တရုတ္ႏုိင္ငံသားမ်ားမွ လာေရာက္လက္ထပ္ယူကာ လူကုန္ကူးမႈ ျပဳလုပ္တတ္သည့္ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕ ေအာက္မိုင္းဟဲေက်းရြာအုပ္စုတြင္ အသိပညာေပး

တရုတ္ႏုိင္ငံသားမ်ားမွ လာေရာက္လက္ထပ္ယူကာ လူကုန္ကူးမႈ ျပဳလုပ္တတ္သည့္ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕ ေအာက္မိုင္းဟဲေက်းရြာအုပ္စုတြင္ အသိပညာေပး
ဧပြီ 14, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ ေအာက္မုိင္းဟဲေက်းရြာအုပ္စု၊ ေဟြအယ္(၂)ေက်းရြာတြင္ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၁၄)ရက္ေန႔က လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးအသိပညာေပးေဟာေျပာေၾကာင္း သိရသည္။

ယခုေနာက္ပိုင္းတြင္ အျဖစ္မ်ားတတ္သည့္ တရုတ္ႏုိင္ငံသားမ်ားက လာေရာက္လက္ထပ္ယူကာ လူကုန္ကူးေနမႈအပါအဝင္ လူကုန္ကူးမႈျဖစ္ပြားႏုိင္မႈအေျခအေနမ်ားကို ေဟြအယ္(၁)ရြာႏွင့္ ေဟြအယ္(၂)ရြာမွ ေဒသခံ စုစုေပါင္း (၈၀)ဦးအား ရွင္းလင္းေဟာေျပာေၾကာင္း သိရသည္။

မိမိတို႔ေဒသတြင္း အသိမိတ္ေဆြ ပြဲစားမ်ားမွတစ္ဆင့္ စည္းရံုးကာ လူကုန္ကူးေလ့ရိွသည့္အေျခအေနမ်ားကို မွတ္တမ္းဗီဒီယိုမ်ားျဖင့္ ရွင္းလင္းေဟာေျပာကာ လက္ကမ္းစာေစာင္မ်ား၊ နံရံကပ္စာေစာင္မ်ား ျဖန္႔ေဝေပးခဲ့ေၾကာင္းသိရသည္။

လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁)တာခ်ီလိတ္မွ တပ္ဖဲြ႕စိတ္မွဴး ရဲမွဴးရင္ရင္ေအးႏွင့္ ရဲအုပ္ လွဘုန္းတုိ႔က ပညာေပးေဟာေျပာျခင္းျဖစ္ေၾကာင္းသိရသည္။

Tachileik News Agency
ဓါတ္ပံု - လူကုန္တား


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ အောက်မိုင်းဟဲကျေးရွာအုပ်စု၊ ဟွေအယ်(၂)ကျေးရွာတွင် ၂၀၁၉ ခုနှစ် ဧပြီလ (၁၄)ရက်နေ့က လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအသိပညာပေးဟောပြောကြောင်း သိရသည်။

ယခုနောက်ပိုင်းတွင် အဖြစ်များတတ်သည့် တရုတ်နိုင်ငံသားများက လာရောက်လက်ထပ်ယူကာ လူကုန်ကူးနေမှုအပါအဝင် လူကုန်ကူးမှုဖြစ်ပွားနိုင်မှုအခြေအနေများကို ဟွေအယ်(၁)ရွာနှင့် ဟွေအယ်(၂)ရွာမှ ဒေသခံ စုစုပေါင်း (၈၀)ဦးအား ရှင်းလင်းဟောပြောကြောင်း သိရသည်။

မိမိတို့ဒေသတွင်း အသိမိတ်ဆွေ ပွဲစားများမှတစ်ဆင့် စည်းရုံးကာ လူကုန်ကူးလေ့ရှိသည့်အခြေအနေများကို မှတ်တမ်းဗီဒီယိုများဖြင့် ရှင်းလင်းဟောပြောကာ လက်ကမ်းစာစောင်များ၊ နံရံကပ်စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးနှင့် ရဲအုပ် လှဘုန်းတို့က ပညာပေးဟောပြောခြင်းဖြစ်ကြောင်းသိရသည်။

Tachileik News Agency
ဓာတ်ပုံ - လူကုန်တား

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net