Tachileik News Agency
Ref:DW
************
ထိန်းချုပ်လမ်းညွှန်စနစ်ပါဝင်သည့် လက်နက်သစ်တစ်မျိုးကို မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်တွင် စမ်းသပ်ပစ်လွှတ်ကြောင်း မြောက်ကိုရီးယား၏ တရားဝင်သတင်းဌာနဖြစ်သည့် KCNA က သတင်းထုတ်ပြန်လာသည်ကို တွေ့ရသည်။
မြောက်ကိုရီးယားစစ်တပ်က လက်နက်သစ် ထုတ်လုပ်စမ်းသပ်ခြင်းကို လုပ်ဆောင်နေခြင်းဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် စမ်းသပ်ပစ်လွှတ်မှုကို စောင့်ကြည့်ခဲ့ကြောင်း သိရသည်။
မတူညီသည့်ပစ်မှတ်များအား လိုအပ်သလို ထိန်းချုပ်ပစ်လွှတ်နိုင်မည့် အဆိုပါ လက်နက်သစ်စီမံကိန်းမှာ တိုးတက်မှုများရှိနေကြောင်းသိရသည်။
နူကလီးယားလက်နက်စမ်းသပ်မှု အကြိမ်များစွာပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားက နူကလီးယားစမ်းသပ်ပစ်လွှတ်မှုများကို ရပ်ဆိုင်းထားပြီဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားထားသော်လည်း လွန်ခဲ့သည့်တစ်ပတ်က ကောင်းကင်ဓါတ်ပုံများအရ နူကလီးယားစမ်းသပ်သည့်နေရာတွင် လှုပ်ရှားမှုများ တွေ့နေရဆဲဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။
Tachileik News Agency
Ref:DW
Photo: Reuter