မေကြးတုိင္းေဒသႀကီး မေကြးၿမိဳ႕တြင္ မဟာသႀကၤန္ပြဲေတာ္ႏွင့္ လမ္းေလွ်ာက္သႀကၤန္ကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၃)ရက္ေန႔ နံနက္ပိုင္းက စတင္ဖြင့္လွစ္သည္။
ေမာ္ေတာ္ယာဥ္မ်ားအသံုးျပဳမႈကို ေလွ်ာ့ခ်လိုက္ၿပီး ရိုးရာယဥ္ေက်းမႈဓေလ့မ်ားထည့္သြင္းက်င္းပသည့္ လမ္းေလွ်ာက္သႀကၤန္ပြဲေတာ္ကို မေကြးၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္က စတင္က်င္းပျခင္းျဖစ္ရာ ယခုႏွစ္တြင္ ဒုတိယအႀကိမ္အျဖစ္ ဆက္လက္လုပ္ေဆာင္ေနျခင္းျဖစ္သည္။
လမ္းေလွ်ာက္သႀကၤန္ကို ကမ္းနားလမ္းတစ္ေလ်ွာက္တြင္ က်င္းပျခင္းျဖစ္ၿပီး ယိမ္းအဖြဲ႕မ်ားက ျမနႏၵာသီခ်င္းျဖင့္ စတင္ဖြင့္လွစ္ေၾကာင္း သိရသည္။
ကမ္းနားလမ္းတေလွ်ာက္ မဲထီးလမ္းထိပ္မွ ေက်ာက္သားဥယ်ာဥ္ထိ ေရကစားမ႑ပ္၊ေဖ်ာ္ေရးမ႑ပ္မ်ားႏွင့္ စတုဒီသာမ႑ပ္မ်ားရိွေနၿပီး ဗဟိုမ႑ပ္တြင္ ဌာနဆိုင္ရာမ်ားႏွင့္ ရပ္ကြက္ အသီးသီးတို႔မွ ယိမ္း(၁၄)ဖဲြ႕ ျဖင့္ အလွည့္က် ေဖ်ာ္ေျဖယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္းသိရသည္။
ယင္းအျပင္ ျမန္မာႏွစ္ဆန္း(၁)ရက္ေန႔တြင္ ဧရာ၀တီျမစ္ကမ္း ေညာင္ကိုးပင္ဆိပ္၌ ဇီဝိတဒါနငါးလႊတ္ပြဲႏွင့္ ဖန္ခါးေျမဘိုးဘြားရိပ္သာ၌ အသက္ (၈၅) ႏွစ္ႏွင့္ အထက္ဘိုးဘြား (၆၆) ဦးအား ပူေဇာ္ကန္ေတာ့ပြဲတို႔ကိုလည္း က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
သႀကၤန္ဖြင့္ပြဲသို႔ မေကြးတိုင္းေဒသ ႀကီးလႊတ္ေတာ္ဥကၠဌ ဦးတာ၊ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႕ လူမႈေရးဝန္ႀကီး ေဒါက္တာ ခင္ေမာင္ေအး၊ လံုျခံဳေရးႏွင့္နယ္စပ္ေရး ရာဝန္ႀကီး ဗိုလ္မႉးႀကီးမင္းဦး၊ လယ္ယာစိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦးဝင္းေမာ္ေဌး၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဌး၊ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီဥကၠဌ ဦးဖိုးနီ၊လူမႈေရး အသင္း အဖဲြ႕မွ ဦးသိန္းေဇာ္တို႔ တက္ေရာက္၍ ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ဖီးနစ္
မော်တော်ယာဉ်များအသုံးပြုမှုကို လျှော့ချလိုက်ပြီး ရိုးရာယဉ်ကျေးမှုဓလေ့များထည့်သွင်းကျင်းပသည့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို မကွေးမြို့တွင် ၂၀၁၈ ခုနှစ်က စတင်ကျင်းပခြင်းဖြစ်ရာ ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်လုပ်ဆောင်နခြေင်းဖြစ်သည်။
လမ်းလျှောက်သင်္ကြန်ကို ကမ်းနားလမ်းတစ်လျှောက်တွင် ကျင်းပခြင်းဖြစ်ပြီး ယိမ်းအဖွဲ့များက မြနန္ဒါသီချင်းဖြင့် စတင်ဖွင့်လှစ်ကြောင်း သိရသည်။
ကမ်းနားလမ်းတလျှောက် မဲထီးလမ်းထိပ်မှ ကျောက်သားဥယျာဉ်ထိ ရေကစားမဏ္ဍပ်၊ဖျော်ရေးမဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များရှိနပြေီး ဗဟိုမဏ္ဍပ်တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက် အသီးသီးတို့မှ ယိမ်း(၁၄)ဖွဲ့ ဖြင့် အလှည့်ကျ ဖျော်ဖြေယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းအပြင် မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ဧရာဝတီမြစ်ကမ်း ညောင်ကိုးပင်ဆိပ်၌ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာ၌ အသက် (၈၅) နှစ်နှင့် အထက်ဘိုးဘွား (၆၆) ဦးအား ပူဇော်ကန်တော့ပွဲတို့ကိုလည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သင်္ကြန်ဖွင့်ပွဲသို့ မကွေးတိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး၊ လယ်ယာစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဖိုးနီ၊လူမှုရေး အသင်း အဖွဲ့မှ ဦးသိန်းဇော်တို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်