သႀကၤန္ကာလအတြင္း လိင္စိတ္ၾကြေဆးမ်ားအပါအဝင္ တားျမစ္ေဆးဝါးမ်ား မေရာင္းခ်ရန္ ေဆးဆုိင္ပိုင္ရွင္မ်ားအား ေခၚယူေဆြးေႏြး

သႀကၤန္ကာလအတြင္း လိင္စိတ္ၾကြေဆးမ်ားအပါအဝင္ တားျမစ္ေဆးဝါးမ်ား မေရာင္းခ်ရန္ ေဆးဆုိင္ပိုင္ရွင္မ်ားအား ေခၚယူေဆြးေႏြး
ဧပြီ 3, 2019
By Tachileik News Agency

ထုိင္းနိုင္ငံႏွင့္နယ္စပ္ၿမိဳ႕ျဖစ္သည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ သႀကၤန္ကာလအတြင္း လိင္စိတ္ၾကြေဆးမ်ား၊ တားျမစ္ေဆးဝါးမ်ားေရာင္းခ်ျခင္းမရိွေစရန္ ေဆးဆိုင္ပိုင္ရွင္မ်ားအား သက္ဆုိင္ရာဌာနတာဝန္ရိွသူမ်ားက ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၃)ရက္ေန႔က ေခၚယူေတြ႔ဆံုေဆြးေႏြးေၾကာင္း သိရသည္။

ယင္းသို႔ေတြ႔ဆံုေဆြးေႏြးရာတြင္ လိင္စိတ္ၾကြေဆးမ်ား၊ တားျမစ္ေဆးမ်ား ေရာင္းခ်ျခင္းႏွင့္ပတ္သက္၍ ျပစ္မႈျပစ္ဒဏ္မ်ား၊ တားျမစ္ေဆးဝါးမ်ားအေၾကာင္းကို သက္ဆုိင္ရာတာဝန္ရိွသူမ်ားက ရွင္းလင္းေျပာၾကားေၾကာင္း သိရသည္။

ေဆးဆုိင္ပိုင္ရွင္ (၂၈)ဦးကို ေဆးဝါးမ်ားႏွင့္ ပတ္သက္၍ သတိထားရမည့္အခ်က္မ်ားကို တာခ်ီလိတ္ခရိုင္မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ား တားဆီးႏွိမ္ႏွင္းေရးအဖြဲ႕ ဥကၠဌ၊ ခရိုင္အုပ္ခ်ုပ္ေရးမႉး ဦးျမင့္နိုင္၊ ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမႉးႀကီးေပၚထြန္း၊ ခရိုင္က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာ ေရႊဝင္း၊ ခရိုင္အစားအေသာက္နွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန တာဝန္ခံဦးစီးအရာရွိ ေဒါက္တာ ေအာင္တိုး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး လွဦး၊ မူးယစ္တပ္ဖြဲ႕စုမွဴး ယာယီရဲမွဴး မ်ိုးမင္းလႈိင္တို႔က ရွင္းလင္းေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆံုေဆြးေႏြးျခင္းကို၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၃)ရက္ေန႔ နံနက္ (၉)နာရီခြဲအခ်ိန္တြင္ မူးယစ္တပ္ဖြဲ႕စု (၃၀)တာခ်ီလိတ္ရံုးရိွ ရဲဗလအစည္းအေဝးခန္းမတြင္က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တိုႀကီး



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံနှင့်နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် သင်္ကြန်ကာလအတွင်း လိင်စိတ်ကြွဆေးများ၊ တားမြစ်ဆေးဝါးများရောင်းချခြင်းမရှိစေရန် ဆေးဆိုင်ပိုင်ရှင်များအား သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့က ခေါ်ယူတွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် လိင်စိတ်ကြွဆေးများ၊ တားမြစ်ဆေးများ ရောင်းချခြင်းနှင့်ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ဆေးဝါးများအကြောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းပြောကြားကြောင်း သိရသည်။

ဆေးဆိုင်ပိုင်ရှင် (၂၈)ဦးကို ဆေးဝါးများနှင့် ပတ်သက်၍ သတိထားရမည့်အချက်များကို တာချီလိတ်ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တားဆီးနှိမ်နှင်းရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပေါ်ထွန်း၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရွှေဝင်း၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ခံဦးစီးအရာရှိ ဒေါက်တာ အောင်တိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဦး၊ မူးယစ်တပ်ဖွဲ့စုမှူး ယာယီရဲမှူး မျိုးမင်းလှိုင်တို့က ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးခြင်းကို၂၀၁၉ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်တွင် မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်ရုံးရှိ ရဲဗလအစည်းအဝေးခန်းမတွင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တိုကြီး 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net