မေကြးၿမိဳ႕ေပၚ အမ်ားျပည္သူအသံုးျပဳသည့္ ေနရာမ်ားတြင္ အမိႈက္ပံုးမ်ားထားႏုိင္ရန္ စည္ပင္က အလွဴရွင္ဖိတ္ေခၚ

မေကြးၿမိဳ႕ေပၚ အမ်ားျပည္သူအသံုးျပဳသည့္ ေနရာမ်ားတြင္ အမိႈက္ပံုးမ်ားထားႏုိင္ရန္ စည္ပင္က အလွဴရွင္ဖိတ္ေခၚ
ဧပြီ 10, 2019
By Tachileik News Agency

မေကြးၿမိဳ႕တြင္ အမ်ားျပည္သူအသံုးျပဳသည့္ေနရာမ်ား၌ အမိႈက္ပံုးမ်ား မရိွေသးသျဖင့္ ၂၀၁၉ ခုနွစ္၊ ဧၿပီလအတြင္း အမိႈက္ပံုးမ်ားထားရန္ မေကြး ၿမိဳ႕နယ္စည္ပင္သာယာေရးအဖဲြ႔က စီစဥ္ေနၿပီး အမိႈက္ပံုးအလွဴရွင္မ်ားကိုလည္း ဖိတ္ေခၚထားေၾကာင္း သိရသည္။
“အမိႈက္ပံုးအေရအတြက္က ဒီေန႔အထိ ပံုး(၁၃၀)ရရိွေနပါၿပီ။ ပံုး(၄၀၀)ေက်ာ္ေလာက္ ခ်ထားေပးႏိုင္ဖို႔ စီစဥ္သြားမွာျဖစ္ၿပီး အမိႈက္ပံုးအလွဴရွင္ေတြကိုလည္း ဖိတ္ေခၚထားပါတယ္။ လူစည္ကားတဲ့ေနရာေတြမွာ အဓိက ထားရိွေပးသြားမွာျဖစ္ၿပီး ဟိုက္ေျဒာလစ္ပါတဲ့အမိႈက္သိမ္းယာဥ္ေတြနဲ႔ တစ္ပတ္ကို (၂) ႀကိမ္(သို႔) (၃) ႀကိမ္ လိုက္လံသိမ္းဆည္းေပးသြားမွာပါ”ဟု မေကြးၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးဖိုးနီက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အမ်ားျပည္သူ အသံုးျပဳရာေနရာမ်ားတြင္ ထားရိွမည့္ အမိႈက္ပံုးမ်ားကို လမ္းေလွ်ာက္သႀကၤန္ပဲြေတာ္တြင္ အသံုးျပဳသြားမည္ ျဖစ္ၿပီး သႀကၤန္ၿပီးပါက အမ်ားျပည္သူဆုိင္ရာေနရာမ်ားတြင္ ခ်ထားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“အမိႈက္မပစ္ရ ဥပေဒသာထုတ္ျပန္ထားၿပီး အမိႈက္စြန္႔ပစ္ဖို႔ေနရာ ထားရိွမေပးရင္ ဥပေဒကို လိုက္နာႏိုင္ဖို႔ ခဲယဥ္းမွာျဖစ္ပါတယ္။ ျပည္သူေတြ စနစ္တက်အမိႈက္စြန္႔ပစ္တဲ့ အေလ့အထ ကို ေမြးျမဴလာႏိုင္ေစဖို႔ အ တြက္လည္း ရည္ရြယ္ပါတယ္” ဟု ဦးဖိုးနီက ေျပာသည္။

အမိႈက္ပံုးတစ္ပံုးလွ်င္ (၇,၅၀၀)က်ပ္ႏွဳန္းျဖင့္ ပါဝင္လွဴဒါန္းႏိုင္ရန္ ဖိတ္ေခၚထားၿပီး လွဴဒါန္းလိုသူမ်ားအေနျဖင့္ မေကြးၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးဖိုးနီ ဖုန္းနံပါတ္ 095340893 သို႔ ဆက္သြယ္လွဴဒါန္းႏိုင္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးမြို့တွင် အများပြည်သူအသုံးပြုသည့်နေရာများ၌ အမှိုက်ပုံးများ မရှိသေးသဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း အမှိုက်ပုံးများထားရန် မကွေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စီစဉ်နပြေီး အမှိုက်ပုံးအလှူရှင်များကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။

“အမှိုက်ပုံးအရေအတွက်က ဒီနေ့အထိ ပုံး(၁၃၀)ရရှိနေပါပြီ။ ပုံး(၄၀၀)ကျော်လောက် ချထားပေးနိုင်ဖို့ စီစဉ်သွားမှာဖြစ်ပြီး အမှိုက်ပုံးအလှူရှင်တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ လူစည်ကားတဲ့နေရာတွေမှာ အဓိက ထားရှိပေးသွားမှာဖြစ်ပြီး ဟိုက်ဒြောလစ်ပါတဲ့အမှိုက်သိမ်းယာဉ်တွေနဲ့ တစ်ပတ်ကို (၂) ကြိမ်(သို့) (၃) ကြိမ် လိုက်လံသိမ်းဆည်းပေးသွားမှာပါ”ဟု မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဖိုးနီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အများပြည်သူ အသုံးပြုရာနေရာများတွင် ထားရှိမည့် အမှိုက်ပုံးများကို လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် အသုံးပြုသွားမည် ဖြစ်ပြီး သင်္ကြန်ပြီးပါက အများပြည်သူဆိုင်ရာနေရာများတွင် ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အမှိုက်မပစ်ရ ဥပဒေသာထုတ်ပြန်ထားပြီး အမှိုက်စွန့်ပစ်ဖို့နေရာ ထားရှိမပေးရင် ဥပဒေကို လိုက်နာနိုင်ဖို့ ခဲယဉ်းမှာဖြစ်ပါတယ်။ ပြည်သူတွေ စနစ်တကျအမှိုက်စွန့်ပစ်တဲ့ အလေ့အထ ကို မွေးမြူလာနိုင်စေဖို့ အ တွက်လည်း ရည်ရွယ်ပါတယ်” ဟု ဦးဖိုးနီက ပြောသည်။

အမှိုက်ပုံးတစ်ပုံးလျှင် (၇,၅၀၀)ကျပ်နှုန်းဖြင့် ပါဝင်လှူဒါန်းနိုင်ရန် ဖိတ်ခေါ်ထားပြီး လှူဒါန်းလိုသူများအနဖြေင့် မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဖိုးနီ ဖုန်းနံပါတ် 095340893 သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net