သင်္ကြန်ကာလနေရပ်ပြန်သည့် မြန်မာလုပ်သားများ ထိုင်းနိုင်ငံအတွင်း ပြန်ဝင်ရာတွင် အခက်အခဲရှိပါက ဆက်သွယ်အကူအညီတောင်းခံနိုင်

သင်္ကြန်ကာလနေရပ်ပြန်သည့် မြန်မာလုပ်သားများ ထိုင်းနိုင်ငံအတွင်း ပြန်ဝင်ရာတွင် အခက်အခဲရှိပါက ဆက်သွယ်အကူအညီတောင်းခံနိုင်
ဧပြီ 19, 2019
By Tachileik News Agency

သင်္ကြန်ကာလနေရပ်ပြန်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံတွင်း ပြန်ဝင်ရာတွင် အခက်အခဲရှိပါက ကူညီဆောင်ရွက်ပေးရန် အလုပ်သမားသံအရာရှိရုံက အယုဒ္ဓယမြို့တွင် အလုပ်သမားသံအရာရှိတစ်ဦး တာဝန်ချထားပေးသဖြင့် ဆက်သွယ်အကူအညီတောင်းခံနိုင်ကြကြောင်း သိရသည်။

ခွင့်ပြန်မြန်မာအလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်ရှိရာသို့ ပြန်လာသည့်ခရီးတွင်အခက်အခဲ တစ်စုံတစ်ရာရှိပါက ဦးစန်းမောင်ဦး(ဘန်ကောက်)Phone | Viber | Line - 09 4884 5484၊ ဦးသန်းနိုင် (ဘန်ကောက်)Phone | Viber | Line - 06 5220 6952၊ ဦးဇော်မင်းအောင်(ရနောင်း) Phone | Viber | Line -06 5220 6951၊ ဦးအောင်မင်း(မဲဆောက်)Phone | Viber | Line - 06 5220 6953၊ ဦးဇော်မင်းထွေး(ချင်းမိုင်) Phone | Viber | Line - 09 9059 2352၊ အလုပ်သမားသံအရာရှိရုံး(Call Center) Phone | Viber | Line - 0 626262 143 တို့သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

သင်္ကြန်ကာလနေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားများကို ၂၀၁၉ ခုနှစ်၊ ဧပြီလ(၅)ရက်နေ့မှ(၃၀)ရက်အနေ့အထိ ကာလအတွင်း နေရပ်ပြန်ခြင်းနှင့် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်းကို အခမဲ့ ခွင့်ပြုပေးထားခြင်းဖြစ်ပြီး မေလ (၁)ရက်နေ့မှစ၍ လကုန်ရက်အထိ ဒဏ်ကြေးငွေ ဘတ် (၂၀၀၀)ပေးဆောင်ရမည်ဖြစ်ကာ မတ်လကုန်ထက် နောက်ကျ၍ ပြန်ဝင်လိုသူများအနေဖြင့် MOU စနစ်ဖြင့် ပြန်လည်ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~




Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net