ္လ (၃၁)ရက္ေန႔က ေလထုအရည္အေသြးအညြန္းကိန္း (၅၀၂)သို႔ေရာက္ရိွကာ ေလထုညစ္ညမ္းမႈအဆိုးဆံုးအေျခအေနေရာက္ခဲ့ၿပီး ဧၿပီလ (၁) ရက္ေန႔က ေလထုအရည္အေသြးအညႊန္းကိန္း (၃၇၀) ႏွင့္ ဧၿပီလ (၂)ရက္ေန႔တြင္ (၁၇၃)သို႔ ေရာက္လာျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ႏွစ္စဥ္ႏွစ္တုိင္း စိုက္ပ်ိဳးရာသီ၌ မီးခိုးျမဴထူထပ္ျခင္းကို ခံစားေနရျခင္းျဖစ္ၿပီး ယခုႏွစ္တြင္ ေလထုအရည္အေသြးတုိင္းတာျခင္း၊ မီးခိုးေလ်ာ့က်ေစရန္ မီးသတ္ဦးစီးဌာနရိွ မီးသတ္ယာဥ္မ်ားျဖင့္ ေရမႈန္ေရမႊားပက္ဖ်န္းျခင္း၊ လူထုအားက်န္းမာေရးႏွင့္ပတ္သက္၍ သတိထားရမည္ကို အသိေပးေၾကညာျခင္း၊ ႏွာေခါင္းစည္းမ်ားအခမဲ့ျဖန္႔ေဝေပးျခင္းတို႔ကို သက္ဆုိင္ရာဌာနမ်ားပူးေပါင္းပါဝင္သည့္ ခရိုင္ႏွင့္ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီမ်ားက ေဆာင္ရြက္လာၾကျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕၏ေလထုအရည္အေသြးတုိင္းတာျခင္းကို ေတာင္ႀကီးၿမိဳ႕ရိွ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနမွ ကၽြမ္းက်င္ပညာရွင္မ်ားအကူအညီျဖင့္ ၂၀၁၉ ခုႏွစ္ မတ္လ (၁၅)ရက္ေန႔မွစ၍ ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့မှစ၍ မီးခိုးမြူထူထပ်မှု လျော့ကျလာနေရာမှ ဧပြီလ (၁၃)ရက်နေ့ နေ့လည်(၁၂)နာရီကျော်အထိ မီးခိုးမြူများ ပြန်လည်ထူထပ်လာသည်ကို တွေ့ရသည်။

တာချီလိတ်မြို့နှင့် နယ်စပ် တစ်ဖက်နိုင်ငံ မယ်ဆိုင်မြို့အပါအဝင် ချင်းရိုင်းခရို်င်အတွင်း မီးခိုးမြူထူထပ်စွာ ဖုံးလွှမ်းမှု ကာလကြာရှည်ဖြစ်ပေါ်နေသဖြင့် လေထုအရည်အသွေးကျဆင်းမှု အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်နေရပြီး ဖြေရှင်းနိုင်ခြင်းမရှိသေးဘဲဖြစ်နပြေီး တာချီလိတ်မြို့တွင်လည်း ၂၀၁၉ ခုနှစ်၊ မတ်လမှစ၍ မီးခိုးမြူဖုံးလွှမ်းမှုကို ခံစားလာရခြင်းဖြစ်သည်။

မီးခိုးမြူဖုံးလွှမ်းမှုကြောင့် တာချီလိတ်မြို့တွင် မတ်လ (၃၁)ရက်နေ့က လေထုအရည်အသွေးအညွန်းကိန်း (၅၀၂)သို့ရောက်ရှိကာ လေထုညစ်ညမ်းမှုအဆိုးဆုံးအခြေအနေရောက်ခဲ့ပြီး ဧပြီလ (၁) ရက်နေ့က လေထုအရည်အသွေးအညွှန်းကိန်း (၃၇၀) နှင့် ဧပြီလ (၂)ရက်နေ့တွင် (၁၇၃)သို့ ရောက်လာခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးရာသီ၌ မီးခိုးမြူထူထပ်ခြင်းကို ခံစားနေရခြင်းဖြစ်ပြီး ယခုနှစ်တွင် လေထုအရည်အသွေးတိုင်းတာခြင်း၊ မီးခိုးလျော့ကျစေရန် မီးသတ်ဦးစီးဌာနရှိ မီးသတ်ယာဉ်များဖြင့် ရေမှုန်ရေမွှားပက်ဖျန်းခြင်း၊ လူထုအားကျန်းမာရေးနှင့်ပတ်သက်၍ သတိထားရမည်ကို အသိပေးကြေညာခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းတို့ကို သက်ဆိုင်ရာဌာနများပူးပေါင်းပါဝင်သည့် ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲမှုကော်မတီများက ဆောင်ရွက်လာကြခြင်းဖြစ်သည်။

တာချီလိတ်မြို့၏လေထုအရည်အသွေးတိုင်းတာခြင်းကို တောင်ကြီးမြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များအကူအညီဖြင့် ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့မှစ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net