ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ ရာၾကာရွည္ မီးခိုးျမဴဖံုးလႊမ္းေနမႈမ်ားေၾကာင့္ ေတာင္ယာမီး၊ ေတာမီးမရိႈ႕ေစရန္ ပညာေပးျခင္းႏွင့္ ေတာင္ယာမီးရိႈ႕မႈကို ကြင္းဆင္းစစ္ေဆးမႈမ်ားကို တာခ်ီလိတ္ခရိုင္၊ မိုင္းဆတ္ၿမိဳ႕နယ္အတြင္း ေဆာင္ရြက္ေနေၾကာင္း သိရသည္။
"မီးေလာင္ေနတဲ့ေနရာ တစ္ေနရာမွ မေတြ႕ဘူးဗ်။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြေရာ ကၽြန္ေတာ္တို႔ေရာ ရြာေတာင္ထိပ္ေတြ တက္ၿပီးရွာရတာေလ။ မီးခိုးကေတာ့ ေတာ္ေတာ္မ်ားေနတယ္"ဟု မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသက္လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မိုင္းျဖတ္ၿမိဳ႕တြင္ မီးခိုးျမဴမ်ားဖံုးလႊမ္းလာေနမႈေၾကာင့္ ေတာင္ယာမီးမရိႈ႕ေစရန္ အသိပညာေပးလုပ္ေဆာင္ေနၿပီး ၿမိဳ႕တြင္းတြင္လည္း ေရျဖန္းမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။
မီးခိုးမ်ားေလ်ာ့က်ေရးအတြက္ တစ္ရက္လွ်င္ (၄)ႀကိမ္ ေရဖ်န္းေပးျခင္းကို ေဆာင္ရြက္ေနေၾကာင္း သိရသည္။
ေတာင္ယာမီးရိႈ႕မႈမ်ားေၾကာင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသရိွ ၿမိဳ႕ရြာမ်ားတြင္ မီးခိုးျမဴထူထပ္စြာဖံုးလႊမ္းျခင္းကို ကာလၾကာရွည္ခံစားေနရျခင္းျဖစ္ၿပီး ေလထုအရည္အေသြးတုိင္းတာေနသည့္ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၃၁)ရက္ေန႔က ေလထုအရည္အေသြး အညႊန္းကိန္း (၅၀၂)အထိေရာက္ရိွကာ ေလထုအတြင္း အမႈန္ပါဝင္မႈ အလြန္ဆိုးရြားသည့္အေျခအေနႏွင့္ ရင္ဆုိင္ခဲ့ရျခင္းျဖစ္သည္။
ပံုအညႊန္း - မိုင္းျဖတ္ၿမိဳ႕တြင္း 31.3.2019 ရက္ေန႔က ေတြ႔ျမင္ရသည့္ အေျခအေန
သတင္း - #ဟန္စိုးထိုက္
ဓါတ္ပံု - ကိုဇင္ကိုကိုလတ္
"မီးလောင်နေတဲ့နေရာ တစ်နေရာမှ မတွေ့ဘူးဗျ။ လွှတ်တော်ကိုယ်စားလှယ်တွေရော ကျွန်တော်တို့ရော ရွာတောင်ထိပ်တွေ တက်ပြီးရှာရတာလေ။ မီးခိုးကတော့ တော်တော်များနေတယ်"ဟု မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းဖြတ်မြို့တွင် မီးခိုးမြူများဖုံးလွှမ်းလာနေမှုကြောင့် တောင်ယာမီးမရှို့စေရန် အသိပညာပေးလုပ်ဆောင်နပြေီး မြို့တွင်းတွင်လည်း ရဖြေန်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
မီးခိုးများလျော့ကျရေးအတွက် တစ်ရက်လျှင် (၄)ကြိမ်ရေဖျန်းပေးခြင်းကို ဆောင်ရွက်နေကြောင်း သိရသည်။
တောင်ယာမီးရှို့မှုများကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ မြို့ရွာများတွင် မီးခိုးမြူထူထပ်စွာဖုံးလွှမ်းခြင်းကို ကာလကြာရှည်ခံစားနေရခြင်းဖြစ်ပြီး လေထုအရည်အသွေးတိုင်းတာနေသည့် တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့က လေထုအရည်အသွေး အညွှန်းကိန်း (၅၀၂)အထိရောက်ရှိကာ လေထုအတွင်း အမှုန်ပါဝင်မှု အလွန်ဆိုးရွားသည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
ပုံအညွှန်း - မိုင်းဖြတ်မြို့တွင်း 31.3.2019 ရက်နေ့က တွေ့မြင်ရသည့် အခြေအနေ
သတင်း - #ဟန်စိုးထိုက်
ဓာတ်ပုံ - ကိုဇင်ကိုကိုလတ်