ကယားပြည်နယ် လွိုင်ကော်မြို့၏ ဗဟိုမဏ္ဍပ်ဖွင့်ပွဲအား သင်္ကြန်အကြိုနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့ ညနေ(၅)မှစ၍ ပြုလုပ်ခဲ့ပြီး ကယားပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ဧပြီလ (၁၃) ရက်နေ့မှစ၍ (၁၆) ရက်နေ့ထိ ယိမ်းအဖွဲ့ (၁၁)ဖွဲ့၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများ ၊ နိုင်ငံကျော်အဆိုတော်များနှင့် ဒေသခံအဆိုတော်များ၏ တေးဂီတဖျော်ဖြေခြင်းများ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ဗဟိုမဏ္ဍပ်ဘေးရှိ စတုဒီသာမဏ္ဍပ်တွင် ဧပြီလ (၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ နေ့စဉ်နံနက် (၈)နာရီမှ ညနေ (၆)နာရီအတွင်း ထမင်းနှင့် ဟင်းလျာများ အချိုပွဲများဖြင့် စတုဒိသာအဖြစ် ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ဧပြီလ (၁၃) ရက်နေ့မှစ၍ (၁၆) ရက်နေ့ထိ ယိမ်းအဖွဲ့ (၁၁)ဖွဲ့၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများ၊ နိုင်ငံကျော်အဆိုတော်များနှင့် ဒေသခံအဆိုတော်များ၏ တေးဂီတဖျော်ဖြခြေင်းများ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း