ထုိင္းႏုိင္ငံမွ သႀကၤန္ေနရပ္ျပန္လာသည့္ ျမန္မာႏုိင္ငံသား (၁၁)ဦးမွာ ေမာ္ေတာ္ယာဥ္အတြင္း အထုပ္အပိုးပစၥည္းမ်ား မ်ားျပားလြန္းၿပီး အသက္ရႈၾကပ္ေမ့ေမ်ာသြားၾကသျဖင့္ ထုိင္းႏုိင္ငံသားယာဥ္ေမာင္းက အေရးေပၚသို႔ ပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။
တစ္ႏွစ္သားအရြယ္ ကေလး(၁)ဦး၊ အမ်ိဳးသမီး (၂)ဦးႏွင့္ အမ်ိဳးသား (၈)ဦး စုစုေပါင္း (၁၁)ဦးပါဝင္သည့္အဖြဲ႕က စူရတ္ဌာနီမွ မဲေဆာက္သို႔ ပို႔ေဆာင္ေပးရန္ကားငွားလာသျဖင့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၃)ရက္ေန႔က လုိက္ပါပို႔ေဆာင္ေပးျခင္းျဖစ္ေၾကာင္း ယာဥ္ေမာင္းျဖစ္သူ အသက္ (၄၃)ႏွစ္အရြယ္ ထိုင္းအမ်ိဳးသားထံမွ သိရသည္။
၎တို႔တစ္ဦးခ်င္းစီတြင္ အထုပ္အပိုးမ်ားစြာပါဝင္ေနၿပီး လူမ်ားေနေသာ္လည္း အားလံုးလုိက္ပါႏုိင္မွ ကားငွားမည္ဟုဆိုသျဖင့္ တင္ေဆာင္လာရျခင္းျဖစ္သည္ဟု ေျပာၾကားေၾကာင္း သိရသည္။
လမ္းခရီးတြင္ေမာင္းႏွင္လာစဥ္ ခရီးသည္အခ်ိဳ႕က ေအာ့အန္လာၾကသျဖင့္ ယာဥ္ေမာင္းက က်န္ခရီးသည္မ်ားအား ေမးျမန္းၾကည့္ရာ ေမ့ေမ်ာေနၾကသျဖင့္ ကားရပ္လုိက္ၿပီး ေလဝင္ေစရန္ တံခါးမ်ားကို ဆြဲဖြင့္ထားကာ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕အား ဆက္သြယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏုိင္ငံသား (၁၁)ဦးကို အေရးေပၚကယ္ဆယ္ေရးအဖြဲ႕က ေဆးရံုသို႔ပို႔ေပးခဲ့ျခင္းျဖစ္ၿပီး ေမာ္ေတာ္ယာဥ္အတြင္း အထုပ္အပိုးမ်ားျပားလြန္းသျဖင့္ အသက္ရႈၾကပ္သြားျခင္းျဖစ္သည္ဟု ယူဆထားေၾကာင္း သိရသည္။
Tachileik News Agency
Ref: Bangkok Post
~~~~~~~~⊰❂ Unicode Version ❂⊱~~~~~~~~
ထိုင်းနိုင်ငံမှ သြင်္ကန်နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား (၁၁)ဦး ကားအတွင်း အထုပ်အပိုးများလွန်း၍ အသက်ရှုကြပ်မေ့မျောသွားပြီး အရေးပေါ်ပို့ဆောင်ထားရ
********
********
ထိုင်းနိုင်ငံမှ သြင်္ကန်နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား (၁၁)ဦးမှာ မော်တော်ယာဉ်အတွင်း အထုပ်အပိုးပစ္စည်းများ များပြားလွန်းပြီး အသက်ရှုကြပ်မေ့မျောသွားကြသဖြင့် ထိုင်းနိုင်ငံသားယာဉ်မောင်းက အရေးပေါ်သို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
တစ်နှစ်သားအရွယ် ကလေး(၁)ဦး၊ အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၈)ဦး စုစုပေါင်း (၁၁)ဦးပါဝင်သည့်အဖွဲ့က စူရတ်ဌာနီမှ မဲဆောက်သို့ ပို့ဆောင်ပေးရန်ကားငှားလာသဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့က လိုက်ပါပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ယာဉ်မောင်းဖြစ်သူ အသက် (၄၃)နှစ်အရွယ် ထိုင်းအမျိုးသားထံမှ သိရသည်။
၎င်းတို့တစ်ဦးချင်းစီတွင် အထုပ်အပိုးများစွာပါဝင်နေပြီး လူများနေသော်လည်း အားလုံးလိုက်ပါနိုင်မှ ကားငှားမည်ဟုဆိုသဖြင့် တင်ဆောင်လာရခြင်းဖြစ်သည်ဟု ပြောကြားကြောင်း သိရသည်။
လမ်းခရီးတွင်မောင်းနှင်လာစဉ် ခရီးသည်အချို့က အော့အန်လာကြသဖြင့် ယာဉ်မောင်းက ကျန်ခရီးသည်များအား မေးမြန်းကြည့်ရာ မေ့မျောနေကြသဖြင့် ကားရပ်လိုက်ပြီး လေဝင်စေရန် တံခါးများကို ဆွဲဖွင့်ထားကာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အား ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသား (၁၁)ဦးကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဆေးရုံသို့ပို့ပေးခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်အတွင်း အထုပ်အပိုးများပြားလွန်းသဖြင့် အသက်ရှုကြပ်သွားခြင်းဖြစ်သည်ဟု ယူဆထားကြောင်း သိရသည်။
Tachileik News Agency
Ref: Bangkok Post