ထိုင်းရဲတပ်ဖွဲ့က သင်္ကြန်ကာလအတွင်း လုံခြုံရေးအပြင် လူမှုကွန်ယက်စာမျက်နှာကိုပါ စောင့်ကြည့်သွားမည်ဖြစ်ပြီး လူမှုကွန်ယက်စာမျက်နှာတွင် အဖေါ်အချွတ်နှင့် အရက်သောက်စားရန် မြူဆွယ်ခြင်း၊ ဖိတ်ခေါ်ခြင်းတို့ကို ဖေါ်ပြပါက အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။
ထိုင်းနိုင်ငံတွင် သင်္ကြန်ကာလအတွင်း အမျိုးသမီးများ၊ လိင်ပြောင်းအမျိုးသမီးများ၏ အဖေါ်အချွတ်ပုံများ၊ ဗီဒီယိုများ၊ live လွှင့်တင်ခြင်းများရှိတတ်သဖြင့် ယင်းကဲ့သို့ တားမြစ်ခြင်းဖြစ်ကြောင်းနှင့် သင်္ကြန်ကာလကို ယဉ်ကျေးစွာ ဆင်နွှဲရန်၊ ဥပဒေချိုးဖေါက်မှုဖြစ်စေသည့် မည်သည့်ပို့စ်ကိုမှ မတင်ကြရန်ကိုလည်း တိုက်တွန်းထားသည်။
သင်္ကြန်ကာလအတွင်း လုံခြုံရေးအတွက် ထိုင်းရဲတပ်ဖွဲ့က ပြင်ဆင်လုပ်ဆောင်မှုများတွင် မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် အရက်သေစာသောက်စား၍လည်းကောင်း၊ အရှိန်လွန်မောင်းနှင်ခြင်းကြောင့်လည်းကောင်း ယာဉ်တိုက်မှုဖြစ်ပွားပြီး လူသေမှုဖြစ်ပွားပါက လူသတ်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်းကိုလည်း သတိပေးထားသည်။
Tachileik News Agency
Ref:The Nation
~~~~~~~~⊰❂ Unicode Version ❂⊱~~~~~~~~
အဖေါ်အချွတ်ပုံများနှင့် အရက်သောက်စားရန် ဖိတ်ခေါ်မြူဆွယ်သည့်ပို့စ်များ လူမှုကွန်ယက်တွင် တင်ပါက ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမည်
**************
ထိုင်းရဲတပ်ဖွဲ့က သြင်္ကန်ကာလအတွင်း လုံခြုံရေးအပြင် လူမှုကွန်ယက်စာမျက်နှာကိုပါ စောင့်ကြည့်သွားမည်ဖြစ်ပြီး လူမှုကွန်ယက်စာမျက်နှာတွင် အဖေါ်အချွတ်နှင့် အရက်သောက်စားရန် မြူဆွယ်ခြင်း၊ ဖိတ်ခေါ်ခြင်းတို့ကို ဖေါ်ပြပါက အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။
ထိုင်းနိုင်ငံတွင် သြင်္ကန်ကာလအတွင်း အမျိုးသမီးများ၊ လိင်ပြောင်းအမျိုးသမီးများ၏ အဖေါ်အချွတ်ပုံများ၊ ဗီဒီယိုများ၊ live လွှင့်တင်ခြင်းများရှိတတ်သဖြင့် ယင်းကဲ့သို့ တားမြစ်ခြင်းဖြစ်ကြောင်းနှင့် သြင်္ကန်ကာလကို ယဉ်ကျေးစွာ ဆင်နွှဲရန်၊ ဥပဒေချိုးဖေါက်မှုဖြစ်စေသည့် မည်သည့်ပို့စ်ကိုမှ မတင်ကြရန်ကိုလည်း တိုက်တွန်းထားသည်။
အဖေါ်အချွတ်များဖြင့်ရိုက်ကူးထားသည့် ဓါတ်ပုံများ၊ ဗီဒီယိုများကို အွန်လိုင်းတင်သူအပြင် အဆိုပါပို့စ်ကို ပြန်လည်မျှဝေသူများအနေဖြင့် အမြင့်ဆုံး ထောင်ဒဏ် (၅)နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ်တစ်သိန်း သို့မဟုတ် ပြစ်ဒဏ်နှစ်ခုလုံးကျခံရနိုင်ပြီး ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးသူကိုလည်း အမြင့်ဆုံးဒဏ်ငွေ ဘတ် (၅၀၀)ကျခံရနိုင်ကြောင်း သိရသည်။
အရက်သောက်ရန် ဖိတ်ကြားသည့်ပို့စ်များတင်ပါက အမြင့်ဆုံးပြစ်ဒဏ် ဒဏ်ငွေ ဘတ်ငါးသိန်းနှင့် ထောင်ဒဏ်တစ်နှစ်ကျခံရနိုင်ကြောင်း သိရသည်။
အဆိုပါအကြောင်းအရာများအပြင် အများပြည်သူ၏ ကိုယ်ကျင့်သိက္ခာကိုထိပါးစေသည့်ပို့စ်များ တင်ပါကလည်း အရေးယူမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတိပေးထားသည်။
သြင်္ကန်ကာလအတွင်း လုံခြုံရေးအတွက် ထိုင်းရဲတပ်ဖွဲ့က ပြင်ဆင်လုပ်ဆောင်မှုများတွင် မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် အရက်သေစာသောက်စား၍လည်းကောင်း၊ အရှိန်လွန်မောင်းနှင်ခြင်းကြောင့်လည်းကောင်း ယာဉ်တိုက်မှုဖြစ်ပွားပြီး လူသေမှုဖြစ်ပွားပါက လူသတ်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်းကိုလည်း သတိပေးထားသည်။
Tachileik News Agency
Ref:The Nation