ထိုင်းနိုင်ငံမှ သင်္ကြန်ကာလနေရပ်ပြန်လာသည့် မြန်မာလုပ်သားများ သတ်မှတ်ကာလကျော်မှ ထိုင်းနိုင်ငံအတွင်း ပြန်ဝင်လိုပါက Re-Entry တုံး ထုရမည်

ထိုင်းနိုင်ငံမှ သင်္ကြန်ကာလနေရပ်ပြန်လာသည့် မြန်မာလုပ်သားများ သတ်မှတ်ကာလကျော်မှ ထိုင်းနိုင်ငံအတွင်း ပြန်ဝင်လိုပါက Re-Entry တုံး ထုရမည်
ဧပွီ 11, 2019
By Tachileik News Agency

ထိုင်းနိုင်ငံမှ သင်္ကြန်ကာလနေရပ်ပြန်လာသည့် မြန်မာလုပ်သားများအနေဖြင့် သတ်မှတ်ကာလကျော်လွန်၍ ထိုင်းနိုင်ငံအတွင်း ပြန်ဝင်လိုပါက ၂၀၁၉ခုနှစ် မေလ (၁)ရက်နေ့မှ (၃၀)ရက်နေ့အထိကာလအတွင်း Re-Entry တုံး ထုရမည်ဖြစ်ပြီး ဘတ် (၂,၀၀၀)ပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့်ပတ်စ်ပို့ (သို့) စီအိုင်စာအုပ်ကိုင်ဆောင်ထားသည့် လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာလုပ်သားများအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့မှစ၍ နေရပ်ပြန်ရာတွင် RE-ENTRY (အပြန်တုံးကြီး) ထုစရာမလိုဘဲ တရားဝင်နယ်စပ်ဂိတ်များမှ အထွက်တံဆိပ်တုံးထုကာ ထွက်ခွာခွင့်နှင့် ဧပြီလ (၃၀)ရက်နေ့တွင် ထိုင်းနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ရန် ကာလသတ်မှတ်ပေးထားပြီး အဆိုပါကာလအတွင်း ဝင်ထွက်သွားလာမှုအတွက် အခကြေးငွေကင်းလွတ်ခွင့်ပေးထားခြင်းဖြစ်သည်။


အခကြေးငွေကင်းလွတ်ခွင့်ပြုထားသည့် ဧပြီလ (၃၀)ရက်နေ့ထက် ကျော်လွန်ပြီးမှ ပြန်လာသူများအနေဖြင့် Re –entry ဗီဇာတုံးထုရန်လိုအပ်ပြီး ဘတ် (၂၀၀၀)ကျသင့်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ တာဝန်ရှိသူများက အသိပေးဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်နေခြင်းဖြစ်သည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံမှ သင်္ကြန်ကာလနေရပ်ပြန်လာသည့် မြန်မာလုပ်သားများအနဖြေင့် သတ်မှတ်ကာလကျော်လွန်၍ ထိုင်းနိုင်ငံအတွင်း ပြန်ဝင်လိုပါက ၂၀၁၉ခုနှစ် မေလ (၁)ရက်နေ့မှ (၃၀)ရက်နေ့အထိကာလအတွင်း Re-Entry တုံး ထုရမည်ဖြစ်ပြီး ဘတ် (၂,ဝဝဝ)ပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့်ပတ်စ်ပို့ (သို့) စီအိုင်စာအုပ်ကိုင်ဆောင်ထားသည့် လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာလုပ်သားများအနဖြေင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့မှစ၍ နေရပ်ပြန်ရာတွင် RE-ENTRY (အပြန်တုံးကြီး) ထုစရာမလိုဘဲ တရားဝင်နယ်စပ်ဂိတ်များမှ အထွက်တံဆိပ်တုံးထုကာ ထွက်ခွာခွင့်နှင့် ဧပြီလ (၃၀)ရက်နေ့တွင် ထိုင်းနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ရန် ကာလသတ်မှတ်ပေးထားပြီး အဆိုပါကာလအတွင်း ဝင်ထွက်သွားလာမှုအတွက် အခကြေးငွေကင်းလွတ်ခွင့်ပေးထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင်းမှ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားလုပ်သားများ သင်္ကြန်ကာလ နေရပ်ပြန်ရာတွင် အခကြေးငွေ မကုန်ကျဘဲ ပြန်နိုင်ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အခကြေးငွေကင်းလွတ်ခွင့်ပြုထားသည့် ဧပြီလ (၃၀)ရက်နေ့ထက် ကျော်လွန်ပြီးမှ ပြန်လာသူများအနဖြေင့် Re –entry ဗီဇာတုံးထုရန်လိုအပ်ပြီး ဘတ် (၂၀၀၀)ကျသင့်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ တာဝန်ရှိသူများက အသိပေးဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်နခြေင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင်း အလုပ် လုပ်ကိုင်နေသည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားလုပ်သားများ၏ သင်္ကြန်ပိတ်ရက် နေရပ်ပြန်ရေး အတွက် Re – entry ကြေးကင်းလွတ်ခွင့်ကို ထိုင်းနိုင်ငံက နှစ်စဉ် ရက်အကန့်အသတ်ဖြင့်ခွင့်ပြုလေ့ရှိပြီး ၂၀၁၈ ခုနှစ် သင်္ကြန်ကာလအတွင်းက ရွှေ့ပြောင်းလုပ်သားပေါင်း (၂၄၀,၂၅၁)ဦး နေရပ်ပြန်ခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net