တာခ်ီလိတ္ၿမိဳ႕တြင္ သႀကၤန္ကာလအတြင္း လိင္စိတ္ၾကြေဆးမ်ားေရာင္းခ်မႈမရိွေစေရး ပူးေပါင္းအဖြဲ႕ႏွင့္စစ္ေဆး

တာခ်ီလိတ္ၿမိဳ႕တြင္ သႀကၤန္ကာလအတြင္း လိင္စိတ္ၾကြေဆးမ်ားေရာင္းခ်မႈမရိွေစေရး ပူးေပါင္းအဖြဲ႕ႏွင့္စစ္ေဆး
ဧပြီ 12, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ သႀကၤန္ကာလအတြင္း လိင္စိတ္ၾကြေဆးမ်ား ေရာင္းခ်မႈမရိွေစေရးႏွင့္ အသိပညာေပးမႈမ်ားကို ပူးေပါင္းအဖြဲ႕ျဖင့္ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၁၂) ရက္ေန႔ ေန႔လည္က စစ္ေဆးခဲ့ၾကသည္။

"ကၽြန္ေတာ္တို႔ ၿပီးခဲ့တဲ့ (၂) ပတ္ေလာက္ကေပါ့။ မူးယစ္တပ္ဖြဲ႕မွဴးက သႀကၤန္နီးတဲ့အခ်ိန္မွာ ကာမဆိုင္ရာေဆးေတြရယ္၊ စိတ္ၾကြေဆးေတြရယ္။ မူးယစ္ေဆးေတြရယ္ဖမ္းဆီး ကာကြယ္တားဆီးဖို႔အတြက္ ေဆာင္ရြက္ဖို႔ အစည္းအေ၀းေခၚတဲ့အတြက္ အဲဒီကခ်တဲ့လုပ္ငန္းစဥ္အရ ဒီေန႔ေဆးဆိုင္ေတြကိုကြင္းဆင္းၿပီးေတာ့ ရိွ၊ မရိွ စစ္ေဆးတယ္၊ ေတြ႕ရိွလို႔ရိွရင္ အေရးယူမယ္"ဟု အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA)မွ ဦးစီးအရာရိွ ဦးေအာင္တိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေဘးတစ္ေလွ်ာက္ရိွ ေဆးဆိုင္ႀကီး (၁၅) ဆိုင္ကို စစ္ေဆးခဲ့ျခင္းျဖစ္ၿပီး လိင္စိတ္ႀကြေဆးေရာင္းခ်မႈ မေတြ႕ရိွခဲ့ေၾကာင္း သိရသည္။

"အဓိက ရည္ရြယ္ခ်က္ကေတာ့ သႀကၤန္ကာလအတြင္း ေဆးဆိုင္ႀကီးေတြမွာ ကာမနဲ႔ပတ္သက္တဲ့လိင္စိတ္ၾကြေဆးေတြ ျဖန္႔ျဖဴးေရာင္းခ်မွာကို ႀကိဳတင္တားျမစ္တဲ့သေဘာပါ။ ေတြ႕ရင္ေတာ့ အေရးယူသြားဖို႔ အစီအစဥ္ရိွပါတယ္။ မလိုလားအပ္တဲ့ျပသနာေတြမျဖစ္ပြားေစဖို႔ေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

စစ္ေဆးမႈကို ေန႔လည္ (၂) နာရီတြင္ စတင္ခဲ့ၿပီး မူးယစ္တပ္ဖြဲ႕စု (၃၀) တာခ်ီလိတ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမိဳ႕နယ္စည္ပင္သာယာေရးဌာန၊က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊အစားအေသာက္ႏွင့္ေဆး၀ါးကြက္ကဲေရးဦးစီးဌာနမွ တာ၀န္ရိွသူမ်ားက ေဆးဆိုင္မ်ားကိုလိုက္လံစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် သင်္ကြန်ကာလအတွင်း လိင်စိတ်ကြွဆေးများ ရောင်းချမှုမရှိစေရေးနှင့် အသိပညာပေးမှုများကို ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ ခုနှစ် ဧပြီလ (၁၂) ရက်နေ့ နေ့လည်က စစ်ဆေးခဲ့ကြသည်။

"ကျွန်တော်တို့ ပြီးခဲ့တဲ့ (၂) ပတ်လောက်ကပေါ့။ မူးယစ်တပ်ဖွဲ့မှူးက သင်္ကြန်နီးတဲ့အချိန်မှာ ကာမဆိုင်ရာဆေးတွေရယ်၊ စိတ်ကြွဆေးတွေရယ်။ မူးယစ်ဆေးတွေရယ်ဖမ်းဆီး ကာကွယ်တားဆီးဖို့အတွက် ဆောင်ရွက်ဖို့ အစည်းအေဝးခေါ်တဲ့အတွက် အဲဒီကချတဲ့လုပ်ငန်းစဉ်အရ ဒီနေ့ဆေးဆိုင်တွေကိုကွင်းဆင်းပြီးတော့ ရှိ၊ မရှိ စစ်ဆေးတယ်၊ တွေ့ရှိလို့ရှိရင် အရေးယူမယ်"ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဦးစီးအရာရှိ ဦးအောင်တိုးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေးတစ်လျှောက်ရှိ ဆေးဆိုင်ကြီး (၁၅) ဆိုင်ကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လိင်စိတ်ကြွဆေးရောင်းချမှု မတွေ့ရှိခဲ့ကြောင်း သိရသည်။

"အဓိက ရည်ရွယ်ချက်ကတော့ သင်္ကြန်ကာလအတွင်း ဆေးဆိုင်ကြီးတွေမှာ ကာမနဲ့ပတ်သက်တဲ့လိင်စိတ်ကြွဆေးတွေ ဖြန့်ဖြူးရောင်းချမှာကို ကြိုတင်တားမြစ်တဲ့သဘောပါ။ တွေ့ရင်တော့ အရေးယူသွားဖို့ အစီအစဉ်ရှိပါတယ်။ မလိုလားအပ်တဲ့ပြသနာတွေမဖြစ်ပွားစေဖို့ပေါ့"ဟု တာချီလိတ်မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

စစ်ဆေးမှုကို နေ့လည် (၂) နာရီတွင် စတင်ခဲ့ပြီး မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးဆိုင်များကိုလိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net