အဆိုပါ ေဟာေျပာပြဲကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၇)ရက္ေန႔ နံနက္ (၁၀)နာရီမွစတင္၍ က်င္းပရာ နားမြန္းေက်းရြာ (၁/၂/၃)မွ အမ်ိဳးသား (၄၀)ဦးႏွင့္ အမ်ိဳးသမီး (၈၀)ဦး တက္ေရာက္ၾကေၾကာင္း သိရသည္။
တာခ်ီလိတ္ခရိုင္အတြင္း ေက်းရြာမ်ားတြင္ ေက်းရြာတြင္ေနထုိင္သူအခ်င္းခ်င္း၊ လူမ်ိဳးတူပြဲစားမ်ားက တရုတ္နုိင္ငံသို႔ ပို႔ေဆာင္ေပးမည္ဟု စည္းရံုး၍ လည္းေကာင္း၊ တရုတ္အမ်ိဳးသားမ်ားႏွင့္ လက္ထပ္ရန္ လည္းေကာင္း စည္းရံုး၍ လူကုန္ကူးမႈမ်ားျဖစ္ပြားေလ့ရိွေၾကာင္းကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁)တာခ်ီလိတ္မွ တပ္ဖဲြ႕စိတ္မွဴး ရဲမွဴးရင္ရင္ေအးႏွင့္ ရဲအုပ္ လွဘုန္းတုိ႔က ယခင္ျဖစ္ပြားခဲ့သည့္ျဖစ္စဥ္မ်ားျဖင့္ ရွင္းလင္းအသိေပးခဲ့ေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အမ်ိဳးသမီးငယ္တစ္ဦးအား တရုတ္ႏုိင္ငံသားက လက္ထပ္ေခၚေဆာင္သြားရန္ ႀကိဳးစားမႈ ၂၀၁၉ ခုႏွစ္၊ မတ္လအတြင္းကျဖစ္ပြားရာ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးအဖြဲ႕ထံ အခ်ိန္မီသတင္းေပးပို႔သျဖင့္ တရုတ္နုိင္ငံသား (၂)ဦးႏွင့္ တရုတ္ႏုိင္ငံသားမ်ား ေခၚေဆာင္လာကာ ခ်ိတ္ဆက္ေဆာင္ရြက္ေပးသည့္ ျမန္မာအမ်ိဳးသမီးတုိ႔ကို ဖမ္းဆီးအေရးယူႏုိင္ခဲ့ျခင္းျဖစ္သည္။
လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕၏စာရင္းအရ ရွမ္းျပည္နယ္အတြင္း ၂၀၁၉ ခုႏွစ္၊ မတ္လတြင္ လူကုန္ကူးမႈ (၆) မႈကို အမႈဖြင့္စစ္ေဆးခဲ့ရေၾကာင္းသိရၿပီး လူကုန္ကူးမႈႏွင့္ပတ္သက္၍ တုိင္ၾကားလိုပါက လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔၏ သတင္းလက္ခံေရးဌာန ဖုန္း ၀၉၄၉၅၅၅၆၆၆. ၀၉၄၉၅၅၅၇၇၇. ၀၉၄၉၅၅၅၈၈၈. ၀၉၄၉၅၅၅၉၉၉ သို႔ ဆက္သြယ္တိုင္ၾကားႏုိင္ေၾကာင္း သိရသည္။
မိသားစုတစ္စု ကေလးတစ္ဦးစီမံခ်က္အေကာင္အထည္ေဖၚခဲ့သည့္ တရုတ္ႏုိင္ငံတြင္ သတို႔သမီးလိုအပ္ခ်က္ျမင့္ေနသည့္ အိမ္နီးခ်င္းႏုိင္ငံမ်ားမွ အမ်ိဳးသမီးမ်ားကို တရုတ္အမ်ိဳးသားမ်ားႏွင့္ လက္ထပ္ရန္ လူကုန္ကူးမႈမ်ား၊ တရုတ္အမ်ိဳးသားမ်ားက အိမ္နီးခ်င္းႏုိင္ငံမ်ားသို႔ သြားေရာက္၍ သတို႔သမီးရွာေဖြလက္ထပ္ ေခၚေဆာင္သြားကာ ျပန္လည္ေရာင္းခ်မႈမ်ား ျဖစ္ပြားေနၿပီး ျမန္မာအမ်ိဳးသမီးမ်ား တရုတ္ႏုိင္ငံသို႔ လူကုန္ကူးခံရမႈမွာလည္း ျမင့္မားေနဆဲျဖစ္ေၾကာင္း လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕ထံမွ သိရသည္။
Tachileik News Agency
ဓါတ္ပံု - လူကုန္တား
အဆိုပါ ဟောပြောပွဲကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့ နံနက် (၁၀)နာရီမှစတင်၍ ကျင်းပရာ နားမွန်းကျေးရွာ (၁/၂/၃)မှ အမျိုးသား (၄၀)ဦးနှင့် အမျိုးသမီး (၈၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
တာချီလိတ်ခရိုင်အတွင်း ကျေးရွာများတွင် ကျေးရွာတွင်နေထိုင်သူအချင်းချင်း၊ လူမျိုးတူပွဲစားများက တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟု စည်းရုံး၍ လည်းကောင်း၊ တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် လည်းကောင်း စည်းရုံး၍ လူကုန်ကူးမှုများဖြစ်ပွားလေ့ရှိကြောင်းကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးနှင့် ရဲအုပ် လှဘုန်းတို့က ယခင်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များဖြင့် ရှင်းလင်းအသိပေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း အမျိုးသမီးငယ်တစ်ဦးအား တရုတ်နိုင်ငံသားက လက်ထပ်ခေါ်ဆောင်သွားရန် ကြိုးစားမှု ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းကဖြစ်ပွားရာ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့ထံ အချိန်မီသတင်းပေးပို့သဖြင့် တရုတ်နိုင်ငံသား (၂)ဦးနှင့် တရုတ်နိုင်ငံသားများ ခေါ်ဆောင်လာကာ ချိတ်ဆက်ဆောင်ရွက်ပေးသည့် မြန်မာအမျိုးသမီးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်းဖြစ်သည်။
လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၏စာရင်းအရ ရှမ်းပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်၊ မတ်လတွင် လူကုန်ကူးမှု (၆) မှုကို အမှုဖွင့်စစ်ဆေးခဲ့ရကြောင်းသိရပြီး လူကုန်ကူးမှုနှင့်ပတ်သက်၍ တိုင်ကြားလိုပါက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ သတင်းလက်ခံရေးဌာန ဖုန်း ဝ၉၄၉၅၅၅၆၆၆. ဝ၉၄၉၅၅၅၇၇၇. ဝ၉၄၉၅၅၅၈၈၈. ဝ၉၄၉၅၅၅၉၉၉ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
မိသားစုတစ်စု ကလေးတစ်ဦးစီမံချက်အကောင်အထည်ဖော်ခဲ့သည့် တရုတ်နိုင်ငံတွင် သတို့သမီးလိုအပ်ချက်မြင့်နေသည့် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများကို တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် လူကုန်ကူးမှုများ၊ တရုတ်အမျိုးသားများက အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်၍ သတို့သမီးရှာဖွေလက်ထပ် ခေါ်ဆောင်သွားကာ ပြန်လည်ရောင်းချမှုများ ဖြစ်ပွားနပြေီး မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှုမှာလည်း မြင့်မားနေဆဲဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
Tachileik News Agency
ဓာတ်ပုံ - လူကုန်တား