[ ကြော်ငြာ ] တာချီလိတ် - ကော့သောင်း ခရီးစဉ်မှာ ကျွန်းအလှတွေနဲ့ သဘာဝအလှကို အတူကြည့်ရှုခံစားနိုင်ဖို့ စာရင်းအမြန်ပေးနိုင်ပါပြီ ( လူဦးရေကန့်သတ်ထား )

[ ကြော်ငြာ ] တာချီလိတ် - ကော့သောင်း ခရီးစဉ်မှာ ကျွန်းအလှတွေနဲ့ သဘာဝအလှကို အတူကြည့်ရှုခံစားနိုင်ဖို့ စာရင်းအမြန်ပေးနိုင်ပါပြီ ( လူဦးရေကန့်သတ်ထား )
ဧပွီ 10, 2019
By Tachileik News Agency

[   ကြော်ငြာ ]

တာချီလိတ် - ကော့သောင်း ခရီးစဉ်မှာ ကျွန်းအလှတွေနဲ့ သဘာဝအလှကို အတူကြည့်ရှုခံစားနိုင်ဖို့  စာရင်းအမြန်ပေးနိုင်ပါပြီ ( လူဦးရေကန့်သတ်ထား )




Day 1 



Day 2 

Day 3 








~~~~~~~~⊰❂ Unicode Version ~~~~~~~~


[ ကြော်ငြာ ]

ပင်လယ်ပြာပြာနဲ့ ရေအောက်အလှတွေခံစားရင်း အပန်းဖြေနိုင်မယ့် တာချီလိတ် - ကော့သောင်း- မြင်းခွာကျွန်း ခရီးစဉ်ကို အကောင်းဆုံးဝန်ဆောင်မှု အထူးသက်သာတဲ့ဈေးနှုန်းနဲ့ တာချီလိတ်မြို့ J My King Hotel ကစီစဉ်ထားပါပြီ။

ရေအောက်ဓာတ်ပုံရိုက်ပေးမယ့် အစီအစဉ် အပါအဝင် အထူးအစီအစဉ်တွေပါဝင်တဲ့ ပင်လယ်ခရီးစဉ်မှာ တည်းခိုစားသောက်စရိတ်၊ တာချီလိတ် - ရန်ကုန် - ကော့သောင်း လေယာဉ် စုပေါင်းပေါင်း (၄)ခေါက် စီးခ အပါအဝင် စုစုပေါင်း(၅)ရက်ခရီးစဉ်အတွက် အပြီးအစီးကို ကျပ် (၁၃)သိန်းပဲကျသင့်မှာဖြစ်ပြီး လူဦးရေကန့်သတ်ထားလို့ ဧပြီလ (၁၈)ရက်နေ့ နောက်ဆုံးထားပြီး အောက်မှာ ဖော်ပြထားတဲ့ လိပ်စာကနေ ဖြစ်စေ ဖုန်းနံပါတ်ကနေ ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။

တာချီလိတ်ကနေ ဧပြီလ (၂၃)ရက်နေ့ စတင်ထွက်ခွာပြီး ဧပြီလ (၂၇)ရက်နေ့ ပြန်ရောက်မှာဖြစ်ပါတယ်။

Day 1

ကော့သောင်းမြို့ရဲ့ Day 1 မှာ ကော့သောင်းလေဆိပ်ကနေ မြင်းခွာကျွန်းကို သွားမှာဖြစ်ပြီး Speed boat မောင်းချိန် တစ်နာရီ ကြာမြင့်ပါမယ်။

ကျွန်းမှာ နေ့လယ်စာသုံးဆောင်ပြီးရင် ဒီရေအတက်ကျအခြေအနေအလိုက် အသည်းပုံကျွန်း၊

ဇာဒက်ကြီးကျွန်း၊ ပိရမစ်ကျွန်းများကို Snorkeling ခရီးစဉ် ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

ညစာကိုတော့ ညအိပ်ရပ်နားမယ့် မြင်းခွာကျွန်းမှာ စီစဉ်ပေးထားပါတယ်။

Day 2

Day 2 မှာတော့ စေတန်ကျွန်း(ဆေးတံကျွန်း) ပန်းကျွန်းကမ်းခြေမှာ ရေကစားခြင်း၊ အလှဓာတ်ပုံရိုက်ခြင်း၊ မြင်းခွာကျွန်းမှာ နေ့လယ်စာစားခြင်း၊ ကမ်းခြေတွင် ရေကစားခြင်း၊ Kayak လှေငယ်လှော် ကစားခြင်း၊ view point တောင်ပေါ်တက်ပြီး အလှဓတ်ပုံများရိုက်ခြင်းနဲ့အတူ ညစာကို Seafood BBQ Buffet စီစဉ်ပေးမှာဖြစ်ပါတယ်။

Day 3

Day 3 မှာတော့ ကော့သောင်းမြို့ city tour ခရီးစဉ်အဖြစ် ဘုရင့်နောင်ရုပ်ထု၊ Victoria point အငူ၊ ၅၅၅ တောင်တို့ကို လည်ပတ်ပြီး နေ့လယ်စာကို ရွှေနှင်းဆီ စားသောက်ဆိုင်မှာ စီစဉ်ပေးထားပါတယ်။

နေ့လယ်စာစားပြီးရင် ကော့သောင်းလေဆိပ်ကိုသွားပြီး ကော့သောင်းခရီးစဉ်ကနေ ရန်ကုန်ကို ထွက်ခွာမှာဖြစ်ပါတယ်။

ခရီးစဉ်အတွင်းမှာ ကြည်လင်နေတဲ့ရေအောက်အလှတွေနဲ့ ဓာတ်ပုံရိုက်ပေးမယ့်အစီအစဉ်လည်း ထည့်သွင်းပေးထားလို့ ပျော်ရွှင်မှုတွေ အမှတ်တရမှတ်တမ်းတင်ထားနိုင်မှာဖြစ်ပါတယ်။

လူဦးရေကန့်သတ်ထားလို့ အမြန်ဆုံး စာရင်းပေးမယ်ဆိုရင်တော့ ဖုန်း 095240445 နဲ့ 08451748 တို့ကို ဆက်သွယ်နိုင်သလို တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းအတွင်းမှာရှိတဲ့ J My King Hotel ရဲ့ ကော်ဖီဆိုင်မှာလည်း လာရောက် စုံစမ်းနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ အလှအပဆုံး ကျွန်းတွေဆီ အတူသွားကြစို့...

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net