ထိုင်းနိုင်ငံတွင် သင်္ကြန်ပိတ်ရက်(၃)ရက်တာအတွင်း အရက်သောက်ပြီးမော်တော်ယာဉ်မောင်းနှင်မှုဖြင့် လူပေါင်း (၇)သောင်းကျော်ကို အရေးယူထား

ထိုင်းနိုင်ငံတွင် သင်္ကြန်ပိတ်ရက်(၃)ရက်တာအတွင်း အရက်သောက်ပြီးမော်တော်ယာဉ်မောင်းနှင်မှုဖြင့် လူပေါင်း (၇)သောင်းကျော်ကို အရေးယူထား
ဧပွီ 15, 2019
By 🌸
ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ် သင်္ကြန်ကာလ ဧပြီလ (၁၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ အရက်သောက်ပြီး မော်တော်ယာဉ်မောင်းနှင်သည့် လူပေါင်း (၇၁၃၀၇)ဦးကို အရေးယူထားရပြီး မော်တော်ယာဉ်ပေါင်း (၂၂၉၄)စီးကို သိမ်းဆည်းအရေးယူထားရကြောင်း သိရသည်။


ထိုင်းနိုင်ငံ လမ်းဘေးအန္တရာယ်ကင်းရှင်းရေးညွှန်ကြားမှုဌာန၏ အစီရင်ခံစာအရ သင်္ကြန်ပိတ်ရက် (၃)ရက်မြောက်နေ့အထိကာလအတွင်း  မော်တော်ယာဉ်မတော်တဆမှုပေါင်း (၁၆၆၅)မှုဖြစ်ပွားကာ (၁၇၄)ဦးသေဆုံးပြီး (၁၇၂၈)ဦး ဒဏ်ရာရထားကြောင်း သိရသည်။


Tachileik News Agency

Ref: Chaingrai Times

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် သြင်္ကန်ပိတ်ရက်(၃)ရက်တာအတွင်း အရက်သောက်ပြီးမော်တော်ယာဉ်မောင်းနှင်မှုဖြင့် လူပေါင်း (၇)သောင်းကျော်ကို အရေးယူထား
**********
ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ် သြင်္ကန်ကာလ ဧပြီလ (၁၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ အရက်သောက်ပြီး မော်တော်ယာဉ်မောင်းနှင်သည့် လူပေါင်း (၇၁၃၀၇)ဦးကို အရေးယူထားရပြီး မော်တော်ယာဉ်ပေါင်း (၂၂၉၄)စီးကို သိမ်းဆည်းအရေးယူထားရကြောင်း သိရသည်။

အရေးယူထားသည့် လူပေါင်း (၇)သောင်းကျော်တွင် (၄၄၀၂၄)မှာ အရက်သောက်ပြီး မော်တော်ဆိုင်ကယ် မောင်းနှင်သူများဖြစ်ပြီး ကျန် (၂၇၂၈၃)ဦးမှာ အရက်သောက်ပြီး မော်တော်ယာဉ်မောင်းနှင်သည့် ကိုယ်ပိုင်ကားမောင်းသူနှင့် ဘတ်စ်ကားမောင်းသူများဖြစ်ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံ လမ်းဘေးအန္တရာယ်ကင်းရှင်းရေးညွှန်ကြားမှုဌာန၏ အစီရင်ခံစာအရ သြင်္ကန်ပိတ်ရက် (၃)ရက်မြောက်နေ့အထိကာလအတွင်း  မော်တော်ယာဉ်မတော်တဆမှုပေါင်း (၁၆၆၅)မှုဖြစ်ပွားကာ (၁၇၄)ဦးသေဆုံးပြီး (၁၇၂၈)ဦး ဒဏ်ရာရထားကြောင်း သိရသည်။

အဆိုပါအရေအတွက်မှာ ပြီးခဲ့သည့်နှစ်က ကာလတူဖြစ်ပွားခဲ့သည့်အရေအတွက်နှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားသည်ဟု သိရသည်။

Tachileik News Agency
Ref: Chaingrai Times

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net