ခ်င္းမုိင္မွ ေနရပ္ျပန္ရန္အခက္အခဲျဖစ္ေနသည့္ ျမန္မာႏုိင္ငံသားႏွစ္ဦးကို ခ်င္းမုိင္ႏွင့္ မယ္ဆိုင္ရိွ ျမန္မာႏုိင္ငံသားမ်ား စုေပါင္းကူညီ

ခ်င္းမုိင္မွ ေနရပ္ျပန္ရန္အခက္အခဲျဖစ္ေနသည့္ ျမန္မာႏုိင္ငံသားႏွစ္ဦးကို ခ်င္းမုိင္ႏွင့္ မယ္ဆိုင္ရိွ ျမန္မာႏုိင္ငံသားမ်ား စုေပါင္းကူညီ
ဧပြီ 22, 2019
By 🌸
ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ရန္ တရားဝင္အေထာက္အထားမပါဘဲ သြားေရာက္ခဲ့သည့္ ျမန္မာႏုိင္ငံသား (၂)ဦး အခက္အခဲျဖစ္ေနသျဖင့္ ေနရပ္ျပန္နုိင္ေရးအတြက္ ခ်င္းမုိင္ႏွင့္ မယ္ဆုိင္ရိွ ျမန္မာႏုိင္ငံသား ဇနီးေမာင္ႏွံကို လမ္းစရိတ္ပံပိုးေပးကာ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕အထိ လုိက္ပါပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။

“အလုပ္လုပ္ဖို႔ အေထာက္အထားမဲ့ဝင္သြားၾကတာပါ။ ဟိုမွာ အလုပ္ကမရ၊ ဘာအေထာက္အထားမွလည္းမ႐ွိ၊ ေငြလည္းမ႐ွိ  ဒုကၡေတြေရာက္ေနလို႔ ခ်ိတ္ဆက္ကူညီေပးၾကတာပါ”ဟု ျမန္မာလုပ္သားႏွစ္ဦး ေနရပ္ျပန္ႏုိင္ေရးအတြက္ တာခ်ီလိတ္အထိ ကူညီပို႔ေဆာင္ေပးသူ ဦးထြန္း(မယ္ဆုိင္)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျဖၾကားသည္။

အဆိုပါ ျမန္မာႏုိင္ငံသားႏွစ္ဦးမွာ မေကြးတုိင္းေဒသႀကီး အထက္မင္းလွၿမိဳ႕မွေန၍ ထုိင္းႏိုင္ငံ၊ ခ်င္းမုိင္ၿမိဳ႕တြင္ အလုပ္လုပ္ကိုင္ရန္ သြားေရာက္ရာမွ အလုပ္အကိုင္မရဘဲ အခက္အခဲျဖစ္ေနသျဖင့္ ခ်င္းမိုင္ၿမိဳ႕ရိွ ခ်င္းမိုင္အလုပ္သမားသံအရာရွိ ဦးေဇာ္မင္းေထြး ႏွင့္ မမီးမီးက ခရီးစရိတ္စိုက္ထုတ္ေပးကာ မယ္ဆုိင္ၿမိဳ႕သို႔ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာလုပ္သားႏွစ္ဦး ေနရပ္ေဒသျပန္ႏုိင္ေရးအတြက္ မယ္ဆုိင္ၿမိဳ႕မွ တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၂)ရက္ေန႔တြင္ ပို႔ေဆာင္ေပးထားကာ အေဝးေျပးကားျဖင့္ ေနရပ္ျပန္ႏုိင္ရန္ စီစဥ္ေပးထားေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံတြင္ အလုပ္သမားဥပေဒသစ္အရ တရားမဝင္ အလုပ္လုပ္ကိုင္သူမ်ားကို အေရးယူမႈအျပင္ တရားမဝင္လုပ္သားမ်ားကို အလုပ္ခန္႔ထားသူမ်ားကိုပါ ျပစ္မႈျပစ္ဒဏ္တိုးျမႇင့္သတ္မွတ္လုိက္ၿပီး စီမံခ်က္ျဖင့္ စစ္ေဆးဖမ္းဆီးမႈမ်ား လုပ္ေဆာင္ေနသျဖင့္ တရားဝင္ အလုပ္လုပ္ကိုင္ခြင့္ျဖင့္သာ သြားေရာက္ၾကရန္ သက္ဆုိင္ရာတာဝန္ရိွသူမ်ားက တုိက္တြန္းထားျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ချင်းမိုင်မှ နေရပ်ပြန်ရန်အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသားနှစ်ဦးကို ချင်းမိုင်နှင့် မယ်ဆိုင်ရှိ မြန်မာနိုင်ငံသားများ စုပေါင်းကူညီ
**********
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် တရားဝင်အထောက်အထားမပါဘဲ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသား (၂)ဦး အခက်အခဲဖြစ်နေသဖြင့် နေရပ်ပြန်နိုင်ရေးအတွက် ချင်းမိုင်နှင့် မယ်ဆိုင်ရှိ မြန်မာနိုင်ငံသား ဇနီးမောင်နှံကို လမ်းစရိတ်ပံပိုးပေးကာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့အထိ လိုက်ပါပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

“အလုပ်လုပ်ဖို့ အထောက်အထားမဲ့ဝင်သွားကြတာပါ။ ဟိုမှာ အလုပ်ကမရ ဘာအထောက်အထား မှလည်းမရှိ၊ ငွေလည်းမရှိ  ဒုက္ခတွေရောက်နေလို့ ချိတ်ဆက်ကူညီပေးကြတာပါ”ဟု မြန်မာလုပ်သားနှစ်ဦး နေရပ်ပြန်နိုင်ရေးအတွက် တာချီလိတ်အထိ ကူညီပို့ဆောင်ပေးသူ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ဖြေကြားသည်။

အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးမှာ မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့မှနေ၍ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အလုပ်လုပ်ကိုင်ရန် သွားရောက်ရာမှ အလုပ်အကိုင်မရဘဲ အခက်အခဲဖြစ်နေသဖြင့် ချင်းမိုင်မြို့ရှိ ချင်းမိုင်အလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေး နှင့် မမီးမီးက ခရီးစရိတ်စိုက်ထုတ်ပေးကာ မယ်ဆိုင်မြို့သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာလုပ်သားနှစ်ဦး နေရပ်ဒေသပြန်နိုင်ရေးအတွက် မယ်ဆိုင်မြို့မှ တာချီလိတ်မြို့သို့ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့တွင် ပို့ဆောင်ပေးထားကာ အဝေးပြေးကားဖြင့် နေရပ်ပြန်နိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားဥပဒေသစ်အရ တရားမဝင် အလုပ်လုပ်ကိုင်သူများကို အရေးယူမှုအပြင် တရားမဝင်လုပ်သားများကို အလုပ်ခန့်ထားသူများကိုပါ ပြစ်မှုပြစ်ဒဏ်တိုးမြှင့်သတ်မှတ်လိုက်ပြီး စီမံချက်ဖြင့် စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ဖြင့်သာ သွားရောက်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက တိုက်တွန်းထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net